♡︎ 𝑴𝒈 𝒀𝒂𝒆 𝑱𝒆𝒐𝒏 10 ♡︎

8.2K 892 94
                                    

Unicode ✅

-Mg-

ဆေးရုံအခန်းထဲမှာ ထိုင်နေတဲ့ကောင်လေးရဲ့ မျက်ရည်တွေဟာ အခုထိမခြောက်သေး။ ညထဲကငိုနေတဲ့ ထိုကောင်လေးဟာ၊ မိုးလင်းသည်အထိ တိတ်သွားခဲ့ခြင်းမရှိခဲ့ပေ။ ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်တွေဟာ သူ့ကိုသိပ်ပြီးခြောက်ခြားစေတာမို့၊ သူအလွန်ပင် သွေးပျက်ခဲ့ရသည်...။

"သားလေးရယ် ခဏအိပ်လိုက်ပါလား၊ တညလုံး တရေးမှ မအိပ်ရသေးဘူးမဟုတ်လား"

"ဟင့်အင်း မအိပ်ဘူး"

"ဒါဆိုလည်း တခုခုတော့စားလိုက်ပါလားသား"

"မစားဘူးလို့!! ထွက်သွား! အားလုံးထွက်သွားကြ!!"

"သားလေး..."

"ကျွန်တော်ဘာဖြစ်ဖြစ် စိတ်မ၀င်စားဘူး၊ ဦးငယ်တခုခုဖြစ်ရင် ကျွန်တော်ကိုကျွန်တော် သတ်သေပြစ်မှာ"

"Park Jimin!!!"

ဆွဲထိုးဖို့ပြင်နေတဲ့ Jimin အဖေအား Jungkookတို့အားလုံး ၀ိုင်းဆွဲပြီးအပြင်ခေါ်ထုတ်သွားရတော့သည်။ မဟုတ်ရင် Jiminအဖေဟာ အတော်လေးစိတ်ဆိုးနေတာမို့၊ Jiminကို တခုခုလုပ်ပြစ်မှာအသေအချာ...။

Jungkookလည်း ဖြစ်ပျက်သွားတာတွေ အခုထိနားမလည်နိုင်။ ငိုပြီးဖုန်းဆက်တဲ့ Jiminကြောင့် သူနဲ့မောင်ဆေးရုံကို ရောက်လာခဲ့တယ်။ ဆေးရုံရောက်တော့ Operation အခန်းထဲ၀င်နေရတဲ့ Yoonie hyung ကြောင့်သူတတော်လေး စိတ်ပူမိသည်...။

ဘယ်သူလုပ်တာလဲ။ ဘယ်လိုဖြစ်တာလဲ။ ဘယ်သူ့ကိုမှမေးမရခဲ့။ Jay hyung ပြောပုံအရတော့၊ သူ Yoonie hyung ဆီသွားတော့၊ ရေချိုးခန်းထဲမှာ သွေးအိုင်ထဲလဲနေတဲ့ Yoonie hyung ကြောင့် ဆေးရုံချက်ခြင်းတင်လိုက်သည်တဲ့လေ...။

Operation အခန်းထဲ၀င်သွားပြီးထဲက အခုချိန်ထိ သတိမလည်လာသေးတဲ့ Yoongi ကြောင့် အကုန်လုံးစိတ်ပူပန်နေရပြီး၊ နည်းနည်းလေးမှ စိတ်မအေးနိုင်။ Jiminကတော့ Yoongi ကုတင်ဘေးမှာထိုင်ကာ တချိန်လုံး တရှုံ့ရှူံ့ငိုနေရှာသည်...။

"ဟင်...Kookie...Kookie...ah~ ဦးငယ် သတိရလာပြီထင်တယ် ဟင့်~"

Kookieတို့အားလုံးလည်း Yoongi အနားရောက်လာပြီး Taehyung ကတော့ ဆရာ၀န်ပြေးခေါ်လေသည်။ ခဏကြာတော့ ဆရာ၀န်ရောက်လာပြီး စစ်ဆေးပေးနေတုံး Yoongi လည်းပြန်သတိနေလေပြီ...။

-𝐌𝐠- [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now