Chapter 569

592 73 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 38 Chapter 569 ဆယ်ဆ ပြန်ပေးဆပ်ရမည်

အင်မော်တယ်နယ်မြေများထဲ၌ ဂြိုဟ်နယ်မြေ အဖွဲ့အစည်းတစ်ခု ရှိသည်။ ထိုအဖွဲ့အစည်းသည် အဓိက ဂြိုဟ်နယ်မြေကြီး ရှစ်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။

ဒါဇင်နှင့်ချီသော ဂြိုဟ်စုနယ်မြေများကြားထဲ၌ ရက်စက်ခြင်း ဂြိုဟ်စုနယ်မြေသည် အင်အားအကြီးဆုံး ဂြိုဟ်စုနယ်မြေ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၌ အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင်နှစ်ယောက် ရှိနေသည်။

ကြမ်းကြုတ်သော အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်။ သူတို့နှစ်ယောက်လုံး၏ အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အားလုံးသည် ဂြိုဟ်စုနယ်မြေ အဖွဲ့အစည်းတစ်ခုလုံး၏ အရှင်သခင်များ ဖြစ်ကြသည်။

ယခုအချိန်တွင် ရက်စက်ခြင်း ဂြိုဟ်၌ နန်းတော်တစ်ခုက သားရဲကြီးတစ်ကောင်ကဲ့သို့ ဝင့်ကြွားစွာ တည်ရှိလျက် ရှိသည်။ နန်းတော်ထဲ၌ သိုင်းပညာရှင်များစွာ ရှိနေသည်။

သူတို့ထဲတွင် အင်မော်တယ်ဘုရင် စဦးအဆင့် သိုင်းပညာရှင် ကိုးယောက်နှင့် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် အယောက် နှစ်ဆယ် ရှိသည်။ အင်မော်တယ်ဘုရင် ပွဲတော်ဟုပင် ထင်မှတ်မှားရပြီး သူတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလှသည်။

အင်မော်တယ်ဘုရင်များထဲတွင် လူနှစ်ယောက်က ထင်ရှားလှသည်။ သူတို့နှစ်ယောက်သည် အမြွှာညီအစ်ကိုများ ဖြစ်ကြလေသည်။ သူတို့မျက်နှာထက်တွင် အမာရွတ်များနှင့် ပြည့်နှက်နေပြီး မျက်လုံးများ၌ ခက်ထန်ကြမ်းကြုတ်ဟန်များ ထင်ဟပ်နေသည်။

ကျန်အင်မော်တယ်ဘုရင်များတောင်မှ သူတို့ကို လှမ်းကြည့်မိလျင် မသိမသာ ကြောက်ရွံ့သွားကြသည်။ အမြွှာညီအစ်ကိုနှစ်ယောက်က အတော်လေး ကြောက်စရာကောင်းပုံပေါ်သည်။

ထိုညီအစ်ကိုနှစ်ယောက်သည် ရက်စက်ခြင်း အင်မော်တယ်ဘုရင်နှင့် မီးအင်မော်တယ်ဘုရင်တို့ ဖြစ်ကြလေသည်။ ယခင်က ဟွမ်အာ၏ လက်မောင်းတစ်ဖက်ကို ဖြတ်ခဲ့သူမှာ ရက်စက်ခြင်း အင်မော်တယ်ဘုရင်ဖြစ်ပြီး မီးအင်မော်တယ်ဘုရင်က သူမခေါင်းကို ဖြတ်ခဲ့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now