Part-1

30K 1.8K 39
                                    

Korea ရဲ့ လူချမ်းသာ စာရင်းဝင် Jeon အိမ်တော်တွင် အိမ်ရဲ့ ဆည်းလည်းလေးဖြစ်သော Kookieလေးရဲ့ 3နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနေလေသည်။

မွေးနေ့ပွဲသို့ ကြွရောက်လာသော ဂုဏ်သရေရှိ လူကြီးမင်းများသည် Kookieလေးကို ချစ်လွန်း၍ မုန့်ဖိုးများ၊အရုပ်များ ပေးနေကြတုန်း.....

ဂျွန်‌မီနာ တစ်ယောက် ချွေးစီးချွေးပေါက်များ ထွက်လာပီး ဗိုက်မှ ရုတ်တရက်နာ‌လာလေသည်။ဧည့်သည်များနှင့်စကားပြောနေသောခင်ပွန်းသည် Jeon အိမ်တော်၏ သခင်ကြီး ဂျွန်ဂယ်ရီ ရှိရာဆီသို့ တဖြည်းဖြည်း‌ လျှောက်လျမ်း ကာဖြင့်...

"အ...အကို...ကျမ မွေးချင်နေပီ ထင်တယ်...အ....ဗိုက်ကနာနေတာ တအားပဲ"

ဝေဒနာခံစား‌ နေရသော ဇနီးသည်ကိုကြည့်ကာဖြင့်.....

"ဟုတ်ပီ...မီနာ အားတင်းထားနော်...အကိုဆေးရုံလိုက်ပို့မယ်"

ထိုအခါ Kookie လေးသည် မိခင် ဝေဒနာခံစားနေရသည်ကို မြင်သွားပီး ကဆုန်ပေါက်ကာ ပြေးလာလေသည်။

"မေမေ...မေမေ ဘာချစ်လို့လဲဟင်"

"သားသား...မေမေ ဗိုက်နာလို့ ...ညီလေး မွေး‌တော့မယ်ထင်တယ်....အိမ်တော်ထိန်းကြီး အဆင်သင့်ဖြစ်ပီလား"

အိမ်တော်ထိန်း မင်မှ ....

"ဖြစ်ပါပီ...သခင်ကြီး"

"အဲတာဆို ဧည့်သည်တွေကို တောင်းပန်ပေးပါဦး....ပီးတော့မှ Kookie ကိုခေါ်ပီး ဆေးရုံကိုနောက်က လိုက်လာခဲ့‌ပါ"

ပြောပီးတာနှင့် သခင်မကြီးကို တွဲကာ Driver ကိုခေါ်၍ ဆေးရုံကိုထွက်သွားသည်။

အိမ်တော်ထိန်းကြီးမှ ဧည့်သည်များအား အကျိုးအကြောင်းပြောပြကာ၊ တောင်းပန်ပီးနောက် ဧည့်သည်များလဲ ပြန်ကုန်ကြသည်။

"Kookieလေးလာ ဆေးရုံလိုက်သွားရအောင်.."

"ဦးဦး မင်...ဒါချို..Kookie က ညီတေးတေးလေးရတော့မှာပေါ့နော်"

"ဟုတ်တာပေါ့ သားလေးရဲ့ သားညီနီတာရဲလေး ရတော့မှာ...ပျော်နေတာလား သားက"

"ပျော်တာပေါ့ Kookie က တယောက်ထဲ ကစားဖော် မချိရို့ ပျင်းနေတာ ထု ညီလေး ရရင် တူတူဆော့မယ်၊ညီလေးကို Kookie အရုပ်တွေပေးမယ်...ဟီး"

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now