Chapter 504

820 114 7
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (34) Chapter (504) အမျိုးသမီးတစ်ဦး

အဆုံးအစမဲ့သော စကြဝဠာထဲ၌ အမှောင်ထုသာ ကြီးစိုးလျက် ရှိသည်။ ထိုစကြဝဠာထဲ၌ ဖန့်ယင်းသည် ဖြည်းညင်းစွာ တစ်လှမ်းချင်း လျှောက်နေ၏။

သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက အလွန် လေးလံနေပြီး တစ်လှမ်းလှမ်းလိုက်တိုင်း သူမ၏ အသက်ဓာတ်စွမ်းအင် ပျောက်ဆုံးသွားလေမလား ထင်မှတ်ရသည်။

ပင်ပန်းလို့နေ၏။ ထိုသို့သောအချိန်၌ ဖန့်ယင်းသည် အလွန် ပင်ပန်းနွမ်းနယ်ကာ စိုးရိမ်ကြောင့်ကြလျက် ရှိသည်။

ဘေးပတ်လည်ရှိ လေဟာနယ်မှ အေးစက်မှုနှင့် အမှောင်ထုသည် သူမအား ဝါးမျိုလုမတတ် ဖြစ်နေသည်။

“ငါ သေရတော့မှာလား”

ဖန့်ယင်း မချိပြုံး ပြုံးလိုက်မိသည်။ သူမ တောင့်မခံနိုင်တော့မှန်း သူမ သိနေသည်။

ဘုတ်!

နောက်ဆုံးတွင် ဖန့်ယင်းသည် ပြိုလဲကျသွားပြီး သူမ၏ ချစ်စဖွယ် ခန္ဓာကိုယ်လေးသည် စကြဝဠာ၏ အမှောင်ထုထဲ၌ မျောလွင့်သွားသည်။

သူမ မျက်လုံးထောင့်မှနေ၍ မျက်ရည်များ တစ်စက်ပြီး တစ်စက် စီးကျလာသည်။ အမှတ်တရ အဖြစ်အပျက်များအား သူမ ဆက်တိုက် မြင်ယောင်နေမိသည်။

ထိုစဉ်အခါက သူမသည် ကျန်းရှီ မြူနီစီပယ် အထက်တန်းကျောင်း၏ ဆရာမတစ်ယောက်သာ ရှိသေးသည်။ သူမသည် အလွန် သာမန်ရိုးကျဆန်သော သာမန်လူသားတစ်ယောက် အဖြစ်သာ ရှိနေခဲ့သည်။

နောက်ပိုင်းတွင် သူ ပေါ်လာပြီး သူမအား ဆွဲဆောင်သွားနိုင်ခဲ့သည်။

သူ၏ ဆန်းကြယ်မှု၊ သူ၏ ထူးခြားပုံများ။

အဖြစ်အပျက်တိုင်းက သူမနှလုံးသားအား ဆွဲငင်သွားပြီး နောက်ပိုင်းတွင် သူမခန္ဓာကိုယ်ထဲသို့ မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်း အထည့်ခံလိုက်ရပြီး ညတွင်းချင်း အိုမင်းရင့်ရော်သွားခဲ့သည်။

ဖခင်ဖြစ်သူက သူမကို စွန့်ပစ်ခဲ့သလို တစ်လောကလုံးက သူမကို ရွံမုန်းခဲ့ကြသည်။ သူမသည် တစ်လောကလုံး၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသော်လည်း သူ တစ်ယောက်တည်းကသာ သူမကို နွေးထွေးသော အကြည့်များဖြင့် ကြည့်ခဲ့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now