~ For Daisy Nge ~

7.7K 636 213
                                    

Unicode ✅

-Mg- { လက်ဆောင် }

အိတ်ထဲပစ္စည်းတွေ တခုပြီးတခုသေချာထည့်နေတဲ့ဂျွန့်ရဲ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ Kim Junghyungလေးပင်။ ကုတင်ပေါ်မှာ ခြေထောက်လေးတွေ လွှဲပြီးဆော့ကာ အကျ••တွေထည့်နေတဲ့သူ့ပါးပါးအား ကြည့်ပြီး ယောင်းငယ်လေး အကြီးကြီးကို ပျော်နေပါရော။

"ပါးပါး"

"ဗျား ယောင်းငယ်လေး ပျင်းနေပြီလား"

"ယောင်းယောင်းပျင်းပါဘူး၊ ပါးပါးကို ဘာကူရမလဲကြည့်နေတာ"

ယောင်းငယ်လေးကစကားကြောင့် ဂျွန်ကခပ်ယေးယေးလေးပြုံးလေတယ်။ သားလေးက တကယ့်ကိုသိတက်တဲ့ အလိမ်မာတုံးလေးမို့ သူနဲ့မောင်မှာ သားလေးကိုချစ်လို့တောင်မဝပေ။

"ကဲ ပြီးပြီ၊ အကုန်ထည့်ပြီးပြီ"

"ဒါဆို ယောင်းယောင်း သွားတော့မယ်နော် ပါးပါး"

"ဟုတ်ပါပြီဗျား"

ယောင်းငယ်လေးထွက်သွားတော့မှ သူလည်း အိတ်ကိုသေချာ ကုတင်ပေါ်ချထားလိုက်ပြီး သူလိမ်းဖို့ Cosmetic ပစ္စည်းနည်း"ကိုထပ်ပြီး အိတ်တလုံးနဲ့ ထပ်ထည့်နေလိုက်သည်။

ရုတ်တရက်ဆို ပါးပြင်ပေါ်ကိုရောက်လာတဲ့ အနမ်းတပွင့်နဲ့အတူ နှားခေါင်းဝသို့ကျီးဆယ်လာတဲ့ ရေမွှေးနံ့ခပ်ပြင်းပြင်း။ ဘယ်သူလဲဆိုတာ သူလှည့်ကြည့်စရာမလို။ သူ့ကိုဒီလိုနူး"ညံ့"ဆက်ဆံတက်သူမှာ မောင်ကလွဲလို့ မည်သူတဦးတယောက်မှမရှိတာမို့ပင်။

"မောင်"

"အဆင်သင့်ဖြစ်ပြီး ဂျွန်"

"အင်း အကုန်အဆင်သင့်ပဲ"

နောက်တော့မောင်ကသူ့ကို မောင့်ဘက်ပါအောင် လှည့်လိုက်ပြီး သူ့ပါးနှစ်ဖက်ကို ခပ်ဖွဖွလေးဆွဲလေတယ်။ မောင်ကတော့ အခုချိန်ထိ သူ့ကိုဆိုကလေးတယောက်လို ဆက်ဆံတုံး။ လက်မထပ်ခင်အချိန်က သူ့ကိုကလေးလိုမဆက်ဆံဖို့ မောင်နဲ့စကားများဖူးတာကို သတိရတော့ သူပြုံးမိပါရဲ့။

"မောင့်အသည်း မောသွားပြီလား"

"ဒီလောက်လေးက မောတယ်လို့မခေါ်ပါဘူးမောင်ရယ်"

You've reached the end of published parts.

⏰ Last updated: Apr 10, 2022 ⏰

Add this story to your Library to get notified about new parts!

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now