♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 21 ♡︎

9.5K 932 366
                                    

Unicode ✅

-Mg-

ချစ်ခြင်းတရားကမောင်။
ကိုယ့်ရဲ့ဖြစ်တည်မှုကလည်းမောင်။
မောင်ဆိုသည့် လ၀န်းငယ်သည်သာ သူ့ရဲ့ကမ္ဘာငယ်။

"ဂျွန်"

သူလာတော့ ရေးလက်စ စာအုပ်ကိုကောက်ပိတ်ကာ၊ အနောက်မှာဖွက်လိုက်တဲ့ ဂျွန်ကြောင့်၊ သူစိတ်ထဲဘ၀င်မကျ။ ဘာစာမို့လို့ ဂျွန်ကဖွက်ပြစ်တာလဲ။ သူအသိမခံနိုင်ရအောင် ဘာတွေရေးထားလို့လဲ...။

"ဘာလို့ဖွက်လိုက်တာလဲ ဂျွန်"

"ဟိုလေ...ဘာလဲ၊ မောင်ကကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာကို ဘာလို့သိချင်ရတာလဲ"

သူလည်းအလွတ်ရုန်းဖို့အတွက် ပါးစပ်ထဲရှိရာပြောပြစ်လိုက်တော့ မောင်ကသူ့ကိုတချက်ကြည့်တယ်။ ထို့နောက် သူ့ခုံပေါ်ကိုကော်ဖီတခွက်ချပေးပြီး၊ လသာဆောင်ဘက်ထွက်သွားလေတယ်...။

ဘာလဲ။ မောင်ကသူ့ကိုစိတ်ကောက်သွားတာများလား။ သူပြောတာလွန်သွားလို့လား။ သူ့စကားထဲ ဘာအမှားမှမပါတာ။
သူလည်း မောင့်ကိုလျစ်လျူရှု့ထားရင်း ဖွက်ထားတဲ့စာအုပ်လေးအားထုတ်ကာ၊ စာကြောင်းတချို့ထပ်ရေးလိုက်တယ်...။

မောင့်ကိုချစ်တယ်။
မဟုတ်ဘူး။ မြတ်နိုးတာ။
ချစ်ခြင်းတရားထက် မောင်ဆိုတာကျွန်တော်ရဲ့မြတ်နိုးရာ။
မောင်ဆိုတဲ့ ကောပတ်ရုံလေးက ကျွန်တော်ရဲ့အပိုင်။
ကျွန်တော်တယောက်ထဲရဲ့အပိုင်။
ကမ္ဘာမြေကြီးတခုလုံးကြားအောင် အော်ပြောလိုက်မယ်။
မောင့်ကိုအသက်တသမျှ ချစ်မြတ်နိုးတဲ့အကြောင်းတွေ။

စာကြောင်းတကြောင်း ချရေးလိုက်တိုင်း၊ သူ့ပြုံးနေမိသည်မှာအကြိမ်ကြိမ်။ မောင်နဲ့ပတ်သတ်လာရင် မောင့်ကို မည်မျှချစ်တဲ့အကြောင်း ဖွဲ့နွဲ့လို့ကုန်မည်မထင်။ ကိုယ်ချရေးလိုက်တဲ့ စာကြောင်းတိုင်းမှာ မောင်ဆိုတာမပါမဖြစ် နိဒါန်းလေး...။

ရေးပြီးချိန်မှာတော့ ဒိုင်ယာရီ စာအုပ်လေးအား ပိတ်လိုက်ပြီး မောင့်ကိုလှမ်းကြည့်တော့ မောင့်ကျောပြင်နဲ့အတူ လသာဆောင်မှာ ထွက်နေတဲ့ မီးခိုးငွေ့ယေးယေးလေးတွေ။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now