Chapter 507

690 79 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (34) Chapter (507) နတ်ဆိုးနဂါးများ

“သခင်ကြီး ဒီကို လာပါတော့”

ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤနဂါးနက် ဧကရာဇ်၌ သခင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယခုအချိန်တွင် အားလုံး၏ အကြည့်များက ကမ္ဘာမြေအပြင်ဘက်ရှိ စကြဝဠာအား လှမ်းမျှော်ကြည့်နေကြသည်။

လူတိုင်းသည် ထင်မထားရလောက်သည့် ဖိနှိပ်နိုင်သော အရှိန်အဝါက အချိန်မရွေး ကျရောက်လာနိုင်သည်ဟု ခံစားမိနေကြသည်။

ထိုသို့သော အရှိန်အဝါက အလွန် အေးစက်၍ လူတိုင်း၏ နှလုံးသားအား အေးခဲနိုင်သကဲ့သို့ ခံစားရစေသည်။ နတ်ဆိုးဘုရင် အမှောင်သခင်၏ လက်သီးများတောင်မှ အလွန် ထိတ်လန့်တုန်လှုပ်နေ၏။

ထိုသို့သောအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် ပုံရိပ်တစ်ခုက ကမ္ဘာမြေ၏ လေထုထဲသို့ ပျံသန်းရောက်ရှိလာသည်ကို လူတိုင်း မြင်လိုက်ရသည်။

ထိုပုံရိပ်သည် အလွန် ရှည်လျားလှပြီး ကမ္ဘာတစ်ခုလုံးအား စက်ဝိုင်းကဲ့သို့ ရစ်ပတ်နိုင်သည် ထင်မှတ်ရသည်။

“သေစမ်း၊ အဲ့ဒါ ဘာကြီးလဲ”

လူတိုင်း အလွန် ထိတ်လန့်နေကြသည်။ ထိပ်ပိုင်းလေးပဲ မြင်ရသော်လည်း အတော်လေး ကြောက်လန့်ဖွယ် ကောင်းလှသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မယုံနိုင်စရာ ကောင်းလှပေသည်။

အထူးသဖြင့် နတ်ဆိုးနဂါးပင်၊ ထိုအနက်ရောင် ပုံရိပ် ပျံသန်းလာသည်ကို မြင်ရပြီးနောက် နတ်ဆိုးနဂါး ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ၏ မျက်လုံး၌ ထိတ်လန့်၍ မယုံနိုင်ဟန်များနှင့် ပြည့်နှက်လာ၏။

“ဒါ … ဒါက အမှန်ပဲလား”

နတ်ဆိုးနဂါးက သူ အမြင်အာရုံမကောင်းတော့ဟု သံသယဝင်မိသွားသည်။ ထိုသို့သောအချိန်၌ ကမ္ဘာမြေပေါ်ရှိ လေဟာနယ်သည် အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားလေသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now