♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 15 ♡︎

10K 961 194
                                    

Unicode ✅                           

-Mg-

မိုးလင်းထဲက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေတဲ့မောင့်ကိုကြည့်ပြီး သူကြိတ်ပြုံးမိပါသည်။ ဒီမနက်မှ ထူးထူးဆန်းဆန်း မနက်စာကို သူကိုယ်တိုင်စီစ‌ဥ်ပေးချင်တာပါတဲ့။ ကိုယ်လည်းဘာမှဆက်မပြောတော့ပဲ မောင့်ကိုငေးကြည့်နေလိုက်တော့ မီးဖိုဆောင်ထဲ သီချင်းလေးတညည်းညည်းနဲ့ ချက်ပြုတ်နေတဲ့မောင်...။

"မောင်ရေ...မပြီးသေးဘူးလားလို့"

"ခဏပဲစောင့် မောင့်အသဲလေး"

မောင့်အသဲလေးလို့ခေါ်လိုက်တဲ့မောင့်ကြောင့် သူရင်ထဲဝုန်းဒိုင်းကိုကျဲလို့။ တယောက်ကိုတယောက် ချစ်တယ်လို့ဖွင့်ပြောပြီးထဲက မောင်ကတတော်လေး ပြောင်းလဲလာလေသည်။ သူ့ကိုပိုပြီးဂရုစိုက်လာသလို၊ ခေါ်လိုက်တဲ့ Nicknameတွေဟာလည်း ပေါလို့...။

"မောင်~..."

အနောက်ကနေသိုင်းဖက်လာတဲ့ဂျွန့်ကြောင့် လက်ထဲကဇွန်းခွက်ကို ခုံပေါ်မှာချပြီး၊ ဂျွန့်ဘက်လှည့်လိုက်တော့ သူ့ခါးအားဖက်ထားရင် ပြုံးပြနေတဲ့သူ့အသဲ...။

"ဗိုက်ဆာနေပြီလား၊ ခဏလေးပဲစောင့်၊ မောင်ဟင်းချိုလေးချက်နေလို့၊ ပြီးရင်စားလို့ရပြီ"

"မောင့်ကိုစားမယ်"

"မောင့်အသဲက မောင့်ကိုစမ်းနေတာလား ဟင်...ပြောပါအုံး"

ချက်ချင်းဆိုသလို သူ့ကိုပွေ့ချီကာ တရှုံ့ရှုံ့နမ်းနေတဲ့ မောင်ရယ်ပါ။ မောင်ကနမ်းလိုက်။ သူကရယ်လိုက်နဲ့။ မီးဖိုဆောင်ထဲ မောင်နဲ့သူ့ရဲ့အသံလေးတွေ ဝေဆာလို့...။

"တော်ပြီမောင် ဟင်းချိုအိုဆူနေပြီ"

"ဟုတ်ပါပြီခဗျ၊ ကဲသွားထိုင်နေတော့၊ မောင်ယူခဲ့မယ်"

"ဟုတ်ဂျွန့်အသဲလေး"

ပါးကိုရွှတ်ခနဲနမ်းကာ ထွက်သွားတဲ့ဂျွန့်ကိုကြည့်ပြီး သူပြုံးနေမိတာ ပါးစပ်နားရွက်တပ်ချိတ်တော့မည့်အလား။

"ဒီကောင်လေးကတော့လေ...ဟမ်...ကုန်ပါပြီ"

နှာခေါင်းထဲရောက်လာတဲ့ ဟင်းချိုအိုးအနံ့ကြောင့် မီးဖိုးပေါ်က အလျှင်အမြန် ချလိုက်ရသည်။ မဟုတ်ရင် အကုန်ခမ်းကုန်တော့မှာ။ ထို့နောက်စားစရာတွေ ပန်ကန်ထဲသေချာပြင်ဆင်ကာ စာပွဲ၀ိုင်းပေါ်ချပေးလိုက်တော့ သဘောတွေ့နေ့တဲ့ဂျွန်...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now