"အစ်မယဲ့… ဘာလို့ဒီကိုလာတာလဲ…"
"တို့မင်းကို လာကြည့်ချင်လို့… ဒီမှာ မင်းကြိုက်တဲ့ဟင်းတွေ ချက်လာတယ်… မအေးခင် စားလိုက်ရအောင်…"
"ဟင့်အင်း… ကျနော် မစားချင်ဘူး အစ်မယဲ့…."
"မင်းမစားလို့မဖြစ်ဘူးလေ… ဒီလိုပဲနေသွားတော့မှာလား…."
"ကျနော်တကယ်မစားချင်လို့ပါ… အစ်မဘာလို့ဒီကို လာတာလဲ…. စစ်သူကြီးသိရင် မိုးမီးလောင်နေဦးမယ်… မြန်မြန်ပြန်ပါတော့…."
"ဒါက သူမပြောလောက်ပါဘူး… တို့ တိတ်တိတ်လေး ခိုးလာတာ…"
"အာ… အဲဒါက မလုပ်ပါနဲ့… အစ်မ မြန်မြန်ပြန်… ကျနော်က…"
"ရန်ရန်… တို့မင်းကို ပြောစရာရှိတယ်… မင်း ယုတ္တိရှိတာ မရှိတာကိုတော့ မင်းဆုံးဖြတ်လို့ရတယ်… မင်း နားထောင်ကြည့်မလား…"
"နားထောင်ပြီးရင် အစ်မပြန်မှာလား…. ဒါဆိုနားထောင်မယ်…"
"ပြောရခက်တဲ့ ကောင်မလေးပဲ… ကောင်းပြီ… တို့ပြောမယ်… မင်း အောက်လမ်းပညာတွေကို ယုံလား…"
"အောက်လမ်းပညာ…. မှော်နက်ကို ပြောတာမဟုတ်လား…. ယုံတမ်းပုံပြင်တွေကိုတော့ ကျနော်ကြားဖူးတယ်… ဒါပေမယ့် တခါမှ မမြင်ဖူး…."
မို့ရန် ပြောရင်းနှင့် သူမကိုယ်တိုင် မီးငှက်အသွင်ပြောင်းကာ မြင်မြင်သမျှကို မီးရှို့ခဲ့သည့် အဖြစ်အပျက်တို့ကို ပြေးမြင်မိသွားသည်။ ဆက်မပြောတော့ချေ။ မို့ရန်တိတ်သွားတော့ ဖန်းယဲ့ပြုံးမိသည်။
"ကောင်းပြီ… မင်းသိလား… တို့ အိမ်ခြေမရှိခင် လေလွင့်နေတုန်း တို့ကို လူတစ်ယောက်က အဲဒီပညာကို သင်ပေးဖူးတယ်… အရမ်းကြီးမတတ်ပေမယ့် အတော်အတန်လောက်တော့ တတ်ခဲ့တယ်ဆိုပါတော့… မင်း ကြည့်ချင်လား…"
"အစ်မယဲ့…. ဘာဖြစ်လို့ ကျနော့်ကို ဒီလိုမေး… ဟင်………"
မျက်တစ်မှိတ်အတွင်းမှာပင် သူမရှေ့ထိုင်နေသော ဖန်းယဲ့၏ ပြောင်းလဲသွားသောပုံစံကြောင့် မို့ရန် လန့်သွားသည်။ သူမကိုယ်သူမ မှန်ရှေ့တွင် ထိုင်နေသည့်အလား ဖန်းယဲ့က သူမ၏ မျက်နှာ၊ ဝတ်ထားသည့် အဝတ်အစားကအစ ပြုံးနေပုံကအဆုံး ခွဲမရအောင်တူလွန်းသည့် အမွှာတွေအလား ထိုင်နေသည်။
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)