Chapter 437

786 85 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 30 Chapter (437) မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ်

*ဧကရီဟောင်းတဲ့လား*
ပီခမ်း၏ ဟစ်ကြွေးသံကို ကြားလိုက်ရန်ချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုစဉ် ကောင်းကင် အလင်းသခင်၊ အရှင်နိုင်းလ်နှင့် ထောင်ချီသော သတ်ဖြတ်သူများက လင်းလန်ကို ဒူးထောက် အရိုအသေ ပေးလာကြသည်။
“ဧကရီဟောင်းကို ကြိုဆိုပါတယ်”
ဝုန်း!
ဤမြင်ကွင်းက ဂရေးကလန်သားများကို ထိတ်လန့်သွားစေသည်။ ယခုအချိန်၌ လင်းလန်အား တစ်စုံတစ်ယောက်က ပူးကပ်ထားလိမ့်မည်ဟု လူတိုင်း ထင်မှတ်မထားမိကြပါ။
ဒါက …
ယဲ့ဖန်၏ မျက်နှာက အလွန်အမင်း အေးစက်နေပြီး ဧကရီအား ခက်ထန်စွာ စိုက်ကြည့်နေသည်။
“မင်း ဘယ်သူလဲ၊ လင်းလန်ကို လွှတ်ပေး”
“ဟင်းဟင်း”
ထိုစကားကြောင့် ဧကရီ၏ မျက်နှာထက်၌ မခိုးမခန့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
သူမ၏ မျက်လုံးများက အလွန်အမင်း တောက်ပနေပြီး သူ့နှုတ်ခမ်းက တွန့်ရုံမျှသာ ပြုံးနေပြီး မကောင်းဆိုးဝါး ဆန်လှသည်။
“ဒီကောင်မလေးက ငါ့ဆက်ဆံသူပဲ၊ ငါ သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး”
“မင်းပဲ၊ နတ်ဆိုးမျိုးနွယ်က ကောင်စုတ်လေး၊ မင်းက ငါ့နဂါးငွေ့တန်း အင်ပါယာကို လာရှုပ်ချင်နေတာပဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ”
ဝုန်း!
ဤမြင်ကွင်းကြောင့် ပီခမ်း၊ ကောင်းကင်အလင်းသခင်နှင့် သတ်ဖြတ်သူများအားလုံး တက်ကြွသွားကြသည်။
စစ်ပွဲကား ပြောင်းလဲသွားလေသည်။ ဖျက်ဆီးခံရလုနီးပါး ဖြစ်နေသော မူလ နဂါးငွေ့တန်း စစ်တပ်ကြီးသည် ဧကရီဟောင်းက ခန္ဓာကိုယ်ကို ထိန်းချုပ်သွားနိုင်ပြီး စစ်ပွဲတစ်ခုလုံး ပြောင်းပြန်လန်သွားလိမ့်မည်ဟု ထင်မထားမိကြချေ။
ယဲ့ဖန် အပြင်းအထန် ထိခိုက်သွားသည်။ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
နဂါးငွေ့တန်း အင်ပါယာ၏ အုပ်ချုပ်သူသည် နတ်ဆိုးများကို စိစိညက်ညက် ကြေအောင် လုပ်နိုင်ပေသည်။
“ဧကရီ သူ့ကိုသတ်လိုက်ပါ၊ အဲ့နတ်ဆိုးက သတ်ဖြတ်သူ စစ်တပ်က ထောင်သောင်းချီတဲ့သူတွေကို သတ်ခဲ့ပါတယ်။ ကျွန်တော်မျိုး သူ့ကို ထောင်ချီတဲ့ဓားတွေနဲ့ အပိုင်းပိုင်းခုတ်ဖြတ်ချင်ဟလှပါတယ်”
ဧကရာဇ် ပီခမ်း၏ မျက်လုံးထဲ၌ မလိုမုန်းတီးစိတ်များ ပြည့်နှက်နေ၏။ ထိုစကားကို ကြားပြီး ကောင်းကင် အလင်းသခင်က မခိုးမခန့် ပြုံးလာသည်။
“ဧကရီ၊ အဲ့ဒီနတ်ဆိုးကောင်မှာ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်နဲ့ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် ရှိနေပါတယ်။ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး ထိပ်တန်း ခန္ဓာကိုယ် နှစ်မျိုးကို ထိန်းချုပ်နိုင်တာနဲ့ ဧကရီ လောကကြီးကို အုပ်စိုးနိုင်ပြီး ပြိုင်ဘက်ကင်းလာမှာပါ”
*ဘာ*
ထိုစကားက ဧကရီအား မျက်နှာပျက်သွားစေသည်။
*ဆန်းကြယ်ရေခဲခန္ဓာကိုယ်*
*ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်*
ထိုစဉ် ဧကရီက ကောင်းကင်အလင်းသခင်ကို သေသေချာချာ စိုက်ကြည့်လာသည်။
“လတ်စသက်တော့ မင်းလို ကောင်ငယ်လေးမှာ မသေမျိုး ခန္ဓာကိုယ် ရှိနေတာကိုး”
“ကောင်းပြီလေ၊ ငါ ဒီနတ်ဆိုးကောင်ကို သတ်လိုက်တာကို စောင့်နေလိုက်၊ ပြီးရင် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမယ်။ ဒါဆို ငါတို့ နဂါးငွေတန်း အင်ပါယာ ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် သုံးမျိုးတောင် ရှိလာတော့မယ်၊ ဟင်းဟင်း …”
ဧကရီသည် အလွန် ပျော်ရွှင်နေလေသည်။ သူမသည် အားရပါးရ ရယ်မောပြီးသည်နှင့် လက်သည်းများကိုဝင့်၍ လီယုံကို ဆွဲစုတ်ရန် ပြေးဝင်လာသည်။
ရွှစ်!
သူမသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းလှသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏မျက်နှာထားက ခက်ထန်သွားသည်၊ ယခုအခါတွင် သူသည် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ဧကရီနှင့် သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။
ဝုန်း! ဝုန်း! ဝုန်း!
အင်အားကြီးသူနှစ်ယောက်၏ တိုက်ပွဲက ကြောက်မက်ဖွယ်ကောင်းလှသည်။
ဧကရီ၏ခွန်အားသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ခြောက်ယောက်ထက် အဆပေါင်းများစွာ ပို၍ သန်မာလေသည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ အောက်ခြေရှိ ဂရေးဂြိုဟ်ကြီးသည် မြေဆီလွှာများ ဆက်၍ အက်ကွဲလာသည်။
နောက်ဆုံးတွင်မူ … ဝုန်း!
ဂရေးဂြိုဟ်ကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားလေသည်။
ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ပို၍ ထိတ်လန့်အံ့ဩစရာ ကောင်းသည်က ယဲ့ဖန်ပင်။
သူသည် အပြင်းအထန် ဒဏ်ရာရနေသော်လည်း သူသည် ထိုဒဏ်ရာများကို လျစ်လျူရှု၍ ဧကရီနှင့် အရူးသဖွယ် အကြိမ်ကြိမ် တိုက်ခိုက်နေ၏။
ဆန်းကြယ်ရေခဲချီဓာတ်များနှင့် အဆိပ်ငွေ့များက သူ့လက်ပေါ်မှ ဆက်တိုက် ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုချီဓာတ်နှစ်မျိုးက ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အဖြူနှင့် အနက်ရောင် ဘောလုံးအဖြစ် ပြောင်းလဲသွားသည်။
“ပေါက်ကွဲစမ်း”
ထိုစဉ် ထိုအဖြူနှင့် အနက်ရောင် ဘောလုံးက ဧကရီ၏ ဘေးနား၌ ပေါက်ကွဲသွားလေသည်။ ပေါက်ကွဲသံက ဧကရီကို ကြောက်လန့်သွားစေသည်။
သူမသည် ဥပဒေသ၏ အစွမ်းကိုကိုင်စွဲ၍ သေရေးရှင်ရေး အခြေအနေမှ လွတ်မြောက်အောင် ပြုလုပ်လိုက်ရသည်။
“သောက်နတ်ဆိုးကောင်”
ဧကရီသည် အလွန်အမင်း ဒေါသထွက်နေ၏။ သူမကဲ့သို့ မြင့်မြတ်သော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် နတ်ဘုရား ဆရာသခင်အဆင့်လေးကြောင့် ဤမျှ ဖိအားပေးခံရပြီး ပင်ပန်းခံရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
သူမတို့ကြားထဲ၌ အဆင့်ကွာဟချက်က အဆင့်ငယ် ဆယ့်ငါးဆင့်တောင် ရှိနေ၏။ အထူးသဖြင့် တစ်ဖက်လူက အပြင်းအထန် ဒဏ်ရာရထားသေးသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ကောင်လေး နင် ငါ့ကို ဒေါသထွက်လာအောင် လုပ်တဲ့နေရာမှာ အောင်မြင်သားပဲ”
ဧကရီ၏မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ သူမက သူမ၏ ချွန်ထက်သော လက်သည်းများကို ဝင့်လိုက်သည်။
“ဥဒေသ အသက်ဝင်စမ်း”
ထိုအသံနှင့်အတ ယဲ့ဖန်၏ ဘေးပတ်လည်မှ ဟင်းလင်းပြင်သည် ချက်ချင်း အေးခဲသွားလေသည်။ ဟင်းလင်ပြင် အေးခဲသွားပြီး ရုန်းကန်၍မရအောင် ထိန်းချုပ်ထားသောကြောင့် သူ့အတွက် လှုပ်ရှားရခက်နေသည်။
ထို့နောက်တွင်မူ ဧကရီ၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်ကို စုတ်ဖြဲလာသည်။
“မလုပ်နဲ့”
လင်းလန်၏ ဝိညာဉ်က အော်ဟစ်၍ ထွက်ပေါ်လာသည်။ သူမသည် သူမခန္ဓာကိုယ်ကို အရူးအမူး ထိန်းချုပ်ချင်နေပြီး အရာအားလုံးကို အသည်းအသန် ရပ်တန့်ပစ်ချင်နေသည်။
သို့သော် ဧကရီဟောင်း၏ စိတ်ဝိညာဉ်က အလွန် သန်မာလွန်းနေ၏။
ယဲ့ဖန်၏ခန္ဓာကိုယ်အား ချွန်ထက်သော လက်သည်းများက တစ်စစီ စုတ်ဖြဲသွားလေသည်။ ရဲရဲနီသော သွေးများ ပန်းထွက်လာလေတော့သည်။
*သေသွားပြီလား*
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်နှင့် ထောင်သောင်းချီသော နတ်ဆိုးများသည် မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
“သခင်ကြီး”
အော်သံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွားလေသည်။ သူတို့သည် ယဲ့ဖန်၏ စုတ်ပြဲသွားသော ခန္ဓာကိုယ်အား မယုံနိုင်၍ အံ့အားသင့်နေသော မျက်နှာများဖြင့် ကြည့်နေမိကြသည်။
“ယဲ့ဖန်”
လင်းလန်၏စိတ်ဝိညာဉ်သည် မျှော်လင့်ချက် ပျက်သုဉ်းသလို ခံစားသွားရလေတော့သည်။
ဧကရီ၏ နှုတ်ခမ်းထက်၌ သရော်ပြုံးကို ဆင်မြန်းထားသောလည်း မျက်ရည်များကတော့ ထိန်းမနိုင်ဘဲ စီးကျလာသည်။
ထိုမျက်ရည်များသည် လင်းလန်၏ မျက်ရည်များပင် ဖြစ်လေသည်။
*မင်း သေသွားပြီလား*
ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး သူတို့၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးနိုင်မဖိနိုင် ဖြစ်နေသည်။
“ဟားဟားဟား … နောက်ဆုံးတော့ အဲ့မျိုးမစစ်ကောင် သေသွားပြီပဲ၊ မင်း ငါ့ကို လုပ်ခဲ့တဲ့ ဒဏ်ရာတွေ၊ မင်း ငါ့ကို အရှက်ရခဲ့အောင် လုပ်ခဲ့တာတွေအားလုံး အခု ပျောက်ဆုံးသွားပြီကွ”
ကောင်းကင်အလင်းသခင်က ရူးသွပ်စွာ အော်ရယ်လေသည်။ ယခုအချိန်သည် နှစ်ဝက်အတောအတွင်း သူ့အတွက် အပျော်ဆုံး အချိန် ဖြစ်လာတော့သည်။
သူ၏ ရန်သူ သေသွားလေပြီ။ သူ၏ အာဃာတများအားလုံးကို ဖြေရှင်းပြီးသွားလေပြီ။
ဤအဖြစ်အပျက်က သူ့စိတ်ကို လုံးဝ ပေါ့ပါးသွားစေသည်။ ထိုသို့သောအချိန်၌ …
“သတိထား”
ဧကရီ၏ ထိတ်လန့်တကြား အော်ဟစ်လိုက်သံက ကောင်းကင်အလင်းသခင်ကို မှင်တက်သွားစေသည်။
သူ နောက်လှည့်ကြည့်လိုက်ပြီးနောက် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။
ယဲ့ဖန်၏ စုတ်ပြဲသွားသော ခန္ဓာကိုယ်သည် ရုတ်တရက် အနက်ရောင် နတ်ဆိုးချီမျှင်စုများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်အလင်းသခင်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်လာသည်။
သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ထိုချီမျှင်စုများက သူ့ကို ဖုံးအုပ်သွားသည်။
“မလုပ်နဲ့”
ကောင်းကင်အလင်းသခင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
သူ ထွက်ပြေးရန် ကြိုးစားရုန်းကန်သော်လည်း ဆန်းကြယ်ရေခဲချီဓာတ်များက သူ့တစ်ကိုယ်လုံးကို အေးခဲသွားအောင် ပြုလုပ်လာသည်။
ထိုသည်သာမကသေးချေ၊ အလွန် ပြင်းထန်သော အဆိပ်ဓာတ်ငွေ့များက ကောင်းကင်အလင်းသခင်၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။
ရွှစ်!
ကောင်းကင်အလင်းသခင်သည် လက်မောင်းတစ်ဖက်မှနေ၍ နာကျင်မှုကို ခံစားလိုက်မိသည်။ ထို့နောက် သူ၏ မှင်တက်နေသော အကြည့်များအောက်မှာပင် လက်မောင်းတစ်ဖက်က ပုပ်သိုးနေသော အသားစကဲ့သို့ ဆွေးမြည့်သွားလေ၏။
ထို့နောက် ထိုသို့ဆွေးမြည့်လာမှုက ပခုံးသို့ ရောက်ရှိလာသည်၊ ထို့နောက် ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေထောက်များထံသို့ ပျံ့နှံ့သွားတော့သည်။
“အား”
ကောင်းကင်အလင်းသခင်သည် တစ်ကိုယ်လုံး ပုရွက်ဆိတ်များ အကိုက်ခံရသကဲ့သို့ နာကျင်လာလေတော့သည်။
သူသည် ဆန်ခါဖြင့် စစ်ချသကဲ့သို့ နာကျင်နေ၏။ နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ရွံ့စေးသဖွယ် ဆွေးမြေ့သွားလေတော့သည်။
သေမင်းချီဓာတ်များ ရစ်ပတ်နေသော နေရာ၌ ဦးခေါင်းသာ ကျန်ရစ်ခဲ့သည်။
“ယဲ့ဖန် ရပ်ပါတော့၊ ငါ အရှုံးပေးပါတယ်၊ ငါ မင်းကို သခင်ကြီးအဖြစ် အသိအမှတ် ပြုပါ့မယ်”
“မလုပ်နဲ့ မင်း … အရူး … ရပ်စမ်း”
ကောင်းကင်အလင်းသခင် သွေးပျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က … သူ၏ မသေမျိုး ခန္ဓာကိုယ် ဇစ်မြစ်ကိုပါ ဝါးမျိုနေသည်ကို သူ ခံစားနေရသောကြောင့်ပင်။
ဤသည်က ကောင်းကင်အလင်းသခင်ကို သွေးပျက်ခြောက်ခြားစေသည်။
မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ် ဝါးမျိုခံလိုက်ရသည်နှင့် မသေမျိုးခန္ဓာကိုယ်ပိုင်ရှင်တောင်မှ သေချာပေါက် သေဆုံးရပေမည်။
“အလင်းသခင် အဆုံးသတ်ဖို့ အချိန်တန်ပြီ”
ယဲ့ဖန်၏ အသံထွက်ပေါ်လာပြီး ထိုအသံက ကောင်းကင်အလင်းသခင်၏ နားစည်ထဲ၌ ပဲ့တင်ထပ်နေပြီး သူ၏ စိတ်ဝိညာဉ်ကိုပါ ကြောက်လန့်စေပြီး ဖျက်ဆီးလို့လာသည်။
“မလုပ်နဲ့”
သွေးပျက်မတတ် အော်ဟစ်နေသော အသံ ပဲ့တင်ထပ်လာပြီးနောက် ကောင်းကင်အလင်းသခင်၏ ဦးခေါင်းပါ ဝါးမျိုခံလိုက်ရသည်။
နောက်ဆုံးတွင် ရွှံ့စေးတစ်ခုသာ လေထဲ မျောလွင့်၍ ကျန်ရစ်ခဲ့တော့သည်။ မသေမျိုး ခန္ဓာကိုယ်၏ မူလဇစ်မြစ်ကို နတ်ဆိုးချီဓာတ်များက ဝါးမျိုသွားလေတော့သည်။
ထိုနတ်ဆိုးချီဓာတ်များသည် ပုံရိပ်မည်းတစ်ခုအသွင် ဖြစ်ပေါ်လာ၏။
ထိုပုံရိပ်သည်ကား … ယဲ့ဖန်ပင် ဖြစ်လေတော့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now