♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 22 ♡︎

9.5K 867 587
                                    

Unicode ✅

-Mg-

မိုးရေးထဲအကြာကြီးထိုင်နေတဲ့ အကျိုးဆက်က အသည်းအသန်ဖျားတော့တာပဲ။ မောင်ဖျားတာလည်း သူ့ကြောင့်ပဲမဟုတ်လား။။သူ့ကြောင့်မဟုတ်ရင်တောင် မောင့်ကသူ့ခင်ပွန်း။ မောင်ဘာပဲဖြစ်" သူနဲ့သက်ဆိုင်သလို၊ မောင်ကသူ့ရဲ့အရာရာပါပဲ...။

"မောင် ထတော့၊ ဆေးသောက်မယ်"

"ဟင့်အင်း"

ဆေးသောက်ဖို့ပြောတာကို ချက်ချင်းငြင်းပြီး တဖတ်ကို ချာခနဲလှည့်သွားတဲ့မောင်အဆိုးလေးကြောင့်၊ သူလည်းဆေးနဲ့ရေခွက်ကို ခုံပေါ်တင်လိုက်ကာ စောင်ပုံထဲကမောင်အဆိုးလေးအား ဆွဲထုတ်ရတော့သည်...။

"မောင်အဆိုးလေးရေ ထတော့နော်၊ ဆေးသောက်ရအောင်"

"No!"

စောင်ပုံထဲနေသူ့အား မဲ့ရှုံ့နေတဲ့မျက်နှာလေးနဲ့ လှမ်းငြင်းလေတယ်။ တကယ်ပါပဲ။ မောင်ကတတော်ဂျီကျနေတာ။

"မောင်~...ထနော်၊ ဆေးလေးတော့သောက်လိုက်ပါ၊ ပြီးရင် မောင်စားချင်တာ ချက်ကျွေးမယ်လေ၊ နော်..."

"တကယ်လား"

"တကယ်"

ဒီတော့မှ စောင်ပုံထဲကနေ ဆူပုတ်ပြီးထွက်လာလေသည်။ ဆေးသောက်ရမှာကို အတော်ကြောက်နေသလား။ မောင့်မျက်နှာလေးက ရှုံ့မဲ့လို့။ တကယ်ပါပဲ။ မောင်ကအခုလိုကျတော့ ကလေးလေးကျလို့။ ချစ်စရာဝက်ဝံရုပ်ကလေး...။

"ရော့သောက်လိုက်နော်"

"ဟင်...နှစ်လုံးတောင်"

"နှစ်လုံးထဲပါမောင်ရယ်၊ နော်...သောက်လိုက်မှသက်သာမှာ"

သူ့လက်ထဲက ဆေးလုံးတွေကိုကြည့်ပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့ မောင့်ရုပ်လေးကိုကြည့်ပြီး၊ ရယ်လည်းရယ်ချင်သလို၊ ရယ်လည်းမရယ်ရက်။ မောင်ကတကယ်ငိုတော့မယ့်ရုပ်လေး။ အူယားစရာ ဝက်ဝံရုပ်လေးကို ချစ်လို့ကိုမဝဖူး...။

"မသောက်ချင်ဘူးဂျွန်ရယ်..."

"သောက်မှသက်သာမှာလေ၊ မောင်ကလိမ်မာပါတယ်"

"မောင်ကဆိုးတယ်၊ ဒါကြောင့်မို့ ဆေးမသောက်တော့ဘူး"

"မောင်နော်၊ မသောက်ရင် စကားလာမပြောနဲ့"

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now