♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 2 ♡︎

11K 1.1K 393
                                    

Unicode ✅

-Mg-

ခြံထဲကဒန်းမှာထိုင်ပြီး၊ စာအုပ်လေးဖတ်ကာ၊ မောင့်အလာကိုစောင့်နေလိုက်တယ်။ မောင်ဟာအချိန်ကို၊ မလေးစားလေသလား။ ဒါမှမဟုတ်သူကပဲ၊ သက်သက်မဲ့မျှော်နေမိလေသလား။ ၉နာရီထိုးတာတောင်၊ မောင်ဟာသူ့ရှေ့ပေါ်မလာခဲ့ပါ...။

ဒီမနက်ကျမှပဲ၊ ဖတ်လက်စစာအုပ်လေးဟာ၊ အသက်မဲ့နေသလို၊ စိတ်ထည့်ပြီးဖတ်လို့ကိုမရ။ ဘာဖြစ်နေတာလဲ၊ ကိုယ့််ကိုယ်ကိုပြန်မေးတော့၊ စိတ်အလိုမကျသလို၊ မနက်စောစောစီးစီး၊ စိတ်ရှုပ်နေမိတယ်။ ဒီပြဿနာရဲ့အရင်းမြစ်က၊ မောင်ဆိုတဲ့ Kim Taehyungကြောင့်သာ...။

Jungkookတယောက်၊ လက်ထဲကစာအုပ်ဆီ၊ စိတ်မရောက်နိုင်။ နာရီကိုကြည့်လိုက်၊ ခြံပြင်ကိုကြည့်လိုက်နှင့်၊ Taehyungလာကြိုမယ့်ချိန်ကိုသာ၊ တမျှော်မျှော်ဖြစ်နေလေရဲ့...။

ခဏကြာတော့၊ ခြံထဲကို၀င်လာတဲ့၊ မိုးပြာရောင်ကားလေးကြောင့်၊ သူအလိုလိုမတ်တပ်ရပ်ပြီးသား။ ဒါဟာမောင့်ကားမဟုတ်လား။ နောက်ဆုံးတော့၊ မောင်ရောက်လာပြီပေါ့။ သို့သော် ချက်ချင်းဆိုသလို၊ Jungkookမျက်နှာလေး၊ ဆက်မပြုံးနိုင်တော့...။

Taehyungတယောက်၊ ကားပေါ်ကဆင်းလာပြီး၊ တဖတ်ခန်းက၊ ကားတံခါးကိုဖွင့်ပေးလေတယ်။ ခဏကြာတော့၊ ကားပေါ်က မိန်းမလှလေးတယောက်၊ ဆင်းလာလေသည်...။

"ဂျွန်~ စောင့်နေတာကြာသွားပြီလား"

သူ့ဆံပင်တွေကိုထိုးဖွပြီး၊ ပြောလာတဲ့ မောင့်အမေးကို၊ ခေါင်းသာခါပြလိုက်တယ်။ မကြိုက်ပါ။ ဆံပင်တွေကိုထိုးဖွပြီး၊ သူ့ကိုကလေးတယောက်လို၊ ဆက်ဆံတက်တဲ့၊ မောင့်အပြုအမှုတွေကို၊ သူသဘောမကျပါ...။

သူမေးတာကို၊ ခေါင်းတချက်သာခါပြကာ၊ ဒန်းမှာပြန်ထိုင်ပြီး၊ ဖတ်လက်စစာအုပ်ကိုပြန်ဖတ်နေတဲ့၊ Jungkookကြောင့်၊ Taehyung မျက်နှာကွက်ခနဲ။ အခုဒီကောင်လေး သူ့ကိုဥပေက္ခာပြုလိုက်တာလား...။

"Yoona အိမ်ထဲ၀င်နှင့်၊ ကိုယ်ဂျွန်နဲ့ စကားပြောလိုက်အုံးမယ်"

"အင်း ယောင်း၊ Yoon အန်တီဆီ သွားလိုက်အုံးမယ်"

ယောင်းဆိုပဲ၊ အဟက် ခင်ဗျားနဲ့တတော်လေး၊ ရင်းနှီးတယ်ထင်ပါရဲ့။ အတွေးနှင့်ထပ်တူ၊ မဲ့ပြုံးဟာမျက်နှာမှာထင်းခနဲ။ ဒီိလိုပဲ တခုခုဆို ဟန်မဆောင်တက်တဲ့၊ Jeon Jungkookရဲ့အကျင့်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now