အပိုင်း (၃၄)

4.6K 564 2
                                    





"အရှင်မင်းကြီး… မင်းသားသုံး ရောက်ကြောင်း သတင်းပို့လာပါတယ်…"

မင်းကြီးဆိုသူက ကုန်နေသည့် သေရည်ခွက်ကို ထပ်ဖြည့်ကာ တစ်ကျိုက်သောက်ကာ မျက်လုံးကို မှေးစဉ်းပြီး သတင်းလာပို့သည့် ကုန်းကုန်းကို အနားသို့လာရန် လက်ယပ်ခေါ်သည်။ ကုန်းကုန်းက ကြောက်ရွံ့သွားသည့် မျက်နှာကို မင်းကြီးမမြင်အောင် ကြမ်းထဲကျွံဝင်မတတ် ငုံ့ထားပြီး တုန်ယင်နေသော ခြေလှမ်းများဖြင့် မင်းကြီးရှိရာ စားပွဲခုံနား လျှောက်သွားသည်။

"မင်းသားသုံးမှာ နဂါးလက်စွပ်ရှိနိုင်မလား… မင်း ပြောကြည့်စမ်း…"

နှဖူးမှ ဖိနပ်ပေါ်သို့ တတောက်တောက် ကျသွားသည့် ချွေးစက်တို့ကို မင်းကြီးမမြင်ပါစေနှင့်ဟု ကုန်းကုန်း ကြိတ်ဆုတောင်းနေမိသည်။

"ကျ… ကျနော်မျိုး အဆင့်နဲ့… အရှင်… အရှင့်အမေးကို ဖြေဖို့ အရမ်းကို ခက်ခဲလွန်းပါတယ်…"

ကုန်းကုန်းက ချက်ချင်းကြမ်းပေါ်ဒူးထောက်ကာ ဦးခေါင်းကို ကြမ်းပြင်ပေါ်သို့ ဒုတ်ဒုတ်မြည်အောင် တိုက်ရင်းဖြေသည်။

"ကျနော်မျိုးကို ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး… ဒီကုန်းကုန်းက မင်းကြီးမျှော်လင့်သလောက် ဥာဏ်ရည်မမြင့်ပါဘူး…."

မင်းကြီးက ထိုင်ခုံပေါ်မတ်မတ်ပြန်ထိုင်လိုက်ကာ သူ့ခြေထောက်နား နှဖူးသွေးထွက်လာအောင် ဦးတိုက်နေသည့် ကုန်းကုန်းကို စိတ်ပျက်စွာကြည့်ပြီး

"မင်းသားသုံးကို ပြောလိုက်… ငါကိုယ်တော် ညစာစားပွဲကို သူနဲ့အတူ တည်ခင်းမယ်…"
ကုန်းကုန်းက ထွက်ပေါက်တွေ့သွားသည့် ကြွက်ကလေးအလား အရှင်မင်းကြီးအား အရိုအသေပြုကာ လှစ်ကနဲ ထွက်သွားတော့သည်။
--------------------------------

အအေးနန်းဆောင်…
နန်းကျမိဘုရားများ၊ ရှင်ဘုရင်၏ အမျက်တော်ရှကာ အပြစ်ပေးခံရသည့် ကြင်ယာတော်၊ မိဘုရားတို့ကို အကျဉ်းချထားရာနေရာ။ အဝေးကနေပင် မြင်ရသည့် အဆောက်အဦးက မြင်သူတို့စိတ်ကို ညစ်နွမ်းစေလောက်သည့် အသွင်အပြင်။ နွမ်းခြောက်နေသည့် မြက်ခင်းနှင့် ပန်းပင်များ၊ ရေတစ်စက်မှ မရှိသည့် ရေတံခွန်တု၊ အမှိုက်၊ ဖုန်သဲတို့က နေရာတကာကို အပိုင်စီးယူထားသည်။ မီးခိုးရောင်နှင့် အနက်ရောင်သာ အများဆုံးလွှမ်းထားသည့် အဆောက်အဦး၏ အရောင်ကို ပတ်ဝန်းကျင်က လိုက်ဖက်ညီအောင် ပံ့ပိုးပေးနေသယောင်ယောင်။
ဟွာရှန့် အအေးနန်းဆောင်ရှေ့ ခြေချမိသည့်နှင့် တံခါးဝကို စောင့်နေကြသည့် အစောင့်နှစ်ဦးက သူ့ကို အရိုအသေပြုကာ တံခါးမကြီးကို ဖွင့်ပေးသည်။ ဒီနန်းဆောင်ကို ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ရင်ဘတ်ထဲမှ လှိုက်တတ်လာသည့် ဒေါသအမျက်တို့ကို ထိန်းချုပ်ရသည်။ အဆောင်တစ်ခု၏အရှေ့တွင် သူ့ခြေထောက်တို့ အလိုလိုရပ်သွားသည်။ တံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်နှင့် ညှင်းသိုးသိုးအနံ့များ လှိုင်ခနဲ နှာခေါင်းကို ကလူကျီစယ်သည်။ အခန်းက မှောင်လွန်းသည်။ ဖယောင်းတိုင်မီးအနည်းငယ်သာ ထွန်းသာသော်လည်း တံခါးအားလုံးပိတ်ထားသည်မို့ အထဲကို သဲကွဲစွာ မမြင်ရ။ ရေငွေ့ရိုက်နေသည့် ကြမ်းပြင်ကို မမြင်ချင်ပေမယ့် မကြည့်မိအောင်သာ ထိန်းထားပြီး အခန်းထဲ ဝင်လိုက်သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now