♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 28 ♡︎

8.5K 793 306
                                    

Unicode ✅

-Mg-

ထမင်းစားနေရင်း ရှုံ့မဲ့နေတဲ့ဂျွန့်ကြောင့် သူချက်ထားတာများ အဆင်မပြေလေသလား။ သူချက်ထားတာတွေ လိုက်မြည်းကြည့်တော့လည်း အကုန်ကောင်းနေတာပဲ။ ဒါဆိုဘာများလိုနေသေးလဲ။ ဂျွန်စားရတာမထိလို့များလား။ ဂျွန်စားနေတာကိုကြည့်ပြီး သူအားမရလိုက်တာ...။

"ဂျွန်..."

"ဟုတ်"

"စားလို့မကောင်းလို့လား၊ ဂျွန်စားချင်တာပြောလေ မောင်ပြေးဝယ်ပေးမယ်"

"မဟုတ်ပါဖူးမောင်ရယ်၊ ကုကီဗိုက်တွေရစ်နေလို့"

"Toilet ၀င်ချင်လို့လား"

"အဲ့လိုလည်းမဟုတ်ဘူး၊ နေရတာမလန်းတာပါမောင်"

"ဒါဆို ဂျွန်စားပြီးဆေးတလုံးလောက်သောက်လိုက်နော်၊ မောင်နွားနို့လေးသွားနွှေးလိုက်အုံးမယ်"

"ဟုတ်ကဲ့"

ထမင်းစားဝိုင်းကနေထွက်သွားတဲ့မောင့်ကိုကြည့်ပြိီး ကြည်လည်းကြည်နူးမိသလို။ ဝမ်းလည်းနည်းမိတယ်။ သူကိုယ်ဝန်စဆောင်ထဲက မောင်ကသူဖြစ်ချင်တာမှန်းသမျှ ချက်ချင်းလုပ်ပေးခဲ့တာ...။

တခါတလေ သူစိတ်အခြေအနေ အဆင်မပြေတဲ့အခါ မောင့်အပေါ်ကိုပုံပြီး အော်ဟောက်တာမျိုး၊ မောင့်ကိုထုရိုက်မိတာမျိုး၊ ခဏခဏလုပ်မိသည်။

ညတခေါင်ဆိုရင် စားချင်တာရှိလာရင် အိပ်ပျော်နေတဲ့မောင့်ကိုနှိုးပြီး မရရအောင်ပူဆာလေ့ရှိပေမယ့် မောင်ကသူ့အပေါ် နည်း"လေးတောင် မညိုညင်ခဲ့ပေ။

အခုလိုထမင်းစားနေရင်း ဆက်မစားချင်တော့လို တခုခုပူဆာမိရင် ထမင်းစားနေတဲ့မောင်ဟာ သူစားနေတာရပ်ပြီး သူစားချင်တာချက်ချင်းပြေး၀ယ်ပေးလေ့ရှိသည်။

ထို့သို့သော် မောင့်ရဲ့ဂရုစိုက်မှုတွေဟာ သူ့အတွက်ကြည်နူးစရာကောင်းသလို။ တဖတ်ကနေ ငါမောင့်အပေါ် အရမ်းဆိုးမိနေပြီးလားလို့တွေးမိတော့ မောင့်ကိုအားနာလွန်းလို့ ငိုချင်မိသည်...။

"ဂျွန်...နွားနို့ရပြီ"

"မောင် အဟင့်"

ချက်ချင်းသူ့ခါးကိုဖက်ကာ ထငိုတဲ့ဂျွန့်ကြောင့် သူလည်းနွားနို့ခွက်အား ခုံပေါ်တင်လိုက်ပြီး ဂျွန့်ဆံနွယ်လေးတွေအား ထိုးဖွပေးနေလိုက်တယ်။ ဂျွန်ငိုတာသူ့အတွက်တော့ အထူးအဆန်းကြိီးမဟုတ်တော့။ ကိုယ်ဝန်စဆောင်ထဲက နည်း"လေး စိတ်မကောင်းဖြစ်တာနဲ့ ထငိုတက်သည်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now