အပိုင်း (၁၇)

6.6K 797 9
                                    



မို့ရန် သူမရဲ့ခေတ်ကာလကို ပြန်ရောက်သည်နှင့် သူမ ရှောင်ဖေးကို အဆက်အသွယ်လုပ်ရသည်။ ဖုန်းဆိုင်သို့သွားကာ ဖုန်းအသစ်ဝယ်ပြီး ရင်းနှီးနေသည့် နံပါတ်အချို့ကို နှိပ်လိုက်သည်။ တူခနဲ ဖုန်းဝင်သံကြားပြီးနောက် တော်ရုံနှင့် ဖုန်းမကိုင်။ နောက်တစ်ကြိမ် ပြန်ခေါ်တော့မှ ဖုန်းကိုင်လာသည်။


"ဟဲလို… အမိန့်ရှိပါ…"


"ရှောင်ဖေး… ငါ… မို့ရန်…"

"အမလေး… နင် နင် ဘယ်လိုလုပ်ပြီး… မို့ရန်… တကယ်ပဲလား…"

"ငါ အစစ်ပါအေ… ရုံးဆင်းရင် င့ါဆီလာခဲ့ပါလား… အဲ့တော့မှ ပြောကြတာပေါ့…"

"အေး.. အေး… ငါ လာခဲ့မယ်… နင့်အိမ်ဆီ လာခဲ့မယ်…"

ဖုန်းချလိုက်ပြီးနောက် ဆိုင်ထဲကနေ ထွက်ခဲ့သည်။ အားရှီ… ဘယ်ရောက်သွားပါလိမ့်….!


ကားတစ်စီးဘေးနားတွင် လေးဘက်ထောက်ကာ ကုန်းကုန်းကွကွဖြင့် ကားအောက်ကိုချောင်းနေသော အားရှီကို တွေ့တော့ သူမ မျက်လုံးပြူးသွားမိသည်။ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်ကာ အားရှီကို ခေါ်ရန် ပြင်လိုက်စဉ် အမျိုးသားတစ်ဦးက သူမထက်အရင် ရောက်လာပြီး


"ဟေ့… ကောင်မလေး… ငါ့ကားအောက်မှာ ဘာရှာနေတာလဲ… ကားဘေးနားကနေ ဖယ်ပါ…"

"ဟမ်… ကား… ဟုတ်.. ဖယ်ပေးပါ့မယ်…"


ကားပိုင်ရှင် အမျိုးသားက အားရှီကို ပြောပြီး ကားပေါ်တက် မောင်းထွက်သွားသည်။ မို့ရန် အားရှီအနား အမြန်သွားလိုက်ပြီး


"အားရှီ… ဘာဖြစ်လို့လဲ… သူများကားအောက်မှာ ဘာရှိလို့လဲ…"


"မမလေး… ဒီလှည်းက လှတယ်… မြန်နေတာပဲနော်… ပြီးတော့ မြင်းကို သူတို့ဘယ်နား ဖွက်ထားတာလဲ… အားရှီ လိုက်ရှာနေတာ… မတွေ့ဘူး…"


ဖြစ်ရလေ ဟုသာ မြည်တမ်းနိုင်တော့သည်။ အားရှီ၏ စပ်စုချက်သည် သူမကို အာပေါက်စေသည်။ ဘာမှ မသိသည့် ကလေးလေးလိုပင်။


"ငါ့နင့်ကို နောက်တော့မှ ရှင်းပြမယ်… အခုတော့ အိမ်ပြန်ရအောင်… ဟုတ်ပြီလား…"


ညနေစောင်းတော့ ရှောင်ဖေးရောက်လာပြီး သူမကိုမြင်သည်နှင့် တစ်ဦးကို တစ်ဦးဖက်ပြီး ငိုကြသည်။ သူမလည်း တစ်သက်လုံး ပြန်မတွေ့တော့ဟု မှတ်ထားသည် မဟုတ်ပါလား။ ရှောင်ဖေးက သူမကို သေပြီဟုထင်ထားသည်။ သူတို့တစ်ဖွဲ့လုံးက သူမကို ရှာကြသေးသည်။ နယ်မြေခံရဲတို့နှင့်လည်း လိုက်ရှာပေမယ့် တစ်လလောက်ကြာသည်အထိ ရှာမတွေ့တော့ လက်လျှော့လိုက်ကြသည်။ ပြီးတော့ မို့ရန်ကလည်း သူမကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြသည်။ လူသတ်ခဲ့သည့် ကိစ္စကိုတော့ စိတ်မလုံသဖြင့် မပြောဖြစ်ခဲ့။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now