Chapter 514

671 72 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (35) Chapter (514) ပါမောက္ခချုပ် ဟုန်တု
*ဟမ်*
ဆရာလီ၏ စကားအဆုံးတွင် အားကစားခန်းမမှ လူများအားလုံး မှင်တက်သွားကြသည်။
*အားလုံးက နတ်ဘုရား လက်နက် ဖြစ်သွားတယ်တဲ့လား*
*မိုးကောင်းကင်အဆင့် ဆေးဝါးတွေ၊ မိုးကောင်းကင်အဆင့် နတ်ဘုရား သိုင်းကျင့်စဉ်တွေနဲ့ မိုးကောင်းကင်အဆင့် နည်းဗျူဟာတွေ*
*ဒါက …*
လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။
မိုးကောင်းကင်အဆင့်သည် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး၌ အလွန် ရှားပါးသော အရာတစ်ခု ဖြစ်လေသည်။
ယခုအခါတွင် သိုလှောင်ခန်းမထဲမှ ရတနာများအားလုံးက မိုးကောင်းကင်အဆင့်သို့ ရောက်သွားသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အားကစားကွင်းတစ်ခုလုံး၌ ဆူညံပွက်လောရိုက်သွားလေသည်။ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ အားလုံး အပါအဝင် ဟုန်ပျောင်တောင်မှ ထိတ်လန့်သွားရသည်။
ရတနာများရှိရာ ခန်းမသို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည့် ချင်ရွှယ်တောင်မှ ပါးစပ်ကို ခပ်တင်းတင်း အုပ်ထားမိပြီး အံ့အားသင့်နေ၏။
“မိုးကောင်းကင်အဆင့်လား၊ ငါတောင်မှ သတိမထားမိတဲ့အချိန်မှာ ဒီလူက ရတနာအားလုံးရဲ့ အရည်အသွေးကို ပြောင်းပစ်လိုက်တာလား”
ချင်ရွှယ် ကြက်သီးမွေးညင်း ထသလို ခံစားလိုက်မိသည်။ သူမ ဦးဆောင်၍ ယဲ့ဖန်အား ရတနာများ ထားရာအခန်းသို့ ခေါ်သွားခဲ့စဉ်က ယဲ့ဖန်က တစ်ချက်မျှသာ ကြည့်၍ လက်ကို လှုပ်ခဲ့သည်။
ယခုအခါတွင် ခန်းမထဲမှ ရတနာများအားလုံး မိုးကောင်းကင်အဆင့်သို့ အဆင့်တက် သွားကြသည်။ ဤထင်မှတ်မထားရသည့် နည်းလမ်းက အံ့ဩစရာ ကောင်းလွန်းလှသည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
ထိုသို့သောအချိန်၌ ဟုန်ပျောင် နားဝေတိမ်တောင် ဖြစ်နေလေသည်။ သူသည် နှုတ်ခမ်းကိုမဲ့၍ သရဲတစ္ဆေအား တွေ့လိုက်ရသကဲ့သို့ ဖြစ်နေ၏။
“ဆရာလီ ခင်ဗျား အမှတ်မှားတာဖြစ်မယ်၊ အဲ့ဒီရတနာတွေကို ခန်းမထဲ မထည့်ခင်ကတည်းက မိုးကောင်းကင်အဆင့်မှာ ရှိနေတာပဲ ဖြစ်မယ်။ မဟုတ်ရင် အဲ့ဒါတွေက အကြောင်းရင်းမရှိ အဆင့်တက်သွားမှာလဲ”
“ဒါ … မဖြစ်နိုင်ဘူး”
ဟုန်ပျောင်သာမက ဘေးပတ်လည်မှ ဆရာများနှင့် ကျောင်းသား ကျောင်းသူမျာအားလုံး လက်သင့်မခံနိုင် ဖြစ်နေကြသည်။ ဤသို့သော ကိစ္စက အလွန် ထူးဆန်းသော ကိစ္စပင်။
ဆရာလီ ခန်းမထဲ မထည့်ခင် အမှတ်မှားခဲ့သည်မှလွဲ၍ တစ်ခြား ဖြစ်နိုင်ချေအားလုံး မရှိနိုင်ပါ။
ဟုန်ပျောင်၏ စကားကြောင့် ဆရာလီသည် ငိုရမလား သို့မဟုတ် ရယ်ရမလား မသိဖြစ်နေ၏။
သို့သော် သူတောင်မှ အိပ်မက်မက်သကဲ့သို့ ခံစားနေရသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် မဖြစ်နိုင်ချေ။
ထိုစဉ် ဟုန်ပျောင်က ဆရာလီ၏ အမူအရာကို ဂရုမစိုက်တော့ချေ။ သူသည် ယဲ့ဖန်ကိုသာ စိုက်ကြည့်၍ လေသံမာမာနှင့် ပြောလိုက်သည်။
“ဟေ့ကောင် ငါ့မှတ်ဉာဏ်က တမူထူးခြားတယ်ကွ၊ ငါ ကျန်းရှီမြို့က လူတိုင်းနီးပါးကို မှတ်မိသလို သိလည်းသိတယ်ကွ”
“ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ ငါ မမြင်ဖူးတာ”
“ဒီတော့ ငါ့အမြင်မှာတော့ မင်းက သူလျှိုဖြစ်ကိုဖြစ်ရမယ်”
ထိုသို့ပြောပြီး ဟုန်ပျောင်က လက်ကိုဝှေ့ယမ်း၍ သူ့ဘေးမှ ကျောင်းသားကို အမိန့်ပေးလိုက်သည်။
“သွား … ပါမောက္ခချုပ်နဲ့ အကြီးအကဲတွေကို သွားခေါ်လာခဲ့”
“သူတို့ကို ဒီမှာ သူလျှိုတစ်ယောက် မိထားတယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့ပါ ဆရာ”
ထိုကျောင်းသားက ခပ်သွက်သွက် ခေါင်းညိတ်၍ မဟာဌာနမှုးရှိရာသို့ ထွက်သွားလေသည်။
*ပါမောက္ခချုပ် လား*
ထိုစကားကို ကြားသည်နှင့် ယဲ့ဖန်က မသိမသာ မျက်ခုံးပင့်လိုက်မိသည်။ ချင်ရွှယ်က ယဲ့ဖန်ကို အသည်းအသန် ရှင်းပြလေသည်။
“ယဲ့ဖန် နင့်နောက်ခံကို နင် တန်းမဖော်ထုတ်သင့်ဘူးလား”
“အဲ့ဒီ ပါမောက္ခချုပ်က ဟုန်ပျောင်ရဲ့ ဦးလေးပဲ၊ သူ့မှာ နောက်ထပ် နောက်ခံ တစ်ခု ရှိသေးတယ်၊ သူက …”
ထိုသို့ပြောရင်း ချင်ရွှယ်က ယဲ့ဖန်ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေသည်။
“အဲ့ဒီ ပါမောက္ခချုပ်ကလည်း နင့်တပည့်ပဲ”
*အမ်*
ယဲ့ဖန် မသိမသာ တွေဝေသွားသည်။ ချင်ရွှယ်က ပြုံး၍ ပြောလိုက်သည်။
“တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် နာမည်က ဟုန်တုပဲ၊ သူက ဒေါက်တာ ရှုကွမ်းရဲ့ တပည့်ဆိုတော့ နင့်တပည့်ပဲလေ”
သူမစကားကြောင့် ယဲ့ဖန် မချိပြုံးပြုံးလိုက်ရသည်။
*လတ်စသက်တော့ ရှုကွမ်းရဲ့ တပည့်ကိုး*
ထို့နောက် ယဲ့ဖန်သည် စိတ်ထဲမထားတော့ဘဲ ပခုံးတွန့်လိုက်သည်။
ထိုစဉ် လေတိုးသံနှင့်အတူ တရုတ်လူမျိုး မျက်နှာကျနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က လူအိုကြီးများနှင့်အတူ ကောင်းကင်မှ ပျံသန်းလာသည်။
ထိုတရုတ်လူမျိုး မျက်နှာကျနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နတ်ဧကရာဇ်အဆင့် ဖြစ်နေသည်။
သူ့နောက်မှ လူအိုကြီးများ၏ ခွန်အားသည် နတ်ဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်လုနီးပါးပင်။
ထိုလူများသည် လေထဲမှ ဆင်းသက်လာချိန်တွင် ဟုန်ပျောင်နှင့် ဆရာများအပါအဝင် အားလုံးက ထိုလူလတ်ပိုင်းအရွယ် အမျိုးသားနှင့် တရုတ်လူမျိုး မျက်နှာကျနှင့် အဖိုးအို ဆယ်ယောက်ကို အရိုအသေပေးကြလေသည်။
“ပါမောက္ခချုပ်ကို အရိုအသေပေးပါတယ်”
“အကြီးအကဲများကို အရိုအသေပေးပါတယ်”
စက္ကန့်ပိုင်းအတွင်းမှာပင် အားလုံး လမ်းဖယ်ပေးကြလေသည်။ ပါမောက္ခချုပ် ဟုန်တုသည် အကြီးအကဲ ဆယ်ယောက်နှင့်အတူ လှမ်းလာသည်။
“ဘာဖြစ်တာလဲ”
ဟုန်တုသည် ရောက်လာသည်နှင့် သူ့တူ ဟုန်ပျောင်ကို လှမ်းမေးလေသည်။ သူ့အမေးကြောင့် ဟုန်ပျောင်က အသည်းအသန် ပြန်ဖြေလိုက်သည်။
“ပါမောက္ခချုပ်ဟုန်၊ ကျွန်တော် အခုလေးတင် သတင်းတစ်ခုရပြီးတော့ သူလျှိုစစ်သား တစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ဆရာမချင်ရွှယ်က သူ့ကို ကာကွယ်ပေးနေပါတယ်”
*ဘာ*
ဟုန်တုနှင့် အကြီးအကဲ ဆယ်ယောက်လုံး မျက်နှာပျက်သွားသည်။ သူတို့အားလုံး ယဲ့ဖန်ကို လှမ်းကြည့်လာသည်။ သူတို့က ယဲ့ဖန်ကို ကြည့်နေရုံသာမက ယဲ့ဖန်ကလည်း သူတို့ကို လှမ်းကြည့်နေသည်။ သူသည် နှုတ်ခမ်းကို တွန့်၍ လှောင်ပြုံးပြုံးနေသည်။
အဘယ်ကြောင့် တက္ကသိုလ်အတွင်း၌ နတ်ဘုရား စစ်တပ်၏ အငွေ့အသက်ကို ရနေရသလဲ ဆိုတာကို သူ ယခု နားလည်သွားလေတော့သည်။
*လတ်စသက်တော့ ဒီလိုကိုး*
“သူလျှိုလား”
ဟုန်တု၏ မျက်လုံးများက တောက်ပလာပြီး ယဲ့ဖန်ကို လည်ညှိုးထိုး၍ အော်ပြောလာသည်။
“သောက်ချီးတဲ့မှ ငါ သူ့ဆီကနေ နဂါးနက်တောင်ရဲ့ ကျင့်စဉ်ကို ခံစားမိနေတယ်”
“လာကြစမ်း၊ သူ့ကို ဝိုင်းဖမ်းကြ”
*ဘာ*
“ပါမောက္ခချုပ် ဟုန်တုက ရောက်လာသညနှင့် ယဲ့ဖန်၏ သူလျှိုနောက်ခံကို အတည်ပြုပေးနိုင်မည်ဟု အားလုံး ထင်မထားမိကြချေ။
ထိုအချိန်၌ ဘေးပတ်လည်မှ လူများအားလုံး အကြီးအကျယ် အမူအယာ ပြောင်းလာသည်။ လက်ရှိတွင် အားလုံးက ကြိုးစားချင်စိတ် ပြင်းထန်၍ ယဲ့ဖန်နှင့် တိုက်ခိုက်ချင်နေကြသည်။
ဤမြင်ကွင်းက ချင်ရွှယ်အား အလွန် မျက်နှာပျက်သွားစေသည်။ သူမ ဝင်ပါတော့မည့်အချိန်၌ ခြေသံတစ်သံ ထွက်လာပြီး လှပသော ဆရာမတစ်ယောက်က ယဲ့ဖန်ထံ လှမ်းလာသည်။ ထို့နောက် ပါမောက္ခချုပ် ဟုန်တုအား ဒေါသတကြီး ကြည့်၍ ပြောလိုက်သည်။
“အဓိပ္ပာယ် မရှိတာတွေ၊ သူက သူလျှိုမဟုတ်ဘူး”
*ဟမ်*
ထိုလှပသော ဆရာမကို မြင်ပြီး လူတိုင်း မှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမက ဆရာမ ယုဖေး ဖြစ်နေသောကြောင့်ပင်။
ယုဖေးသည် နဂါးငွေ့တန်း စစ်နတ်ဘုရား ယဲ့ဖန်၏ ရည်းစားဟောင်း ဖြစ်လေသည်။ ဤသည်မှာ လူတိုင်း သိကြသည့် ကိစ္စပင်။
ယုဖေးက တစ်ကိုယ်တည်းသမား ဖြစ်ပြီး စစ်နတ်ဘုရား ယဲ့ဖန်တစ်ယောက်တည်းကိုသာ ချစ်နေသောကြောင့် မည်သူ့ကိုမျှ လက်ခံခြင်း မရှိသည်ကို အားလုံး သိကြသည်။
နဂါးငွေ့တန်း စစ်နတ်ဘုရားကိုသာ စွဲလမ်းသည့် ဤလှပသော ဆရာမလေးက ရုတ်တရက် ထူးဆန်းသော အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးအတွက် ရပ်တည်ပေးလိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ပါမောက္ခချုပ် ဟုန်တုသည်လည်း မျက်နှာ သုန်မှုန်နေပြီး ယုဖေးက ဒေါသတကြီး စိုက်ကြည့် နေသည်။
“ယုဖေး မင်း ဘာလုပ်တာလဲ၊ မင်းက နတ်ဘုရား စစ်တပ်ရဲ့ သူလျှိုကို ကာကွယ်ပေး နေတာကိုရော သတိထားမိရဲ့လား”
“ဒီကိစ္စကို အရှင် စစ်နတ်ဘုရားသာ သိသွားရင် မင်း စစ်နတ်ဘုရားနဲ့ တွေ့ခွင့်ရရင်တောင်မှ အရှင်က မင်းကို လုံးတ ခွင့်လွှတ်မှာ မဟုတ်ဘူး”
*ဟမ်*
ပါမောက္ခချုပ် ဟုန်တုက စစ်နတ်ဘုရား ယဲ့ဖန်၏ အမည်ကို ရှေ့တန်းတင်၍ ပြောဆိုလာလိမ့်မည်ဟု အားလုံး ထင်မထားမိကြချေ။
ထိုစကားကို ကြားသည်နှင့် ယုဖေးက ချက်ချင်း ပြန်ပြောချင်လာသည်။ ထိုစဉ် လက်တစ်ဖက်က သူမအား လာကိုင်လေ၏။ ယုဖေး မသိမသာ တောင့်ခနဲ ဖြစ်သွားရပြီး နောက်လှည့်ကြည့်လိုက် သောအခါ ယဲ့ဖန်ကို တွေ့လိုက်ရသည်။
“ရှင် …”
ထိုအချိန်၌ ယုဖေး၏ လှပသော မျက်ဝန်းများက စိုစွတ်၍ နီမြန်းလာသည်။ ဤလူက မျက်နှာပုံစံ ပြောင်းသွားလျင်တောင်မျ သူ၏ ပုံရိပ်၊ မျက်လုံးနှင့် ပင်ကိုစရိုက်တို့က သူမနှလုံးသားထဲ နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီးသား ဖြစ်သည်။
သူမဘဝတွင် ယဲ့ဖန်နှင့် ဤမျှ နီးကပ်နိုင်သည့် အခွင့်အရေးမျိုး ရလာလိမ့်မည်ဟု ယုဖေး လုံးဝ ထင်မထားခဲ့မိပါ။
“မငြင်းနဲ့”
ယဲ့ဖန်က ယုဖေးနဲ့ ချင်ရွှယ်ကို အသာပြုံးပြလိုက်သည်။ ထို့နောက် ပါမောက္ခချုပ် ဟုန်တုအား စူးရဲစွာ လှမ်းကြည့်လိုက်သည်။
“မင်းက ဟုန်တုလား၊ ရှုကွမ်းရဲ့ တပည့်လား”
*ဟမ်*
ယဲ့ဖန်က ပါမောက္ခချုပ် ဟုန်တုနှင့် လေးစားရသော ဆရာရှုကွမ်း၏ အမည်ကို ခေါ်ရဲလောက် သည်အထိ ရဲတင်းလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။
ထိုစကားက ဟုန်တုနှင့် ကျန်သူများအားလုံးကို ရူးမတတ် ဒေါသဖြစ်သွားစေသည်။ ပါမောက္ခချုပ် ဟုန်တုသည် ယဲ့ဖန်အား တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်၊ ငါက …”
သူ့စကားမဆုံးသေးခင်၌ ရွှေအိုရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။
ရွှစ်!
ချက်ချင်းဆိုသလိုပင် ပါမောက္ခချုပ် ဟုန်တု၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် သူ့ဦးခေါင်းက ပြုတ်ကျလာသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now