အပိုင်း (၇၉)

377 65 7
                                    




ချွေ့ရင်သည် ဖန်းယဲ့နှင့်တွေ့ဆုံပြီးနောက် နန်းတော်သို့ ပြန်လာသည်။ ဖန်းယဲ့မျက်နှာကို မြင်လိုက်သည်နှင့် ဒေါသတို့က အလိပ်လိုက်တက်လာသလို သေဆုံးသွားသည့် မိဘဆွေမျိုးများ၏ပုံရိပ်ကို အလိုလိုမြင်ယောင်လာကာ နှလုံးသွေးအန်မတတ်ပင်။ ဖန်းယဲ့က စစ်သူကြီး၏မေတ္တာကို ရခဲ့ရုံမျှမက ပစားပေးခံနေရသည်ကို တွေ့ရသောအခါ မုန်းတီးမှုက ပိုလို့လာသည်။ မိမိသည် စစ်သူကြီးကောင်းဟွာရှန့်၏ ကြင်ယာတော်တစ်ပါးဖြစ်သော်လည်း အနေအထားက မိုးနဲ့မြေလိုပင်။ စစ်သူကြီးက သူမအတွက် အိမ်တော်တစ်ခုသီးသန့် ချီးမြှင့်ပေးသော်လည်း ထိုခြံဝန်းသည် စစ်သူကြီး၏အိမ်တော်နှင့် တောင်နှင့်မြောက်လို ဝေးကွာသည့်အရပ်တွင်သာ။ နန်းတော်ထဲသို့ မကြာခဏသွားရောက်ပြီး စစ်သူကြီးနှင့် တွေ့ဆုံနိုင်ရန် ဘယ်လောက်ပင်ကြိုးစားပါစေ အနားသို့ အရိပ်သော်မျှ ကပ်ခွင့်မရခဲ့။ မနာလိုစိတ်ဖြင့် ဟွာရှန့်အနားကပ်နိုင်ရအောင်ကြိုးစားရင်းဖြင့် သူမ၏ စပ်စပ်စုစုနိုင်မှုကြောင့် အရှုပ်အထွေးတစ်ခုထဲလည်း အမှတ်မထင်စွာ တစ်စိတ်တစ်ပိုင်း ပါဝင်နေမိခဲ့လျက်သား။
အရှင်မင်းကြီးနှင့် နတ်ဆရာတို့ စစ်သူကြီးနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို သဲသဲမဲမဲ စီမံနေကြသည်လောက်သာ သူမသိလိုက်ရသည်။ ထိုကိစ္စတွင် ဖန်းယဲ့လည်း ပါဝင်ပြီး နောက်ထပ်မည်သည်နှင့်ဆက်နွယ်နေသလဲကိုတော့ မသိရသေး။ အစေခံအချို့ကို ခေါ်ဆောင်ကာ နတ်ဆရာရှီကျောင်း၏ နတ်နန်းသို့ ကောက်ကာငင်ကာ ထသွားလေတော့သည်။ နတ်နန်းဆီရောက်သောအခါ နတ်ဆရာငယ်များက သူမကိုတွေ့သည်နှင့် အရိုအသေပေးကြသည်။

"ကြင်ယာတော်ချွေ့…"

"င့ါကို နတ်ဆရာကြီးဆီ ခေါ်သွားပေး…."

နတ်ဆရာငယ်တစ်ဦး၏ ဦးဆောင်မှုဖြင့် ကောက်ကွေ့သော လမ်းများ၊ အခန်းငယ်များကို ဖြတ်ပြီး ခန်းမကျယ်တစ်ခုစီအရောက်တွင် နတ်ဆရာငယ်က

"ကြင်ယာတော်… ခဏစောင့်ပါ… ကျနော်မျိုး နတ်ဆရာကြီးကို အကြောင်းကြားပေးပါမယ်…"

ရေနွေးကြမ်းတစ်ခွက်ကိုသောက်လို့ ကုန်ခါနီးအချိန်မှာတော့ နတ်ဆရာရှီကျောင်းက သုတ်သုတ်ပြာပြာဖြင့် ခန်းမထဲဝင်လာပြီး ကတိုက်ကရိုက်ပင်

ကြင်ယာတော် "မို့ရန်"Where stories live. Discover now