𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 13 [𝑾𝒂𝒓𝒏𝒊𝒏g]

14.2K 1K 119
                                        

Unicode ✅

-Mg-

ညနေစောင်းတော့ ကောင်လေးနိုးလာပြီး ညကျရင်သူနဲ့အတူတူ Bar ကိုလိုက်ပေးဖို့ ခေါ်လာတော့ ငြင်းလိုက်မိတယ်။ အကြောင်းကတော့ စိတ်ရှုပ်နေတာကော၊ ကောင်လေးနဲ့ အတူတူမရှိချင်တာရောကြောင့်ပေါ့...။

သူနဲ့အတူတူရှိရင် နေရထိုင်ရကျပ်သလို။ အမည်မသိတဲ့ခံစားချက်တွေကို သူသိပ်သဘောမကျချင်ပါ။ ဒါကြောင့်မို့လည်း ခါးခါးသီးသီး ငြင်းလိုက်တာမို့၊ ကောင်လေးကတော့ မျက်နှာမကောင်းပဲပြန်သွားလေသည်...။

သိပ်မကြာပါဘူး။ သူလည်းပျင်းတာနှင့် ဘီယာဆိုင်မှာထိုင်ဖြစ်တော့ သူရဲ့ Junior ဆိုသည့် ကောင်မလေးတယောက်က လာမိတ်ဆပ်လေသည်။ ကိုယ်ကတော့ အတိတ်မေ့နေတာမို့ သူ့ကိုမသိပေမယ့်၊ သူကတော့ ကျောင်းတုန်းကအကြောင်းတွေပြောပြလေသည်မှာ တပုံတဟော...။

"Senior ကတတော်ပြောင်းလဲသွားတာပဲ၊ ကျောင်းတုန်းက လူကောင်ခပ်သေးသေးလေး၊ အခုတော့ နည်းနည်းထွားလာတယ်ဆိုရမယ်"

"ဟုတ်လား"

"ဟုတ်ပ၊ ဒါပေမယ့် Senior ကကျောင်းတုံးထဲက တခန်းလုံးကြောက်ရတဲ့ ဖိုက်တာ Kingလေ၊ အခုလည်း Boxing လောကရဲ့Kingဆိုတော့ မိုက်တာပေါ့"

"အင်းကိုယ်လည်းအကုန်မေ့နေတာ၊ မင်းပြောတာကိုသာနားထောင်နေရတာ၊ ဘာမှမမှတ်မိဘူး"

"ကိစ္စမရှိပါဘူး၊ ဒါနဲ့ Senior အားလား"

"ကိုယ်လား? အင်း အားပါတယ်"

"ဒါဆို Aceတို့ Barသွားကြမလား? စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့"

ထိုမိန်းကလေးပြောမှ သူသတိရမိသည်မှာ၊ Bar သွားမယ်ပြောသွားတဲ့ ကောင်လေးကိုပင်။ အခုချိန်လောက်ဆို Barရောက်နေပြီလား။ တခြားသူတွေနဲ့ ပျော်ပါးနေမလား။ အဲ့လိုတွေတွေးမိတော့လည်း မနာလိုချင်သလို အလိုလိုစိတ်ရှုပ်ရပြန်သည်...။

"Senior အားရင်လိုက်ခဲ့လေ"

အကယ်၍များ Barကိုလိုက်သွားလို့ ထိုကောင်လေးနဲ့ မတွေ့နိုင်ပါဘူး ဘယ်သူပြောမလဲ? သူ့ကိုယ်သူလည်း နားမလည်နိုင်တော့။ မလိုက်ချင်ဘူးငြင်းတုံးကလဲသူပဲ။ အခုတွေ့ချင်လာပြန်တော့လည်း သူပါပဲ...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now