Chapter 425

988 91 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 29 Chapter (425)

စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်ရှိ အမှောင်ကျနေသော လမ်းကြားတစ်ခု၌ ခပ်ဝဝအဖိုးအိုတစ်ယောက်က ခပ်ဖြည်းဖြည်း လမ်းလျှောက်နေသည်။
ထိုသူကား ကျန့်ချမ်ပင်။ ကျန့်ချမ်သည် ယဲ့ဖန်နောက်လိုက်၍ စိတ်ဝိညာဉ်တိုက်ပွဲကွင်းပြင်လို့ မလိုက်ခဲ့ဘဲ တစ်ယောက်တည်း ဤသို့ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
ထိုသည်သာမကသေး သူ၏ ကိုယ်ယောင်ကိုယ်ဝါသည် ယခင်ကကဲ့သို့ စုတ်ချာချာ အရောင်အဝါနှင့် မတူတော့ချေ။
သူ့ထံမှ တော်ဝန်ဆန်သော အရိပ်အငွေ့မျိုး ထွက်ပေါ်နေပြီး သူ၏မျက်လုံးများက ဆက်တိုက် စူးရှထက်မြက်၍ ဝင်းလက်နေ၏။
ထိုသို့သောအချိန်၌ သူသည် ဘုရင်တစ်ပါးနှင့် ပို၍သဏ္ဌာန်တူနေသည်။ မဟာဘုရင်တစ်ပါးလိုပင်။
လမ်းတစ်ခု၏ထောင့်ချိုးသို့ရောက်သောအခါ ကျန့်ချမ်က အမူအယာ ပြောင်းလဲသွားလေသည်။
“ထွက်လာခဲ့”
အေးစက်စက် လေသံက လမ်းကြားတစ်ခုလုံးအား အပူချိန်ကျဆင်း၍ အေးခဲမတတ် ဖြစ်သွားစေသည်။
သူနှင့်သိသော စိတ်ဝိညာဉ် ဆရာသခင်များသာ ယခု သူ့ကို မြင်လိုက်ပါက အံ့အားသင့်သွားလောက်သည်။
လမ်းပြအဖြစ် အသက်မွေးသော ကျန့်ချမ်၌ ဤကဲ့သို့ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဝှစ်!
လေတိုးသံနှင့်အတူ မှောင်မိုက်နေသော လမ်းကြားထဲ၌ အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာသည်။
သူတို့သည် တစ္ဆေများနှင့် သဏ္ဌာန်တူပြီး ရှိနေသည်ဟုတောင် မထင်ရချေ။
ပြောရမည်ဆိုလျင် သူတို့နှစ်ယောက်သည် အသန်မာဆုံးသော နတ်ဘုရားအထွတ်အထိပ်အဆင့်များ ဖြစ်ကြပြီး သူတို့တစ်ယောက်ချင်းစီ၏ ခွန်အားက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပါတိ ရိုဒါထက် ပို၍သာလွန်လေသည်။
သူတို့သည် ရောက်လာသည်နှင့် ချက်ချင်း မှင်တက်သွားကြသည်။
“အရှင့်ကို ဂါဝရပြုပါတယ်”
*အရှင်*
ဤစကားကို စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်မှ နေထိုင်သူများ မတော်တဆ ကြားသွားပါက သွေးပျက်သွား လောက်သည်။
ဆင်းရဲသော လမ်းပြ ကျန့်ချမ်က နတ်ဘုရား အထွတ်အထိပ်အဆင့်ရှိသော သိုင်းပညာရှင်နှစ်ယောက်၏ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့စကားကြောင့် ကျန့်ချမ်က ခေါင်းညိတ်ပြကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။ သူ၏မျက်နှာထား သည်လည်း ပြောင်းလဲသွားလေသည်။
ကျန့်ချမ် မျက်မှောင်ကြုတ်သွားပြီး သူ့လက်ချောင်းများကို လေဟာနယ်၌ ဝှေ့ယမ်းလိုက်သောအခါ မျက်နှာဖုံးတစ်ခု လှစ်ခနဲ ထွက်ပေါ်လာသည်။
ထိုမျက်နှာဖုံးသည် ရှာဖွေရေးကိရိယာနှင့် ဆင်တူလှသည်။
ကျန့်ချမ်၏ ခန္ဓာကိုယ်ကိုပတ်၍ ရှာဖွေလိုက်သောအခါ မှော်စာရွက်တစ်ရွက်က ချက်ချင်း ပေါ်ထွက်လာသည်။
“ဒါက ခြေရာခံစနစ်ပဲ”
ကျန့်ချမ် အနည်းငယ် တောင့်ခနဲဖြစ်သွားပြီးနောက် သူ၏နှုတ်ခမ်းထောင့်၌ မထိတထိအပြုံးမျိုး ပေါ်လာသည်။
“အရှင် ဒါ ဘယ်သူလုပ်တာလဲ၊ အရှင်တောင်မှ ဒါကို သတိမထားမိပါလား”
အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်၏ မျက်နှာ၌ အံ့အားသင့်နေဟန်များနှင့် ပြည့်နှက်လာသည်။
သူတို့သည် ကျန့်ချမ်၏ အစွမ်းအစကို သိကြသည်။ သူ့၌ ခြေရာခံစနစ် ကပ်ပါလာသည်ကို ရိပ်စားမိခြင်း မရှိသဖြင့် တစ်ဘက်လူ၏ အင်အားက အံ့ဩစရာ ကောင်းလွန်းလှသည်။
သူတို့၏စကားကြောင့် ကျန့်ချမ်က ခပ်ဖွဖွပြုံးလာသည်။
“ဒါ သူ့ရည်ရွယ်ချက်ပဲ ဖြစ်မယ်၊ အဲ့ကောင်လေးက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းသားပဲ”
ထိုသို့ပြောပြီး ကျန့်ချမ်က လက်ချောင်းများကို ဖျစ်ညှစ်လိုက်သောအခါ ခြေရာခံ မှော်စာလုံးက ပြာအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် လေနှင့်အတူ လွင့်မျောသွားလေတော့သည်။
*ရည်ရွယ်ချက်တဲ့လား*
အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိကြသည်။ အရှင့်အား သူ၏ပုံစံအမှန်ကို ဖုံးကွယ်ခွင့်ပြုထားပြီး ဆက်သွယ်လာသည်ကို စောင့်ဆိုင်းနေသည့် ပစ်မှတ်သည် လွယ်ကူသော လူတစ်ယောက် မဟုတ်မှန်း သိသာလှပေသည်။
“အရှင်က အဲ့လူနဲ့ ပြောဆိုခဲ့တာပဲ၊ ဘယ်လိုခံစားရလဲ”
အနက်ရောင်ဝတ်စုံနှင့် နတ်ဘုရား အထွတ်အထိပ်အဆင့်တစ်ယောက်က ကျန့်ချမ်းအား သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ သူ့စကားကြောင့် ကျန့်ချမ် မျက်မှောင်ကြုတ်သွားသည်။
“အဲ့လူက ထူးဆန်းပြီးတော့ ပဟေဠိဆန်တယ်၊ မတွေးတတ်လောက်အောင် ခက်ခဲနက်နဲတယ်။ ပြီးတော့ သူက နတ်ဆိုးဆိုတာကိုတော့ ကြိုပြောနိုင်တယ်”
*နတ်ဆိုးတဲ့လား*
ဤသည်ကိုကြားပြီး အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက် ချက်ချင်း မျက်နှာပျက်သွားသည်။
“အရှင် တကယ်လို့ အဲ့လူက နတ်ဆိုးမျိုးနွယ်ကဆိုရင် သခင်လေးက သူ့ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုလိမ့်မယ်။ ဒါက ...”
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် စိုးရိမ်ပူပန်နေသကဲ့သို့ သူ့စကားကို ဆုံးအောင်မပြောနိုင်ချေ။
*သခင်လေးလား*
ထိုစကားလုံးသုံးလုံးကြောင့် ကျန့်ချမ် ကိုယ့်ခေါင်းကိုယ် မကုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
“အဲ့ကောင်စုတ်လေးက တော်တော်ဆိုးတာပဲ၊ ဘိုးဘေးဖြစ်တဲ့ငါက ကျန့်ချမ် (ပိုက်ဆံရှာတယ်) အဲ့ကောင်စုတ်လေးက ဖေးချမ် (ငွေဖြုန်းတယ်)”
“သူသာ ငါ့သား မဟုတ်လို့ကတော့ ငါ အဲ့ကောင်စုတ်ကို ရိုက်ပစ်တယ်”
ထိုသို့ပြောသော်လည်း ကျန့်ချမ်၏မျက်နှာထက်၌ ဂုဏ်ယူနေဟန်ဖြင့် ဖုံးလွှမ်းနေ၏။
သူသည် အလွန်အချစ်ကြီးသူဖြစ်သည်။ သူသည် ဂြိုဟ်ပေါင်းများစွာကို လှည့်လည်သွားလာခဲ့စဉ်က သူ၏သွေးမျိုးဆက်ကို မရေတွက်နိုင်သော ဂြိုဟ်များ၌ ချိန်ထားရစ်ခဲ့သည်။
သူ၏သွေးမျိုးဆက်က နိုးထရန် အလွန်ခက်ခဲလှသည်က စိတ်မကောင်းစရာပင်။
သွေးမျိုးဆက်များ မရေတွက်နိုင်အောင် ရှိသော်လည်း မည်သူမျှ အောင်မြင်စွာ နိုးထမလာခဲ့ချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဂြိုဟ်များ၌ မျိုးဆက်တစ်ယောက်နှင့် သူ ဆုံရလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။ ဤသည်က သူ့အား အလွန်အံ့အားသင့်သွားစေသည်။
“အဲ့ကောင်စုတ်လေးက ငါတို့ဂြိုဟ်နယ်မြေကို သိမ်းပိုက်အုပ်စိုးဖို့ စိတ်မပါတာက စိတ်မကောင်းစရာပဲ၊ သူက အော်အောင်မြင်မြင် ကျင့်ကြံပြီးတာနဲ့ သူ့သခင်ကြီးဆီ ပြန်မှာ၊ ချီးတဲ့မှပဲ”
ထိုသို့ပြောပြီး ကျန့်ချမ်၏မျက်နှာက သုန်မှုန်လာသည်။
သူသည် ဂြိုဟ်နယ်မြေတစ်ခုလုံးကို လွှမ်းမိုးကြီးစိုးလေသည်။ သို့သော် မျိုးဆက်များထဲမှ တန်ဖိုးအထားဆုံးနှင့် လူတွေက အရေးအပါဆုံးသောသူအဖြစ် သတ်မှတ်ထားသောလူက သူ၏သခင်ကြီးနှင့် ဆုံတွေ့ရန် ဤဂြိုဟ်နယ်မြေမှ ထွက်သွားချင်နေသည်။
ထိုသို့တွေးပြီးနောက် ကျန့်ချမ်က အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ကို လှည့်ကြည့်၍ မေးလိုက်သည်။
“အဲ့ကောင်စုတ်လေးရဲ့ ကျင့်ကြံခြင်းက အခု ဘယ်လိုအခြေအနေရှိလဲ”
“အရှင့်ကို တင်ပြပါတယ်၊ သခင်လေးက စိတ်နှစ်ပြီး ကျင့်ကြံနေပြီး အခု သူရဲ့ခွန်အားက ထိုးတက်နေပါပြီ။ သူရဲ့ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကလည်း ပြန်လည်တိုးတက်လာပြီးတော့ အစွမ်းကလည်း အခြေအနေ ကောင်းနေပါပြီ”
သခင်လေးအကြောင်း ပြောနေစဉ်တွင် ထိုလူ၏ မျက်နှာသည် အံ့ဩမှုများနှင့် ပြည့်နှက်နေသည်။
*အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း*
ထိုစကားလုံးက ကျန့်ချမ်ကို မျက်ခုံးလှုပ်သွားစေသည်။
“မိုးနတ်မင်းရဲ့ အမွေအနှစ်နယ်မြေက ရေတွက်မရနိုင်ဘူး၊ အဲ့ဒါက နှစ်ပေါင်းများစွာ တိမ်မြုပ်နေလို့ လောကကြီးက မေ့နေခဲ့တာ”
“ဒါပေမဲ့ ဒီကောင်စုတ်လေးက အိပ်မက်ဆိုးဘုရင်ရဲ့ အမွေအနှစ်တင်မကဘူး နတ်ဆိုးဘုရင်ရဲ့ အမွေအနှစ်ကိုပါ ဆက်ခံထားရတာပဲ”
“ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူက နည်းနည်းလေးတောင် မပြောပြဘူး”
ကျန့်ချမ်က ပြောရင်း သက်ပြင်းချလိုက်မသိည်။ သူသည် သခင်လေးဟူသောသူနှင့် ပတ်သက်၍ ဘာမျှပြောနိုင်ပုံ မပေါ်ချေ။
“ကောင်းပြီလေ၊ သွားကြစို့”
ထို့နောက် ကျန့်ချမ်က လက်ကိုဝှေ့၍ လေဟာနယ်ကို ထိုးခွင်းလိုက်သည်။
ရွှစ်!
ရုတ်တရက် ဟင်းလင်းပြင်တစ်ခု ထွက်ပေါ်လာသည်။ ထိုဟင်းလင်းပြင်၌ တံခါးပေါက်တစ်ခုက ဖြည်းဖြည်းချင်း ပွင့်လာသည်။
ဤသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံနှင့်လူက ဇဝေဇဝါနှင့် မေးလာသည်။
“အရှင် ကျွန်တော်တို့ ပစ်မှတ်ကို မသတ်ဘူးလား။ သခင်လေးက အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံပြီးတော့ ဂြိုဟ်နယ်မြေကို စွန့်ပစ်ပြီး အဲ့လူဆီ ပြန်သွားရင် ဘယ်လိုလုပ်မလဲ”
သူတို့၏သခင်လေးက အခြားသူတစ်ယောက်အား သခင်ကြီးအဖြစ် သတ်မှတ်ထားခြင်းက အနက်ရောင်ဝတ်စုံနှင့် လူများနှင့် အခြားသူများအတွက် ရှက်ဖွယ်အတိပင်။
ထိုစကားကြောင့် ကျန့်ချမ်၏ပါးစပ်ထောင့်၌ မချိပြုံးမျိုး ထွက်ပေါ်လာသည်။
“မဟုတ်ဘူး၊ ငါ မသတ်ချင်ဘူး၊ ပြောရရင် ငါ မသတ်နိုင်တာ”
“အဲ့ကောင်လေးရဲ့ ပုံစံအစစ်က နတ်ဆိုးမျိုးနွယ်လားဆိုတာကို ငါ သေချာမပြောနိုင်ပင်မယ့် သူက ထိပ်တန်း ဂြိုဟ်ကမ္ဘာ စစ်သည်တော်တွေထဲမှ ဒုတိယအသန်မာဆုံးပဲမို့၊ သူက ပုံမှန်မဟုတ်ဘူး”
“သူ ဘယ်လောက်ထိ ကြီးထွားလာမလဲဆိုတာကို ငါ ကြည့်ချင်တယ်”
ထို့နောက် ကျန့်ချမ်က စိတ်ဝိညာဉ် တိုက်ခိုက်ရေးဂြိုဟ်ကို တစ်ချက်ကြည့်ပြီးနောက် ဟင်းလင်းပြင်၏ တံခါးပေါက်ထဲသို့ ဝင်သွားလိုက်သည်။ သူ့နောက်မှ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် အလွန် ထိတ်လန့်လို့နေ၏။
*ထိပ်တန်း ဂြိုဟ်ကမ္ဘာစစ်သည်တော်တွေထဲက ဒုတိယအသန်မာဆုံးသူတဲ့လား*
*ဒါ … ဒါက အတိတ်တုန်းက အရာလေ*
ထိုနှစ်ယောက်သည် သူတို့၏ ထိတ်လန့်အံ့ဩမှုကို ချုပ်ထိန်း၍ ကျန့်ချမ်နောက်မှနေ၍ ဟင်းလင်းပြင်၏ တံခါးပေါက်ထဲသို့ လိုက်ဝင်လိုက်သည်။
သုံးယောက်လုံး ဝင်ရောက်ပြီးနောက် ဟင်းလင်းပြင်မှ အလင်းများ တောက်ပစွာ ဖြာထွက်လာပြီးနောက် ဟင်းလင်းပြင်၏ တံခါးပေါက်က ချက်ချင်း ပိတ်သွားလေသည်။
ထိုအခါမှသာ လမ်းကြားလေး၏ ထောင့်တစ်နေရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထားက တင်းမာလှသည်။
ထိုသူကား ယဲ့ဖန်ပင်။
ကျန့်ချမ်တောင်မှ ယဲ့ဖန်၏ ခြေရာခံလိုက်ခြင်းကို နည်းနည်းလေးမှ မရိပ်မိချေ။ သူသည် ပိတ်သွားသော ဟင်းလင်းပြင် တံခါးပေါက်ကိုကြည့်ရင်း ပြုံးလာသည်။
“အဲ့လူအိုကြီးက တကယ်ပဲ ဖေးချမ်ရဲ့ ဘိုးဘေးကိုး”
“ဖေးချမ်က ဘေးကင်းတယ်ဆိုတော့ ငါ စိတ်ချရပြီ”
ယဲ့ဖန်သည် အစောကတည်းက ကျန့်ချမ်နှင့် ဖေးချမ်တို့၏ ပတ်သက်မှုကို သံသယဝင်ခဲ့ပြီး သူ မေးမြန်းခဲ့သော်လည်း တစ်ဖက်လူ၏ မလှိမ့်တပတ်စကားကိုသာ ကြားခဲ့ရသည်။
ယခုအခါတွင်တော့ သူ လုံးဝ ကောက်ချက်ချသွားနိုင်လေပြီ။
“ဥရောပ နတ်သမီးရဲ့ အမွေအနှစ်က အနောက်ဘက် ကောင်းကင်ဘုံငယ် နတ်ဘုရားနယ်မြေနဲ့ ဆက်စပ်နေတယ်၊ အိပ်မက်ဆိုးဘုရင်ရဲ့ အမွေအနှစ်နဲ့ အခြား ခမ်းနားတဲ့ စည်းမျဉ်းတွေ။ ကြည့်ရတာ ဒုစရိုက်ဧကရာဇ်ရဲ့ အမွေအနှစ်၊ ကာရိုးလ်အမွေအနှစ်၊ အလင်းတော် အမွေအနှစ်၊ ဝံပုလွေဘုရင်ရဲ့ အမွေအနှစ်တွေကလည်း သာမန်ထက် သာလွန်နေတဲ့ပုံပဲ”
ယဲ့ဖန်၏ မျက်လုံးများက တောက်ပလာသ်ည။
ထိုအမွေအနှစ်များက စကြဝဠာထဲသို့ ရောက်လာသည့်အခါမှသာလျင် စွမ်းအင်က အမှန်တကယ် ထွက်ပေါ်လာမည် ဖြစ်ကြောင်း သူ သိနေသည်။
“အခုကတော့ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ အချိန်ကျလာပြီပဲ”
ထိုသို့တွေးပြီးနောက် ယဲ့ဖန်သည် လမ်းကြားထဲမှ ထွက်လာခဲ့သည်။
သိမ်းပိုက်စိုးမိုးခြင်း ခရီးစဉ် စတင်လေပြီ။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now