♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 29 ♡︎

8.4K 720 253
                                    

Unicode ✅

-Mg-

ဧည့်ခန်းထဲမှာ သားလေးနဲ့ အလှုပ်ရှုပ်နေတဲ့ သူ့အသဲရယ်ပါ။ အကြောင်းကတော့ သားလေးကို ထမင်းခွံ့ရင်း၊ မစားပဲထွေးထုတ်နေတဲ့ သားတော်မောင်ကြောင့် အမောင်ကုကီလေး စိတ်မရှည်တော့သည်မှအထင်းသား။ သူလည်းတချက်ရယ်ရင်း နွားနို့တခွက်ယူပြီး ရန်ဖြစ်နေတဲ့သားအဖဆီ ပြေးရပြန်တယ်...။

"ကဲ...ဒီသားအဖနှစ်ယောက် ဒီတသက်ပြီးတော့မှာပဲ"

"မောင့်သားကဂျီကျနေတာ ထမင်းခွံနေတာကို ပါးစပ်ကြီးပိတ်ထားတယ်၊ ဒီကြားထဲ ထွေးထုတ်နေတာ ဆိုဖာပေါ်တွေပါပေကုန်ပြီ"

သားလေးအကြောင်းကို တိုင်ပြောထူနေတဲ့ ပါးပါးပါပဲ။ သားလေးကိုကြည့်လိုက်တော့ သူ့အကြောင်းပြန်တိုင်နေမှန်းသိပုံပေါ်၏။ သူ့ကိုမျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်ပြီး တခစ်ခစ်တောင်ရယ်ပြနေသေး။

"ပေးပေး မောင်ပဲသားလေးကို ဆက်ခွံ့လိုက်တော့မယ်"

"ရော့ဗျား...မောင့်သားအဆိုးလေးကို ကျွန်တော်မနိုင်ဘူး"

ကလေးအား သူ့ကိုပေးလာတာမို့ သူလည်းသားလေးကို ဆိုဖာပေါ်မှာ သေချာထိုင်စေပြီး ထမင်းတဇွန်းခပ်ကာ ကျွေးလိုက်တော့ သားလေးကပြုံးပြီး တမြုံမြုံစားနေပါရော...။

သူနဲ့ကျတော့ သားလေးကဂျစ်မတိုက်ပဲ ငြိမ်ငြိမ်လေးစားနေတာမို့ တော်သေးတယ်ဆိုရမလား။ ဒီလိုဆို သူပဲနေ့တိုင်းခွံ့ရတော့မလို။ သားလေးက သူ့ပါးပါးနဲ့ဆို သိပ်ဂျီကျတာ။

"ဒယ်ဒယ်...စား..မယ်"

သူ့အကျ••ကိုဆွဲကာ မပီကလာပီကလာလေးနဲ့ ထပ်ခွံ့ဖို့ပူဆာလာတဲ့ သားလေးကြောင့် သူလည်း ထမင်းတဇွန်းခပ်ကာ ထပ်ခွံလေးလိုက်တော့ သားလေးတမြုံမြုံဝါးပြီးစားနေပြန်ပါရော။

"ကြည့်စမ်း၊ ကြည့်စမ်း၊ ပါးပါးကျွေးတုန်းက ဂျစ်တိုက်နေပြီး၊ မင်းဒယ်ဒီကျွေးတော့ ပြုံးပြီးတောင်စားနေလိုက်သေးတယ်၊ မင်းကိုပါးပါးအကြီး"စိတ်ကောက်သွားပြီ"

"အယ်~....ပါးပါး"

သောက်လက်စနွားနို့ခွက်ကို အုန်းခနဲမြည်အောင်ချခဲ့ပြီး ကော့ပတ် ကော့ပတ်နဲ့ ထွက်သွားတဲ့ ဂျွန်ပေါက်စ။ အော် သူ့ယောကျာ်းလေးကလည်း ကလေးနဲ့အပြိုင် ရန်ဖြစ်နေပါရောလား။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now