Chapter 469

980 104 7
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (32) Chapter (469) နတ်မိမယ်

ကျားနက်ဧကရာဇ် ကျဆုံးသွားပြီးနောက် ထိပ်တန်း နတ်ဆိုးဘုရင်ဆယ်ယောက်သည် ထောင်သောင်းချီသော နတ်ဆိုးများကို ဦးဆောင်၍ သွေးစွန်းသော လမ်းခရီးကို ဖော်ဆောင် လေတော့သည်။
အဆင့်တစ် အင်ပါယာတိုင်း၏ တော်ဝင်မျိုးနွယ်များ ပျက်သုဉ်းသွားကြသည်။ ကြောက်မက်ဖွယ် ကောင်းသော ဂြိုဟ်နယ်မြေများအားလုံးကို နတ်ဆိုးများ ပိုင်ဆိုင်သွားသည်။
အချိန်တိုအတွင်းမှာပင် မူလက ကျားနက် အင်ပါယာ ပိုင်ဆိုင်ခဲ့သော အဆင့်နှစ် အင်ပါယာ ခြောက်ခုနှင့် အဆင့်တစ် အင်ပါယာ ဆယ့်လေးခုတို့အား နတ်ဆိုးများက သိမ်းပိုက်သွား လေတော့သည်။
ထိုအချိန်မှစ၍ ကျားနက် အင်ပါယာအား နဂါးငွေ့တန်း အင်ပါယာဟု နာမည်ပြောင်းလဲလိုက်သည်။ ပင်မဂြိုဟ်သည် ကမ္ဘာဂြိုဟ် ဖြစ်နေဆဲပင်။ အရှင်သခင်ကတော့ ဧကရီ လင်းလန်ပင်။ ယဲ့ဖန်သည် နဂါးငွေ့တန်း စစ်နတ်ဘုရားအဖြစ် ဆက်၍ ရှိနေ၏။
ချက်ချင်းဆိုသလိုပင် အင်ပါယာအတွင်းရှိ ဂြိုဟ်ပေါင်း တစ်သောင်းကျော်မှ ကြောက်မက်ဖွယ် အင်အားစုများသည် ကမ္ဘာဂြိုဟ်ထံသို့ ဦးတည်၍ ထွက်ခွာလာကြသည်။
ကြယ်စုကြယ်ဝေးများကြား၌ သိုင်းပညာရှင်များနှင့် ပြည့်နှက်နေသည်။ သူတို့အားလုံးသည် ကမ္ဘာဂြိုဟ်သို့ ပြောင်းလာကြခြင်း ဖြစ်လေသည်။

သို့သော် ယဲ့ဖန်ကတော့ ထိပ်တန်း နတ်ဆိုးဘုရင် ဆယ်ယောက်နှင့်အတူ ကမ္ဘာဂြိုဟ်သို့ ပြန်လိုက်မသွားခဲ့ချေ။ သူ တစ်ယောက်တည်း စကြဝဠာထဲ၌ ခရီးဆန့်နေသည်။
“မြေပုံပေါ်က ဂြိုဟ်တွေဆီကို မကြာခင် ရောက်တော့မှာပဲ”
ခါရန် စစ်သင်္ဘောပေါ်၌ ယဲ့ဖန်သည် မြေပုံတစ်ခုကို ကိုင်၍ တစ်ကိုယ်တည်း တီးတိုးပြောနေသည်။ ထိုမြေပုံသည် အလွန် ရိုးစင်းလှသည်။
အစပိုင်း၌ သူသည် ကျားနက် ဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ကျားနက်ဧကရာဇ်၏ ခန္ဓာကိုယ်အား ပြာမှုန့်ဖြစ်အောင် လုပ်ခဲ့သည်။
ဤမြေပုံတစ်ခုတည်းသာ ပကတိအတိုင်း ကျန်ရစ်ခဲ့သည်။ ငရဲမီးတောင်မှ ဤမြေပုံကို လောင်ကျွမ်းအောင် မလုပ်နိုင်ပါ။
“ငါ ထင်တာသာ မှန်မယ်ဆိုရင် ဒီမြေပုံက ရှေးဟောင်း နတ်ဘုရား သားရဲရဲ့ အရေပြားနဲ့ မွမ်းမံ ပြုလုပ်ထားတာပဲ ဖြစ်မယ်”
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။ ဤမြေပုံကို ရှေးဟောင်း နတ်ဘုရား သားရဲရဲ့ မြေပုံနဲ့ လုပ်ထားတာဆိုလျင် ထိုအထဲမှ ပါရှိသော အရာများသည် သာမန်ထက် ထူးကဲပေလောက်သည်။
ထိုသို့တွေးမိပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက အလွန် မျှော်လင့်ထားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ခါရန် စစ်သင်္ဘောသည် စကြဝဠာထဲ၌ ဆက်လက်၍ တစ်ဟုန်ထိုး မောင်းနှင်နေ၏။ မကြာခင်မှာပင် သူသည် အဆင့်နှစ် အင်ပါယာဖြစ်သော ကျားလန် အင်ပါယာထဲသို့ ရောက်ရှိသွားသည်။
ဤကျားလန် အင်ပါယာသည်ကျားနက်ဂြိုဟ်တိုက်ပွဲ၌ မပါဝင်ခဲ့သော တစ်ခုတည်းသော အင်ပါယာ ဖြစ်လေသည်။ ထို့အတူ နတ်ဆိုးမျိုးနွယ်များကို စိတ်လိုလက်ရ သစ္စာခံသည့် ပထမဆုံးသော အင်ပါယာလည်း ဖြစ်ပေသည်။
ထို့ကြောင့် ယခုအချိန်တွင် ယဲ့ဖန်၏ ပန်းတိုင်ဖြစ်သည့် နတ်မိမယ်ဂြိုဟ်အား ကျားလန် အင်ပါယာအတွင်းမှ သွားမည် ဖြစ်သည်။
“အရှေ့က ဂြိုဟ်က နတ်မိမယ်ဂြိုဟ် ဖြစ်မယ်ထင်တယ်”
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အရှေ့ဘက် အာကာသထဲ၌ ခရမ်းရောင်ဂြိုဟ်တစ်ခုကို လှမ်းတွေ့လိုက်သည်။
လှပသည်၊ သာယာလှပလှသည်။ ထို့အပြင် ယဲ့ဖန်သည် သူ နတ်မိမယ်ဂြိုဟ်နှင့် နီးကပ်လာချိန်တွင် ဘေးပတ်လည်၌ စစ်သင်္ဘောများ ပို၍များပြားလာသည်ကို ရုတ်တရက် သတိထားမိသွားသည်။
စစ်သင်္ဘော ဆယ်စီး၊ အစီး နှစ်ဆယ်၊ အစီး ငါးဆယ်၊ အစီးတစ်ရာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သင်္ဘော အစီးတစ်ရာကျော်တို့သည် နတ်မိမယ်ဂြိုဟ်သို့ ဦးတည်၍ မောင်းနှင်လာကြသည်။
နတ်မိမယ်ဂြိုဟ်၌ ဂြိုဟ်များစွာတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခု ရှိနေလေသလားဟု ထင်မှတ်ရလေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့အကြားအာရုံကို နှိုးဆွလိုက်သည်။
ထို့နောက် ဘေးပတ်လည်ရှိ စစ်သင်္ဘောများမှ သိုင်းပညာရှင်များ၏ စကားများကို နားထောင်နေ လိုက်သည်။
“မြတ်စွာဘုရား၊ စစ်သင်္ဘောတွေ များလှချည်လား၊ ကြည့်ရတာ ဒီတစ်ခေါက် နတ်မိမယ်ဂြိုဟ်ရဲ့ ခရမ်းပြာ နတ်မိမယ်က ခင်ပွန်းလောင်းတစ်ယောက် ရွေးချယ်မယ်နဲ့တူတယ်၊ ဒါက ကျားလန် အင်ပါယာတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့တာပဲ”
“အဆင်မပြေဘူး …ခရမ်းပြာ နယ်မိမယ်က ကျားလန် အင်ပါယာရဲ့ ပထမဆုံး နတ်မိမယ်ပဲ၊ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက အင်ပါယာထဲက မရေတွက်နိုင်တဲ့ ပါရမီရင်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တယ်၊ ဒီတစ်ခေါက် အဲ့ဒီ ပါရမီရှင် လူငယ်တွေအားလုံး ဒီကိုရောက်နေမှာကို ငါ စိုးရိမ်မိတယ်”
“အင်း …ငါ့ရဲ့ နတ်မိမယ်လေး၊ ဒီတစ်ခေါက်တော့ ငါ သူနဲ့လွဲရမှာကို စိုးရိမ်မိတယ်၊ ဒါပေမဲ့ နတ်မိမယ်လေးရဲ့ အလှတရားကို တစ်သက်လုံး တွေ့ဖို့ မလွယ်ဘူးလေ”
“…”
ထိုသို့သောအချိန်၌ စစ်သင်္ဘောများပေါ်မှ သိုင်းပညာရှင်များ ပြောဆိုနေသော စကားများကို နားထောင်ပြီးနောက် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
*ခရမ်းပြာ နတ်မိမယ်*
*ပါရမီရှင်တွေကို ခန့်အပ်မယ်*
ယဲ့ဖန် အသာ ခေါင်းခါလိုက်သည်။ သူသည် နတ်မိမယ်ကို စိတ်မဝင်စားသော်လည်း နတ်မိမယ်ဂြိုဟ်‌ပေါ်မှ ရတနာများကိုတော့ သူ အလွန် သိချင်မိသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ဘာကိုမျှ ဂရုမစိုက်ဘဲ စစ်သင်္ဘောကို ထိန်းချုပ်၍ ရှေ့သို့ ဦးတည်ကာ မောင်းနှင်လိုက်သည်။
ဝုန်း!
သို့သော် ထိုအချိန်၌ စစ်သင်္ဘောတစ်စီး၏ စက်သံ ထွက်ပေါ်လာသည်။ ဧရာမ C အဆင့် စစ်သင်္ဘောတစ်စီးက သားရဲတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် မောင်းနှင်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“အဲ့ …အဲ့ဒါ ကျားလန် မင်းသားရဲ့ စစ်သင်္ဘောပဲ၊ မြန်မြန်လုပ်ကြ”
ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ စစ်သင်္ဘောရှိ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
အထိတ်တလန့်နှင့် သူတို့၏ စစ်သင်္ဘောများကို ထိန်းချုပ်၍ ဘေးသို့ ရှောင်တိမ်းကြသည်။
သို့သော် ထိုသို့ရှောင်တိမ်းနေလျက်နှင့် စစ်သင်္ဘောတစ်ချို့တို့သည် ဝင်တိုက်ခံရပြီး ပျက်ဆီး သွားလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ကြောက်ခမန်းလိလိ မီးတောက်များက ဂြိုဟ်များ၌ တောက်လောင်နေသည်။ ထိုစစ်သင်္ဘောများမှ သိုင်းပညာရှင်များသည် တစ်ချက်ကလေးပင် မအော်လိုက်ရဘဲ ထိုကြောက်မက်ဖွယ်ကောင်းသည့် C အဆင့် စစ်သင်္ဘော၏ သေသည်အထိ ဝင်တိုက်ခြင်းကို ခံလိုက်ရလေသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူများအားလုံး အံ့ဩသွားကြသည်။ မြင့်မြတ်သော မင်းသား ကျားလန်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
သူ့လမ်း၌ ပိတ်ရပ်သည်နှင့် သေရလေသည်။ ယခုအချိန်၌ စစ်သင်္ဘောပေါ်မှ သိုင်းပညာရှင်များ အားလုံး စက္ကူစကဲ့သို့ ဖြူရော်လာကြသည်။
C အဆင့် စစ်သင်္ဘောကို ကြည့်ပြီး သူတို့သည် သရဲသဘက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်နေကြသည်။
C အဆင့် စစ်သင်္ဘောသည် အလွန်အမင်း ဈေးကြီးလှပြီး ထိပ်တန်း အင်ပါယာများ၏ တော်ဝင်မိသားစုများသာလျင် အသုံးပြုနိုင်သည်။
ဥပမာပြောရမည်ဆိုလျင် အစပိုင်း၌ ကျားနက် အင်ပါယာ၏ တတိယမင်းသားသည် C အဆင့် စစ်သင်္ဘောကို ထိန်းချုပ်၍ ကမ္ဘာမြေသို့ ရောက်လာခဲ့သည်။
ယခုအခါတွင်လည်း …
“ဟားဟားဟား …ပုရွက်ဆိတ်လိုကောင်တွေ၊ မင်းတို့ကောင်တွေက ခရမ်းပြာ နတ်မိမယ်ရဲ့ နှလုံးသားကို ရယူချင်တယ်ပေါ့၊ အိပ်မက်ထဲမှာပဲ ရမယ်”
ထိုစဉ် ထို C အဆင့် စစ်သင်္ဘောထံမှ မိုးခြိမ်းသံကဲ့သို့ ရယ်သံထွက်ပေါ်လာသည်။ အဝါရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က စစ်သင်္ဘောထဲ၌ မားမားမတ်မတ် ရပ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။
သူသည် မင်းသား ကျားလန်ပင်။
“ငါ့ကို သိတဲ့လူတွေ ငါ့ရှေ့က ဖယ်ကြစမ်း”
“ငါ့အပေါ် မကောင်းလို့ကတော့ သေရမယ်၊ ငါ့လမ်းကို တားရဲရင် အသတ်ခံရမယ်”
ကျားလန် မင်းသားသည် အနိုင်ကျင့် နှိပ်စက်တတ်သူ တစ်ယောက်ပင် ဖြစ်လေသည်။ ထို့အတူ သူ၏ စကားများက စကြဝဠာထဲရှိ စစ်သင်္ဘောအားလုံးအား အသည်းအသန် ထွက်ပြေး တိမ်းရှောင်သွားစေသည်။ သူတို့ ထိခိုက်နစ်နာသွားကြမည်ကို ကြောက်လန့်နေကြသည်။
ထိုသို့သောအချိန်၌ ရှေ့ဆုံးမှ E အဆင့် စစ်သင်္ဘောတစ်စီးက မင်းသား ကျားလန်၏ စကားကို ကြားပုံမရဘဲ ဂြိုဟ်များကြား၌ ဖြည်းညင်းစွာ မောင်းနှင်နေသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားသည်။ လျင်မြန်စွာ ထွက်ပြေးနိုင်ဘဲ အတိုက်ခံရမည်ကို သိသော်လည်း ကိုယ့်သေတွင်း ကိုယ်တူးနေသည့်သူတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*သူတော့ သွားမှာပဲ*
ထိုသို့သောအချိန်၌ ဘေးပတ်လည်မှ စစ်သင်္ဘောများရှိ သိုင်းပညာရှင်များက ခါရန် စစ်သင်္ဘောကို သနားသလို ကြည့်နေကြသည်။ ဝင်တိုက်ခံရတော့မည့် သနားစရာ ပိုးကောင်လေး၏ အဖြစ်ကို မြင်ယောင်သလို ကြည့်နေကြလေသည်။
“သူ့ကို တိုက်ပစ်လိုက်”
မင်းသား ကျားလန်သည်လည်း ခါရန်စစ်သင်္ဘောကို သတိထားမိသွားသည့်ပုံပင်။ သူ့နှုတ်ခမ်း၌ လှောင်ရိပ်များ တွဲခိုနေ၏။ သူ့အမိန့်အဆုံး၌ C အဆင့် စစ်သင်္ဘောကြီးသည် ယဲ့ဖန်၏ စစ်သင်္ဘောထံသို့ ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် မောင်းနှင်လာသည်။
C အဆင့် စစ်သင်္ဘောက E အဆင့် စစ်သင်္ဘောကို ချေမွပစ်တော့မည်။ ဤသည်က ကျားက ပုရွက်ဆိတ်ကို နင်းခြေလိုက်သလိုပင်။ အခက်အခဲမရှိသည်မှာ သေချာလှသည်။
အရှေ့ရှိ ခါရန်စစ်သင်္ဘောပေါ်၌ ထိုင်နေသော ယဲ့ဖန်ကို ကြည့်ပြီး မင်းသား ကျားလန်၏ နှုတ်ခမ်း၌ သွေးဆာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏ စစ်သင်္ဘောကြောင့် ထိုသူ တစ်စစီ ဖြစ်သွားတော့မည်ကို သူ မြင်ယောင်နေပုံရသည်။
ဝုန်း!
ကျားလန်၏ စစ်သင်္ဘောက ယဲ့ဖန်၏ စစ်သင်္ဘောကို ပြင်းထန်စွာ ဝင်တိုက်လေသည်။ ထိုသို့သော အချိန်၌ ကြောက်ခမန်းလိလိ အလင်းတန်းများ ထွက်ပေါ်လာပြီး ကျားလန်မင်းသား၏ အပြုံးအား ချက်ချင်း အေးခဲသွားစေသည်။
သူ၏ C အဆင့် စစ်သင်္ဘောက နှစ်ထောင်ချီ သက်တမ်းရှိသော သံမဏိအား ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရသောကြောင့် သူ ထိတ်လန့်သွားရသည်။
ချက်ချင်းဆိုသလိုပင် သူ၏စစ်သင်္ဘော ကိုယ်ထည်၌ အက်ရာများ ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး”
ကျားလန် မင်းသားနှင့် သူ၏ သိုင်းပညာရှင်များ အကြီးအကျယ် မျက်နှာပျက်ကာ ဟန်မကိုယ့်နိုင်ဘဲ စစ်သင်္ဘောထဲမှ အသည်းအသန် ထွက်ပြေးကြသည်။
ဝုန်း!
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးပွားများ တောက်လာသည်။ ဘေးပတ်လည်ရှိ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် C အဆင့် စစ်သင်္ဘောကြီးသည် ယဲ့ဖန်၏ စစ်သင်္ဘောကြောင့် ပျက်စီးသွားလေတော့သည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now