♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 18 ♡︎

8.1K 919 341
                                    

Unicod ✅

-Mg-

ဆေးစာရွက်အားကိုင်ရင် အငြိမ်မနေတဲ့ ဘေးကမောင့်အသဲကိုကြည့်ပြီး ဘယ်လောက်တောင်ရင်ခုန်နေလိုက်မလဲ။ သူလည်းရင်ခုန်ပါ၏။ ဆရာ၀န်ကြီးသာ တခုခုပြောလိုက်ရင်ဂျွန်အတော်လေး စိတ်ထိခိုက်မှာအသေအချာ...။

"အဆင်ပြေရဲ့လား ဒေါက်တာ"

"အကုန်ပြေပါတယ်၊ ဒါပေမယ့် တခုတော့ရှိတယ်"

"ဘာများလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

စိုးရိမ်သလိုပြန်မေးနေတဲ့ ဂျွန့်ရဲ့လက်ကလေးတွေအား သူဖွဖွလေးကိုင်ထားရင်၊ ဒေါက်တာအဖြေအား စောင့်နေမိသည်။

"ကိုယ်၀န်ဆောင်နိုင်ဖို့ သောက်ရမယ့်ဆေးတွေက အရမ်းပြင်းတယ်၊ ဒီတော့ လူနာရဲ့ကျန်းမာရေးထိခိုက်မှာ ကျွန်တော်စိတ်ပူတယ်၊ ဘာလို့လဲဆိုတော့ လူနာကကိုယ်ခံအားနည်းတယ်လေ၊ ဆေးတွေရဲ့ဆိုးကျိုးကို မခံနိုင်မှာစိတ်ပူမိတယ်"

"ဒါဆို...ဂျွန်အတွက်စိုးရိမ်ရတယ်လို့ ဒေါက်တာပြောချင်တာလား"

"60%လောက်ပေါ့၊ အစာပုံမှန်စားပြိီး ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ခန်းပုံမှန်လေးလုပ်စေချင်တယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ၊ ကျွန်တော်တို့ ကလေးယူဖို့အတွက် ထပ်ပြီးတိုင်ပင်လိုက်ပါအုံးမယ်"

"မောင်..."

"ဂျွန်ငြိမ်ငြိမ်လေးနေပေးပါ၊ ဘာမှဝင်မပြောပါနဲ့"

မောင့်စကားကြောင့် သူဘာမှဆက်မပြောပေမယ့်၊ မောင်နဲ့ဒေါက်တာပြောနေတာတွေ သူကြားတချက်၊ မကြားတချက်သာ။ စောနကမောင်ပြောလိုက်တဲ့ "ကလေးယူဖို့ ပြန်တိုင်ပင်အုံးမယ်" ဆိုတဲ့စကားသာ၊ သူကြားယောင်နေမိသည်...။

အကယ်၍ မောင်သာဒိီကလေးကို မယူခိုင်းခဲ့ရင်၊ သူအတော်လေး ၀မ်းနည်းမိမှာအမှန်။ ဒီကလေးကိုလိုချင်လွန်းလို့၊ အပင်ပန်းခံပြီး ဆေးစစ်ချက် အဆင့်ဆင့်ကိုတောင်လုပ်ခဲ့ပြီးပြီ၊ ဒီထိရောက်လာမှ မောင်ဘာလို့လက်လျှော့ချင်လဲ သူတကယ်မတွေးတက်တော့ပေ...။

ဆေးရုံကပြန်လာတဲ့တလမ်းလုံး သူမောင့်ကိုစကားမပြောမိပါ။ မပြောချင်တာဆိုပိုမှန်လေမလား။ သူမောင့်ကြောင့် ဒီတခါတော့ အတော်လေးစိတ်ကသိကအောက်ဖြစ်ရပါသည်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now