𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 14 [𝑾𝒂𝒓𝒏𝒊𝒏𝒈]

13.8K 1K 266
                                    

Unicode ✅

-Mg-

ဂျွန့်ကိုယ်ငယ်လေးအား မွေ့ယာပေါ်အသာလေးချပေးလိုက်ပြီး အပေါ်ကနေအုပ်မိုးလိုက်တော့၊ သူ့အားမျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့ ကြည့်လာတဲ့ဂျွန်...။

"ဂျွန်~...မောင့်ကိုကြည့်"

သူပြောလိုက်တော့ သူ့မျက်နှာအား မရဲတရဲလေးကြည့်လာတဲ့ဂျွန်ဟာ၊ မီးရောင်ဖျော့ဖျော့လေးအောက်မှာ၊ ပါးကလေးနှစ်ဖက်ကိုရဲလို့။ ချစ်စရာကောင်းလွန်းတဲ့ ဂျွန်ဟာသူ့အပိုင်ပါဆိုတာ၊ သူအခုထိမယုံနိုင်သေး...။

"ဂျွန်~...မောင်ပြောစရာရှိတယ်"

"ဟင်...ပြောလေမောင်"

မောင်ကိုကြည့်ရတာ တခုခုကိုကြောက်နေသလို၊ သူ့ဆံနွယ်တွေကိုသပ်တင်ပေးရင်း၊ သက်ပြင်းခပ်တိုးတိုးချသံလည်း သူကြားဖြစ်အောင်ကြားပါသည်။ မောင်ဘာတွေများ စိုးရိမ်နေရသလဲ။ သူတကယ်သိချင်မိပါသည်...။

"မောင်တို့အိမ်ထောင်သက်တမ်း လေးလလည်းကျော်ပြီ၊ မောင်ဒီစကားကို အကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားပေမယ့်၊ ဂျွန်အဆင်သင့်မဖြစ်သေးတာ မောင်သိတယ်၊ ဒါပေမယ့် ဒီနေ့တော့ မောင်မင်းသိအောင်ဖွင့်ပြောချင်တယ်"

မောင်ဘာကိုဆိုလိုနေသလဲ သူကောင်းကောင်းရိပ်မိပါသည်။ အကယ်၍များ မောင်သာဖွင့်ပြောလာရင်၊ မောင့်အတွက်တိကျတဲ့အဖြေ မပေးနိုင်မှာကို သူစိုးရိမ်နေခဲ့တာကြောင့်၊ အမြဲတမ်းရှောင်ဖယ်ခဲ့ခြင်းဖြစ်သည်...။

"ဂျွန်မောင့်ကိုကြည့်ပြီး၊ မောင်ပြောတာကို သေချာနားထောင်ပေးပါ၊ မောင်လေ...မောင်မင်းကိုချစ်တယ်ဂျွန်~"

"မောင်~...."

"မောင်မင်းကို စတွေ့ထဲကသဘောကျခဲ့တာ၊ အဲ့ဒါကိုအချစ်လို့မောင် မသတ်မှတ်ခဲ့ဘူးဂျွန်၊ ဒါပေမယ့် အချိန်ကြာလေ၊ မောင်မင်းကို ပိုပြီးမြတ်နိုးလာမိတယ်၊ ပိုပြီးပိုင်ဆိုင်ချင်လာမိတယ်၊ မောင်သိလိုက်တာတခု မောင်မင်းကိုနှစ်နှစ်ကာကာ ချစ်နေမိတာပဲဂျွန်~..."

ချက်ချင်းဆိုသလို ထလာကာ၊ သူ့ရင်ခွင်ထဲ၀င်လာတဲ့ဂျွန်ကြောင့်၊ သူလည်းအသာလေး ပြန်ဖက်ထားလိုက်တယ်။ ဂျွန့်ဆီကအဖြေကို သူမမျှော်လင့်ရဲပါ။ ဂျွန်ဟာသိပ်ကို နားလည်ရခက်သလို။ သူ့ကိုချစ်ပုံလည်းမပေါ်တာ သူသိပါသည်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now