♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 24 ♡︎

9.6K 857 412
                                    

Unicode ✅

-Mg-

အခုဆိုသူနဲ့မောင်လည်း ကလေးအူကြူးလေး ရောက်လာဖို့အတွက် အစ"အရာ" ဂရုစိုက်ပြီး ဆေးလည်းပုံမှန်သောက်ဖြစ်သည်။ မောင်ကတော့ သူ့ကိုလိုလေသေးမရှိ သေး"လေးကအစ ဂရုစိုက်ပေးတာမို့ သူ့ဘာမှသိပ်မလုပ်ရပေ...။

"မောင်ရေ..."

"အသဲခဏစောင့်၊ မောင်ဒီမှာပန်ကန်ထဲထည့်နေပြီ"

"ဗိုက်ဆာနေပြီလို့"

ဧည့်ခန်းထဲက ဆူအောင့်"အသံလေးကြောင့် သူပြုံးမိပါရဲ့။ အခုတလော ဂျွန်ကအစားအတော်လေးစားလာတယ်။ ဆရာဝန်ကတော့ပြောတယ်။ ကိုယ်ဝန်ဆောင် ဆေးတွေကြောင့် သူဓာတ်ကျတာ စားလိမ့်မယ်တဲ့။ ဒါကြောင့်သူကလည်း ဂျွန်စားချင်တာမှန်သမျှ ဒိုင်းခံဝယ်ကျွေးရလေသည်...။

"ရပါပြီခဗျ"

ပန်ကန်ထဲက သရက်သီးမှည့်ဝါ"လေးတွေကို အရောင်တလတ်"နဲ့ကြည့်နေတဲ့ မောင့်အသဲရယ်ပါ။ ပန်ကန်အား ခုံပေါ်တင်လိုက်ပြီး သူလည်းဂျွန့်ဘေးမှာဝင်ထိုင်လိုက်တယ်...။

"ကဲ မောင့်အသဲစားချင်တဲ့ သရက်သီး"

"ဟီး မောင်ခွံ့ကျွေးပါ"

သူ့လက်မောင်းတွေကို လက်သေး"လေးတွေနဲ့ တွယ်ခိုလာပြီး ချစ်စရာကောင်းအောင် ပူဆာပြန်ပါသည်။

"ဟုတ်ပါပြီခဗျ ခွံကျွေးပါ့မယ်"

သရက်သီးပန်ကန်ကိုယူပြီး သူ့အားခွံ့ကျွေးလာတဲ့မောင်။ မောင်ကသူနဲ့ပတ်သတ်ရင် သေး"လေးတောင် ဂရုတစိုက်ရှိလေတယ်။ အခုပဲကြည့် သရက်သီးကိုတောင်အခွံခွာပြီး သေချာလေးစိတ်ထားတာ။ ပြီးတော့လည်း စိတ်ရှည်လက်ရှည်နဲ့ ခွံ့ကျွေးနေသေးတာ...။

"စားကောင်းလား မောင့်အသဲ"

"ကောင်းကောင်း"

လက်မသေး"လေးကိုထောင်ပြပြီး သရက်သီးအား တမြုံ"ဝါးနေတဲ့ မောင့်အသဲလေးရယ်ပါ။

"မောင်"

"ဗျား"

"ခွံ့အုံး"

သူထပ်ပြိီးခွံ့ပေးလိုက်တော့ တမြုံ"ထပ်ဝါးရင်း စကားဆက်လေတယ်။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now