♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 3 ♡︎

10.2K 1.3K 251
                                    

Unicode ✅

-Mg-

ကိုယ့်ရဲ့မနက်ခင်းတိုင်းမှာ၊ ကော်ဖီတခွက်နဲ့၊ စီးကရက်တလိပ်က မရှိမဖြစ်။ ဘယ်ဟုတ်မလဲ ထိုအရာတွေထက်၊ အရေးကြီးတဲ့ လူသားတယောက်လည်း၊ က်ိုယ့်ဘ၀မှာမရှိမဖြစ်၊ လိုအပ်သည်မဟုတ်လား...။

သူက ကိုယ့်ရဲ့တူ၊ အကိုအရင်းရဲ့သား၊ သူနဲ့ဆိုတူလေးပေါ့။ ကိုယ့်ဘ၀ရဲ့ ဇာတ်ညွှန်းကလည်း၊ ဘယ်လိုတောင် ထူးဆန်းလေသလဲ၊ ကိုယ့်အကိုရင်းရဲ့သား၊ ကိုယ့်ရဲ့တူကိုမှ၊ သဘောကျနှစ်သက်မိတယ်တဲ့လေ...။

မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး။ လူမှု့ပတ်၀န်းကျင်းအမြင်မှာ ဘယ်လိုမှမသင့်တော်ဘူး။ ဒါဟာကိုယ့်ကိုယ်ကို နေ့တိုင်းသတိပေးနေကြစကားတွေ။ ဒါပေမယ့်လည်း ဘယ်လိုလုပ်မလဲ၊ သူမပါပဲ ကိုယ်နေ့ရက်တွေကို၊ တယောက်ထဲတော့ မရပ်တည်နိုင်သေးဘူးလေ...။

ဆန္ဒကိုသိက္ခာနဲ့ထိန်းပါ။ အဲ့စကားကအလကား။ ဆန္ဒတွေပြင်းပြလာရင်၊ သိက္ခာတရားလည်း မထိန်းနိုင်တော့ဘူး။ လမ်းမှားရောက်နေလဲ၊ ကလေးသာ သူ့လက်ကိုတွဲထားနိုင်ရင်၊ ဘယ်အရာကိုမဆို ရဲရဲကြီးရင်ဆိုင်ဖို့အသင့်...။

"Morning ဟိတ်ရောင့်၊ ဘယ်လိုလဲ မနေ့ကပွဲနိုင်ခဲ့လား?

"ဟားဟား မင်းယွန်းဂီတို့ကို ယှဥ်နိုင်မယ့်သူ မပေါ်သေးဘူး"

"မင်းလက်စကိုသိတယ်၊ ဟိုကောင် စုတ်ပြတ်သတ်သွားမှာ သေချာတယ်"

"ဒါပေါ့ အနည်းဆုံး ဆယ်ချက်ပဲ"

Min Yoongi > Boxing လောကမှ မသိတဲ့သူခပ်ရှားရှား။ သူ့လက်ရည်ကို ဘယ်သူမှမယှဥ်နိုင်သလို၊ ထိုလောကထဲ ၀င်လာသည်မှာ၊ အသက် ၁၆လောက်ထဲကဆိုတော့၊ အခုပဲ အသက်၂၈ရှိပြီ။ သက်တမ်းရင့် Senior တယောက်ဖြစ်သလို၊ Min Yoongi တို့ပြိုင်တဲ့ပွဲဆို၊ အရှုံးဆိုတာမရှိ...။

သို့သော်လည်း ကလေးငယ်နဲ့ ပြိုင်နေတဲ့ အချစ်တိုက်ပွဲမှာတော့၊ ဒီကောင်ကြီး ခွက်ခွက်လန်ကို ရှုံးနေတုံးပဲ...။

📲 Oh my god, look at the face~~

ဖုန်းတီလုံးနှင့်အတူ Contact Nameကို ကြည့်လိုက်တော့၊ နှစ်ယောက်မရှိတဲ့၊ သူ့အသဲအသက်လေး၊ ကလေးငယ်ဆီကပင်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now