♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 12 ♡︎

8.4K 978 99
                                    

Unicode ✅

-Mg-

မီးရောင်စုံတွေကြား ဖွင့်ထားတဲ့ DJ အသံတွေကြားမှာ၊ Jimin တို့အဖွဲ့လည်း အတော်လေးကောင်းနေရဲ့။ သောက်လိုက်၊ ကလိုက်နဲ့၊ ရှိသမျှခံစားချက်တွေအကုန် လွှတ်ချကာ၊ Kaiတို့နဲ့ ပျော်စရာတွေဖန်တီးရင်း မူးမှန်းမသိမူးနေတော့သည်...။

"မောင်~ Jiminieတတော်မူးနေပြီ"

"လွှတ်ထားလိုက်ပါဂျွန်ရယ်၊ အခုလိုမူးနေတော့ သူခံစားရတာတွေသက်သာတာပေါ့"

"အဲ့ဒါလည်းဟုတ်ပါတယ်လေ"

ထို့နောက် အရက်ပုလင်းထဲက အရက်တချို့အား ဖန်ခွက်ထဲထည့်ကာ အရသာခံသောက်နေပြန်တဲ့ မောင့်အချစ်ကလေး။ ဂျွန်ဟာ တကယ့်ကိုအရက်ကျိုးလေး။ Alcohol မြင်ရင်ကိုမနေနိုင်။ Jiminကိုမူးတယ်ပြောပြီး၊ သူရောဘာထူးတာကျလို့...။

"ဂျွန်~ အများကြီးမသောက်နဲ့"

"မရဖူး၊ ဒီညအ၀သောက်မယ်"

"အဲ့လိုမရဖူးလေ အဆိုးလေးရဲ့"

နှာခေါင်းလုံးလုံးလေးကို အသာလေးဆွဲပြီးပြောလိုက်တော့၊ ယုန်သွားလေးတွေပေါ်အောင် ရယ်ပြပြီး၊ သူ့ရင်ခွင်ထဲ၀င်လာတဲ့ မောင့်အချစ်ကလေး။ သူသိတာပေါ့။ မူးနေလို့သာ အခုလိုကပ်ချွဲနေတာ။ ပုံမှန်တိုင်းဆို ဂျွန်လားဒီလိုချွဲမှာ...။

"မူးသွားရင် မကောင်းဖူးလေဂျွန်ရဲ့"

"ကျွန်တော်မူးရင် ထိန်းပေးမယ့် မောင်တယောက်လုံးရှိတာပဲ ဘာအရေးလဲ"

"မင်းဟာလေ..."

"မောင်~..."

ရင်ခွင်ထဲကနေ ငြူတူတူအသံလေးနဲ့အတူ ရီဝေဝေကြည့်လာတဲ့ဂျွန်ဟာ၊ မီးရောင်စုံတွေကြားမှာ ဆွဲဆောင်ချက်အား ပြင်းလွန်းလေသလား။ ဂျွန်မျက်နှာအား သူအကြာကြီးစိုက်ကြည့်နေမိတယ်။ ဂျွန်ကလည်း သူ့နည်းတူ...။

တဖြေးဖြေး ဂျွန့်အကြည့်တွေဟာ သူ့နှုတ်ခမ်းပါးဆီ ကျရောက်လာချိန်မှာတော့ သူ့ရင်တွေအဆမတန်ခုန်လာသလို၊ ဆတွေးမျိုချမိသည်မှာ အကြိမ်ကြိမ်။ မောင့်အချစ်ကလေးဆိုတာလည်း လူကိုအန္တာရယ်တောထဲ တွန်းပို့နေတော့တာပါပဲ...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now