♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 27 ♡︎

8.4K 792 399
                                    

Unicode ✅

-Mg-

ဂျွန်မွေးဖို့ရက်နီးလေ။ သူ့မှာ ကုမ္ပဏီအလုပ်တွေကို အပြီးဖျက်ရလေပဲ။ ဘာလို့လဲဆိုတော့ ဂျွန်ကလေးလေးမွေးပြီးရင် ဂျွန်နဲ့ကလေးကို သူကိုယ်တိုင်ဂရုစိုက်ပေးချင်တာမို့ သုံးလလောက် အလုပ်တွေနားထားဖို့ ဆုံးဖြတ်ချက်ချထားသည်။ ဒါကြောင့်မို့လည်း အခုထဲကအလုပ်တွေအကုန်လုံး အပြီးဖျက်ထားမှ တော်ကာကျမှာ...။

ရေချိုးခန်းထဲဝင်သွားတဲ့ အသည်းအသက်လေးကလည်း ရေချိုးတာကြာလိုက်တာ။ သူကတော့ နာရီကိုကြည့်ပြီး အချိန်မှတ်ထားတာမို့ မြန်"ချိုးဖို့လှမ်းအော်ရပြန်ပါသည်။

"မောင့်အသဲရေ...မြန်"ချိုးလေကွာ"

"ပြီးပြီမောင်ရေ"

ရေချိုးခန်းထဲက အသံဆာ"လေးကြောင့် သူလည်းလုပ်စရာရှိတဲ့ စာရင်းတွေဆက်လုပ်နေလိုက်တယ်။ ခဏကြာတော့ ရေချိုးခန်းထဲကထွက်လာတဲဂျွန်နဲ့အတူ နှာခေါင်းထဲကို၀င်လာတဲ့ ကလေးရေချိုးဆပ်ပြာနံ့ခပ်သင်းသင်း...။

"Take my hands now...you are the cause of my euphoria..."

*ရွှတ်*

သီချင်းဆိုရင်း သူ့ပါးအားနှုတ်ခမ်းအေး"လေးနဲ့ တချက်နမ်းသွားပြီး ကော့ပတ်ကော့ပတ်နဲ့ ထွက်သွားတဲ့သူ့အသဲ။ ဒါသက်သက်လူကို အသဲယားအောင်လုပ်သွားတာ။ ဂျွန်အဆိုးလေးမကောင်းပါ...။

"Yeah...yeah...yeah...Euphoria"

သီချင်းတညည်းညည်းနဲ့ ခေါင်းသုတ်နေတဲ့ မောင့်အသဲက တကိုယ်လုံးမွှေကြူပြစ်ချင်စရာလေး။ ခေါင်းအစခြေအဆုံး။ မထိရက်မကိုင်ရက် ကောပတ်ရုပ်ကလေးလို။ ဆူထွက်နေတဲ့ ငါးပူတင်းဗိုက်လေးကလည်း အသဲယားစရာအတိ...။

သူတွေးနေရင်းမှ သူ့ဆီထလာတဲ့ဂျွန်။ နောက်တော့ သူ့လက်ထဲ သဘက်ထိုးပေးပြီး သူ့အားပြုံးပြလေတယ်။ ဆိုလိုတာကတော့ ဆံပင်နဲ့ကိုယ်လုံးကို ရေသုတ်ပေးဖို့ဆိုပါတော့။

"လာ...ဒီမှာထိုင်"

သူလည်းမွေ့ယာပေါ်မှာထိုင်ခိုင်းပြီး အရှေ့ကနေ ဂျွန့်ဆံနွယ်အိ"လေးတွေကို ရေခြောက်အောင်သုတ်ပေးလိုက် ကုန်း"ပြီးနမ်းလိုက်နဲ့ ဟုတ်နေရောပဲ...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now