အပိုင်း (၆၄)

1.9K 276 30
                                    





ကွပ်.. ကွပ်.. ကွပ်… ကွပ်

ရွှစ်….

တောကြက်တစ်ကောင်ကိုပစ်မိသောကြောင့် စစ်သည်တစ်ဦးက သွားကောက်ရန် ဟန်ပြင်သည်။ မို့ရန် ထိုစစ်သည်ကို လက်ဖြင့်လှမ်းဆွဲကာ တိတ်တိတ်နေရန် နှုတ်ခမ်းကို လက်ညှိုးဖြင့် ပိတ်ကာပြသည်။ စစ်သည်က နားမလည်သည့်ပုံစံ ပြသောကြောင့် သူမ တောထဲတစ်နေရာကို လက်ညှိုးညွှန်ပြသည်။ ခြုံနွယ်တို့ကြား ပုန်းခိုနေသည့်လူအချို့ကို တွေ့သွားသည်နှင့် ဘေးဘက်သို့ လှိမ့်ချလိုက်သည်။ ပလူပျံလာသော မြားတို့သည် စောစောက သူမတို့ရှိနေသည့်နေရာ၏ ပင်စည်ကို စိုက်ဝင်သွားသည်။ ခေါင်းထဲ အချက်ပြမီးသံတို့ တဝီဝီမြည်လာသည်။ လျှိုစောင်းအတိုင်း လှိမ့်ချပြီးလွတ်အောင် ကြံနေရသောကြောင့် နာသွားသည့်လက်ဖျံကို စိတ်ဝင်စားမအား။ သူမနှင့်အတူ ပြေးလာသည့် စစ်သည်နှင့် တစ်ယောက်တစ်လမ်းခွဲပြီး ခံတပ်ရှိရာကို ပုန်းရင်းကွယ်ရင်းပြေးရသည်။ ခံတပ်ထဲပြန်ရောက်ချိန်တွင်မတော့ စိတ်ပူနေကြသော မျက်လုံးများက ဆီးကြိုနေသည်။

"ရိန်း…. တော်သေးတာပေါ့…. ကျန်တဲ့သူတွေရော…."

"အစ်ကိုငါး… မကောင်းတော့ဘူး…"

"ဘာဖြစ်ခဲ့လဲ…"

"ကျနော်တို့ကို ပတ်ပတ်လည် ဝိုင်းထားတယ်…. ကျန်တဲ့စစ်သည်တွေ ဘယ်ပြေးကုန်ပြီလဲ မသိဘူး…"

!ရိန်း… မင်းလက်က ဒဏ်ရာကို သွေးတိတ်အောင် အရင်လုပ်ရအောင်…. လာ…"

"ဒါက စိုးရိမ်စရာ မရှိပါဘူး… ကျနော်တို့ အပြင်မှာ ကျန်တဲ့သူတွေ အားလုံး…"

"သူတို့ ပြန်လာမှာပါ… ငါတို့ထပ်တွေ့ဖို့ ကံစပ်ကြဦးမှာပါ…"

"ဒါပေမယ့်… အပြင်မှာ နဂါးနီတပ်က…. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…."

"ငါတို့ ပိတ်မိနေပြီ…."

"ဘယ်လိုလုပ်ကြမလဲ…. အရဲစွန့်ထွက်တိုက်ဖို့က မဖြစ်နိုင်ဘူးလေ… သွားအသေခံတာနဲ့ တူတူပဲ… ကျနော်တို့ ဒီအတိုင်း…."

"အားမလျှော့ပါနဲ့…. စစ်ကူလာမှာပါ…. ငါတို့စောင့်ကြတာပေါ့…"

"ဘယ်တော့လဲ… မလာလောက်ဘူးထင်တယ်… ကျနော်တို့က လူနည်းနည်းလေးပဲကို… လာကယ်ဖို့ စိတ်ထဲရှိပါ့မလား…"

"ငါတို့ စောင့်ကြတာ့ပေါ့ ရိန်း…. ရှိတဲ့အချိန်မှာ အသက်ရှင်နေရတာပဲ… ကံကောင်းလှပြီ…."

တကယ်ပဲ စောင့်ရပါသည်။ ကောင်းကင်က ကြယ်များကို ရေတွက်ရင်း အကူတပ်လာမည့်အချိန်ကို ရေတွက်ပြီး စောင့်သည်။ စားစရာ မရှိတော့သဖြင့် လူလည်း အာဟာရမပြည့်တော့။ ခံတပ်၎ထဲတွင် ရေတွင်းငယ်တူးထားသောကြောင့် သောက်စရာရေအတွက် စိုးရိမ်စရာ မရှိသော်လည်း စားစရာ မရှိသည့်အတွက် အားလုံးသည် နံရံနားကပ်ပြီး မှီသူမှီ၊ လှဲသူလှဲ၊ မည်သူကမျှ စကားလည်း မပြော။ တိတ်ဆိတ်ခြင်းသာ လွန်ကဲစွာကြီးစိုးနေတော့သည်။
နောက်ထပ်သော နှစ်ရက်မြောက်နေ့ မနက်ခင်းစောစောအချိန်တွင် မို့ရန် အိပ်ပျော်နေရာမှ နိုးလာသည်။ သူမလိုပင် အခြားသောသူများလည်း နိုးလာကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး

ကြင်ယာတော် "မို့ရန်"Where stories live. Discover now