♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 26 ♡︎

8.4K 791 171
                                    

Unicode ✅

-Mg-

"ဦးငယ် ကျွန်တော်အပေါ်လုပ်ရက်တယ်"

ခပ်တိုးတိုး ပက်ကွဲအက်နေတဲ့အသံနဲ့အတူ သူ့အရှေ့ကနေ ထွက်သွားတဲ့ကလေး။ သူလိုက်မခေါ်မိသလို။ ရှင်းလည်းမရှင်းပြချင်ပါ။ ကလေးသူ့ကိုစိတ်ဆိုးလည်း ခဏပေါ့...။

အခန်းထဲရောက်တာနဲ့ တံခါးအားပိတ်ထားလိုက်ပြီး ခေါင်းအုံးမျက်နှာအပ်ကာ ရှုံ့ပွဲချငိုမိသည်။ ဦးငယ်သူ့အပေါ် ဒီလိုမလုပ်ရက်ပါဘူးလို့ သူတွေးထားခဲ့တာ။ ဦးငယ်ကို သူယုံ"ကြည်" အရာအားလုံးပုံအောပြီးချစ်ခဲ့တာ။ ဘာလို့လဲ။ ဘာလို့ ဦးငယ်ကသူ့အပေါ်ဒီလိုလုပ်ရက်တာလဲ...။

"အဟင့် ဟင့်"

သူ့အတွေးတွေဟာ ချာချာလည်နေပြီ။ ဘယ်ဟာအမှား။ ဘယ်ဟာအမှန်လဲ။ မတွေးတောနိုင်တဲ့အထိ သူ့အတွေးတွေက သူ့ကိုနိုင်စားနေတာမို့ သူငိုယုံကလွဲလို့ ဘာမှမတက်နိုင်။

ကိုယ်က ယောကျာ်းတယောက်ဖြစ်နေလို့လား။ မိန်းမတယောက်နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်တွေ ဦးငယ်ခံစားတက်နေပြီလား။ ယောကျာ်းတယောက်ဖြစ်နေတဲ့ သူ့ရဲ့ဖြစ်တည်မှုကို ရိုးအီသွားလေပြီလား။ ထို့သို့သော်အတွေးတွေအား သူ့ကိုရူးစေနိုင်သည်...။

"ဟင့် မုန်းတယ်၊ ဦးငယ်ကို မုန်းတယ်"

မုန်းတယ်လို့ အကြိမ်ကြိမ်ပြောနေမိပေမယ့်လည်း လက်တွေ့မှာမမုန်းနိုင်။ ဥိီးငယ်သူ့အပေါ် စိတ်ပျက်သွားပြီလားဟု တွေးမိပြန်တော့ ရင်တွေနာရပြန်ပါသည်။

"ဟင့်...ဟင့်"

သူငိုနေတဲ့အချိန်တွေကြာလေသော်လည်း ဦးငယ်သူ့ဆီရောက်မလာခဲ့။ နည်း"လေးတောင် မရှင်းပြချင်ဘူး။ ဦးငယ်ဒီလိုမလုပ်ရက်ပါဘူးလို့ မုသားသုံးပြီး ရှင်းပြလာရင်တောင်၊ သူကျေ"နပ်"ကြီးနဲ့ကို ခွင့်လွှတ်ပေးမိမှာ...။

တကယ်ပဲ။ သူ့အပေါ်ရိုးအီသွားတာလား။

"ဟင့်...ဦးငယ်ကျွန်တော်ကိုမချစ်ပါဘူး"

သူ့စကားအသံအဆုံး တိခနဲပျက်သွားတဲ့မီး။ အမှောင်ကြောက်တက်တဲ့ သူ့အဖို့တော့ ဒီအခန်းကြီးထံ ဆက်မနေချင်။ ဒါပေမဲ့ အခန်းထဲကထွက်ဖို့လည်းအားမရှိ။ ဒူးခေါင်းပေါ်ခေါင်းတင်ကာ ကြုတ်"လေးထိုင်ရင်း ထပ်ငိုမိပါသည်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now