Chapter 455

793 81 0
                                    

ငရဲမှလာသောသူ
The Man From Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (31) Chapter (455) ငါ ဒီကို သတ်ဖို့လာတာ

တိတ်ဆိတ်လို့သွားလေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ စကားအဆုံး၌ သားသတ်အသင်းတစ်ခုလုံး သုသာန်အလား ငြိမ်သက်လို့နေ၏။
လှောင်ချိုင့်ထဲမှ လူကြီးတောင်မှ တိုက်ခိုက်ရာမှ ရပ်သွားလေသည်။
သတ်ဖြတ်လိုဟန်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။ လူသတ်လိုသော အရိပ်အငွေ့များက လွှမ်းမိုးလာလေသည်။
“လူကြီးမင်း၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား”
စားပွဲထိုး၏မျက်နှာက အေးစက်လာပြီး မျက်လုံးများက တောက်ပလာသည်။
ရှန်းပေါင်သည် သားသတ်အသင်း၏ ဒုတိယခေါင်းဆောင် ဖြစ်သည်။
ဤလူက ရှန်းပေါင်၏ သွေးကို သောက်ချင်နေသည်ဟု ပြောခြင်းသည် သားသတ်အသင်း တစ်ခုလုံးကို ရန်စလိုက်ခြင်းသာ ဖြစ်လေသည်။
ထိုသည်သာမကသေးချေ။ ထိုစားပွဲထိုးသည် စားပွဲပေါ်မှ ယဲ့ဖန်ချထားသော ခေါင်းပြတ်ကို မြင်ပြီးနောက် မသိမသာ တွေဝေသွားသည်။
ထို့နောက် သူ့မျက်နှာက ပြာနှမ်းသွားလေသည်။
“ဒါ … အစ်ကိုကြီး ရှန်းပေါင် ကိုယ်ပွားရဲ့ ခေါင်းပဲ၊ သေစမ်း”
စားပွဲထိုး၏ အော်သံနှင့်အတူ အသင်းတစ်ခုလုံးမှ သိုင်းပညာရှင်များအားလုံး ထရပ်လာသည်။ အားလုံးသည် စားပွဲပေါ်မှ ခေါင်းပြတ်ကို လှမ်းကြည့်ပြီးနောက် ထိတ်လန့် ဒေါသထွက် လာကြသည်။
ထို့အပြင် စားပွဲထိုးလေးက အသင်း၏ ဒုတိယအထပ်သို့ ပြေးတက်သွားသည်။
“သခင်ကြီးနဲ့ ဒုသခင်ကြီးကို မြန်မြန်ခေါ်ကြ၊ တစ်ယောက်ယောက်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေပြီ”
ထိုစကားကို ကြားသည်နှင့် ဒုတိယထပ်ရှိ စားပွဲထိုးက လှစ်ခနဲ ပျောက်ကွယ်သွားသည်။ တစ်ခဏ အကြာ၌
ဒေါက် ဒေါက် ဒေါက်
ဒုတိယထပ်မှနေ၍ ခြေသံများ ထွက်ပေါ်လာလေသည်။ ထို့နောက် ဘေးနှစ်ဘက်မှနေ၍ အသင်း၏ သိုင်းပညာရှင်များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့၏ ရှေ့၌ ယောက်ျားနှစ်ယောက်က ဒုတိယထပ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။
သန်မာလှပေသည်။ ယခုလေးတင် ဆင်းလာသော ထိုလူစုသည် ရုတ်တရက် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှင့်လာပြီး ထိုအရှိန်အဝါက အသင်းတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
ရှေ့မှဦးဆောင်လာသောသူသည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် သိုင်းပညာရှင် ဖြစ်သည်။
သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ ကောင်းကင်တာအိုသဘောတရားများ ပါဝင်နေသကဲ့သို့ လူတို့အား အပြင်းအထန် ရင်တုန်သွားစေပြီး နှလုံးပေါက်ကွဲ၍ အချိန်မရွေး သေသွားမလား ထင်ရစေသည်။
သူ့ဘေး၌ ရက်စက်သောသူတစ်ယောက် ရှိနေသည်။ ထိုသူကား ယဲ့ဖန် သတ်ခဲ့သော ရှန်းပေါင်ပင်။
ယဲ့ဖန် သတ်ခဲ့လိုက်သည်မှာ သူ၏ကိုယ်ပွားသာ ဖြစ်ပြီး လက်ရှိသူကတော့ အစစ်အမှန် ဖြစ်လေသည်။
ယဲ့ဖန်နှင့် စားပွဲပေါ်မှ ကိုယ်ပွား၏ ခေါင်းပြတ်ကိုမြင်ပြီး ရှန်းပေါင်သည် ဒေါသကြောင့် တုန်ယင် လာသည်။
လူသတ်ချင်သည့် အရှိန်အဝါများက ကောင်းကင်အထိ မြင့်တက်လာလေသည်။
“ဟေ့ကောင်လေး၊ မင်း ငါ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တာလား”
ရှန်းပေါင်၏ မျက်နှာက ပြာနှမ်းလာသည်။
ယနေ့မနက်တွင် သူ၏ကိုယ်ပွားသည် အပြင်ဘက်၌ တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နတ်ဘုရား စိတ်ဝိညာဉ်သည်လည်း သုတ်သင်ခံခဲ့ရသည်။
သူသည် စုံစမ်းစစ်ဆေးရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီးသား ဖြစ်သည်။
စုံစမ်းစစ်ဆေးခြင်း၏ သတင်းက ပြန်လည်ရောက်ရှိလာခြင်း မရှိချေ၊ သို့သော် လူသတ်သမားက မျက်စိရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မည်ဟု ထင်မထားမိပါ။
ဤသည်မှာ အမှန်ပင် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။
ရှန်းပေါင်၏ စကားကို နားထောင်ပြီးနောက် ယဲ့ဖန်က မခိုးမခန့်ပြုံး၍ ပြောလိုက်သည်။
“ငါ မင်းကိုယ်ပွားကို သားရဲ အမြုတေကို လိုချင်ရင် သူ့အသက်နဲ့ လဲရမယ်လို့ ပြောခဲ့တာလေ”
“အခု ငါ ဒီကို သတ်ဖို့လာတာ”
*မောက်မာလိုက်တာ*
သားသတ်အသင်း၏ ရာနှင့်ချီသော သိုင်းပညာရှင်များရှေ့၌ တစ်စုံတစ်ယောက်က ထိုမျှ မောက်မာလိမ့်မည်ဟု ထင်မထားမိချေ။
သခင်ကြီး ရှန်းလုံက အေးတိအေးစက်ကြည့်၍ ခက်ထန်စွာ မေးလိုက်သည်။
“မိတ်ဆွေ၊ မင်း ငါတို့ရန်သူ ဖြစ်ချင်တာ သေချာလား”
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သခင်ကြီး ရှန်းလုံသည် ယဲ့ဖန်ထံမှနေ၍ ဖိနှိပ်ချုပ်ချယ် နိုင်သော အရှိန်အဝါမျိုးကို ခံစားမိနေသည်။
ယဲ့ဖန်၌ သူ့အား ကြောက်လန့်စေနိုင်သော တစ်စုံတစ်ခု ရှိနေသလိုပင်။
ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်က ပြုံး၍ ခေါင်းခါလေသည်။
“ခင်ဗျား အထင်လွဲနေပြီ”
“ကျုပ်က ခင်ဗျားကို ရန်စဖို့ လာတာမဟုတ်ဘူး၊ ကျုပ်က ဒီကို သတ်ဖို့လာတာ”
ယဲ့ဖန်က ထိုသို့ပြောပြီး ရှန်းလုံအား ကြည့်နေသည်။ သူ့နှုတ်ခမ်း၌ သွေးဆာနေသော အရိပ်အယောင်များ ပါဝင်နေ၏။
“ရွေးချယ်စရာ နှစ်ခုရှိတယ်၊ သူ သေမလား ဒါမှဟုတ် ခင်ဗျား … ခင်ဗျားတို့ နှစ်ယောက်လုံး အသေခံမလား”
*ဘာ*
ယဲ့ဖန်၏စကားက ချက်ချင်းဆိုသလို ဒေါသကို ဆွပေးသလို ဖြစ်သွားသည်။
သားသတ်အသင်း တစ်ခုလုံးရှိ ရာနှင့်ချီသော သိုင်းပညာရှင်များသည် အလွန် ဒေါသထွက်ကာ အော်ဟစ်၍ မာန်မဲလာကြသည်။
“မောက်မာလိုက်တဲ့ ပုရွက်ဆိတ်လေး၊ နတ်ဘုရား ဆရာသခင်အဆင့်လေးကများ သတ်နိုင်သလို လာဟန်ဆောင်နေတယ်”
“ဟမ့် … ဒီလောက် ဟန်ဆောင်ကောင်းတဲ့ကောင်မျိုးကို အခုမှ မြင်ဖူးထားပဲ၊ သူ့ကို ရှစ်ပိုင်း ပိုင်းပြီး လွှင့်ပစ်ရမယ်”
“ဟားဟားဟား … အရူးကွာ၊ ဒီနေ့ မင်း အသင်းအပြင်ကို ပြန်မထွက်နိုင်စေရဘူးကွ”
“…”
ချွင်!
ချက်ချင်းဆိုသလိုပင် သားသတ်အသင်း အတွင်းရှိ ရာနှင့်ချီသော သိုင်းပညာရှင်များအားလုံးက သတ်ဖြတ်လိုဟန်ဖြင့် သူတို့၏ ဓားများကို ဆွဲထုတ်လာကြသည်။
ဤမြင်ကွင်းကိုကြည့်ပြီး လှောင်ချိုင့်ထဲမှ သဲအိတ်လေးသည် ပြူးကျယ်သော မျက်လုံးများဖြင့် ယဲ့ဖန်အား စပ်စုသလို ကြည့်နေသည်။
သူသည် ဤနေရာ၌ အဖမ်းခံထားရသည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ သုံးနှစ်အတွင်း၌ သားသတ်အသင်း တစ်ခုလုံး၏ တည်ရှိမှုကို စိန်ခေါ်လိုသည့် ပထမဆုံးသူက ယဲ့ဖန်ပင်။
“သူ … ဒါကို တကယ် လုပ်နိုင်လို့လား”
သဲအိတ်လေး မယုံနိုင်သလို ဖြစ်နေ၏။ ရှန်းလုံ၏ ကျေးကျွန်ဖြစ်သောကြောင့် သူသည် ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိနေပါသည်။
သူ၏မိဘများနှင့် သူ၏ တာအိုအစောင့်အရှောက်များအားလုံးကို ထိုသူက သတ်ခဲ့ခြင်း ဖြစ်သည်။ ရှန်းလုံသည် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။
ယခုအခါတွင် ယဲ့ဖန်က ရှန်းလုံ၊ ရှန်းပေါင်နှင့် ရာချီသော သိုင်းပညာရှင်များကို ရန်စနေသည်။ ဤသည်မှာ သေဖို့ရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။
ထိုစဉ် သူ့လူများ၏ လူသတ်လိုသော အရှိန်အဝါကိုကြည့်ပြီး ရှန်းလုံ မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းပြလိုက်သည်။
အသင်းတစ်ခုလုံး အော်ဟစ်၍ သတ်ဖြတ်လိုဟန်များက ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။ ရှန်းလုံ၏ အမူအရာတိုင်းက လွှမ်းမိုးနိုင်ပုံရပြီး လူတိုင်းက နာခံကြလေသည်။
“မိတ်ဆွေ၊ မင်း အခု ဒီထဲကနေ မင်းသာသာမင်း ထွက်သွားရင် ငါ ဘာမှမဖြစ်ခဲ့သလို နေလိုက်မယ်။ မင်း ငါ့ညီ ရှန်းပေါင်ရဲ့ ကိုယ်ပွားကို သတ်ခဲ့တာကိုလည်း ငါ မေ့ထားလိုက်မယ်”
ရှန်းလုံက ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
“ဘယ်လိုလဲ”
*ဘာ*
*သူ့ကို သွားခွင့်ပေးမယ်တဲ့လား*
ထိုသို့သောအချိန်၌ သူ့ဘေးမှ ရှန်းပေါင်နှင့် ရာချီသော သိုင်းပညာရှင်များအားလုံး မိမိနားနှင့် ကြားလိုက်ရသည်များကို မယုံနိုင်သလို ဖြစ်နေ၏။
သူတို့မျက်လုံးထဲတွင် ရှန်းလုံသည် ရက်စက်ကြမ်းကုတ်သော သူများထဲ၌ ဧကရာဇ်သာ ဖြစ်သည်။
အလွန် ရက်စက်သည်။ မသက်ညှာတတ်ချေ။
သို့သော် ယခုအခါတွင် သူသည် ရှန်းပေါင်၏ ကိုယ်ပွားကို သတ်ခဲ့သော လူသတ်သမားကို သွားခွင့်ပေးနေ၏။
ပြောရမည်ဆိုလျင် လူသတ်သမားက အသင်းသားအားလုံးကို ရန်စနေခြင်း ဖြစ်သည်။ ဤသည်ကြောင့် လူတိုင်း ယုံရခက်နေလေသည်။
“အစ်ကိုကြီး ခင်ဗျား …”
ရှန်းပေါင် နားချချင်နေ၏။ သူ ဘာတစ်လုံးမှ မပြောရသေးခင်မှာပင် ရှန်းလုံ၏ အကြည့်ကြောင့် သူ ချက်ချင်း ပြောချင်သည့်စကားများကို မြိုသိပ်လိုက်ရသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်က ရှန်းလုံအား အနည်းငယ် အံ့ဩနေဟန်ဖြင့် ကြည့်နေသည်။ ထိုသူသည် လူမိုက်များစွာကို တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်သည်။
ဒေါသကို ပိုထိန်းနိုင်ပြီး ဘေးဒုက္ခကို ရှောင်တိမ်းတတ်သည်။
သူသည် ရှိန်လောက်သော သူတစ်ယောက်ပင်။ သူ ယဲ့ဖန်နှင့် လာဆုံမိသည်က စိတ်မကောင်းစရာပင်။
“ဒီတော့ မင်းရွေးတာက မင်းတို့အားလုံး သေတဲ့လမ်းကိုလား”
ယဲ့ဖန်က ရှန်းလုံကို တည့်တည့်စိုက်ကြည့်၍ ပြုံးနေသည်။ သူ့စကားက ရှန်းလုံအား အလွန် မျက်နှာပျက်သွားစေသည်။
“ကောင်းပြီလေ၊ မဆင်မခြင် ပြုမူတတ်တဲ့ကောင်ပါလား”
“မင်း မလုပ်နိုင်မှာကို ငါ စိုးရိမ်တယ်များ မှတ်နေလား”
ထိုသို့ပြောလိုက်ပြီးနောက် ရှန်းလုံ၏ မျက်လုံးများက အလွန်အမင်း ခက်ထန်လာသည်။
“မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ထို့နောက် ရှန်းလုံက လက်ကိုဝင့်၍ ပြောလိုက်သည်။
“သူ့ကို အတူတူ သတ်ကြ”
“ရား”
ရှန်းလုံ၏ စကားကို ကြားသည်နှင့် ရုတ်တရက် အသင်းတစ်ခုလုံးရှိ ရာချီသော သိုင်းပညာရှင်များက အရူးအမူး လှုပ်ရှားလာသည်။
ရွှစ်! ရွှစ်! ရွှစ်!
လူရိပ်တစ်ခုက ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။ အသင်းတစ်ခုလုံးရှိ သိုင်းပညာရှင်များကလည်း ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
ဓားသွားများက ဆီးနှင်းပွင့်များပမာ ယဲ့ဖန်ထံ ကျရောက်လာသည်။
ထိုသို့သောအချိန်၌ ပြေးလမ်းမရှိသလို ခုခံစရာ နေရာလည်း မရှိချေ။ နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်တောင်မှ တစ်စစီ ခုတ်ပိုင်းခံရလောက်သည်။
ထိုစဉ် သဲအိတ်လေးက ယဲ့ဖန်ကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်လာသည်။
*သွားပြီ*
သူသည် ယဲ့ဖန်၏ ကြမ္မာဆိုးကို မြင်ယောင်နေသကဲ့သို့ သနားစိတ်ဖြင့် မျက်လုံးမှိတ်ထားမိသည်။
ထိုစဉ် ယဲ့ဖန်သည် အပေါ်မှ ဓားများ ကျဆင်းလာသည်ကို မမြင်သကဲ့သို့ ပြုမူနေသည်။ သူသည် စားပွဲပေါ်မှ လက်ဘက်ရည်တစ်ခွက်ကို ယူ၍ အေးအေးဆေးဆေး ငှဲ့၍ ဖြည်းဖြည်းချင်း အရသာခံ နေသည်။
*ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“သေစမ်း”
လှစ်ခနဲဆိုသလို ဓားချက်က ယဲ့ဖန်၏ ဦးခေါင်းထံသို့ ကျရောက်လာသည်။ တစ်ချိန်တည်းမှာပင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
သွေးစွန်းဓားတစ်ဘက်က လျှပ်စီးကဲ့သို့ တံခါးကိုဖြတ်၍ ရောက်ရှိ်လာသည်။
ထိုဓားသည် ရောက်ရှိလာပြီးသည်နှင့် သွေးများ ပြန့်ကျဲလာသည်။ ထိုမြင်ကွင်းသည် လူတိုင်းအား သေမတတ် ကြောက်လန့်သွားစေသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now