Part-11

15.3K 1.6K 59
                                    

ဘဝဆိုတာ အနိမ့်၊အမြင့်၊အတက်၊အကျ ရှိတယ်ဆိုတာ ထယ်ယောင်းလက်ခံပါတယ်။ဖြစ်ပျက်ခဲ့တာတွေ အတွက် ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး။ထယ်ယောင်းရဲ့ကံပေါ့.....

ဂျီဟွန်းကတော့ တနည်းမဟုတ်တနည်းနဲ့ နှောက်ယှက်နေမှာပဲဆိုတာ ပြောစရာပင်မလိုပါ။ခနခန ခံရပါများတော့ အရေထူလာပီလေ။

ဟိုတခါကိစ္စဖြစ်ပီးထဲက မေမေ့ထည့်ပေးတဲ့ ထမင်းဘူးလဲ မစားဖြစ်တော့ဘူး၊ကိုကို့ကိုလဲ မယူလာခိုင်းတော့ဘူး။

အဲဒီ့နေ့က ထယ်ယောင်းသတိလစ်သွားပီးနောက် သတိပြန်လည်လာတော့ ဆေးရုံရောက်နေခဲ့သည်။ဂျီဟွန်းကိုလဲ ဖေဖေကိုယ်တိုင်ကပါ ထိုးလိုက်သည်ဟု မေမေပြောသောအခါ ထယ်ယောင်း အရမ်းအားနာနေမိသည်။ကိုကိုကတော့ ထယ်ယောင်းသတိလစ်တာကိုသာ စိတ်ရောက်နေသောကြောင့် ဂျီဟွန်း သက်သာသွားရတာဟု မေမေကပြောသည်။

ထယ်ယောင်းရဲ့ အလယ်တန်းနောက်ဆုံးနှစ်က ဘဝမှာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတာမို့ မမေ့နိုင်စရာဖြစ်ခဲ့သည်။

ကိုကိုနဲ့ ထယ်ယောင်းရဲ့ ဇာတ်လမ်းလေးကလွဲရင် အရာရာဟာ စိတ်ညစ်စရာများပဲဖြစ်မည်။ကိုကိုက ထယ်ယောင်းကို သိပ်ချစ်ပါသည်။အရင်ကထက်ပင်ပို၍ ဂရုစိုက်လာသော ကိုကိုက ထယ်ယောင်းကို ခနခန အိမ်ပြန်လာဖို့ လဲအမြဲပြော ပေမဲ့ ထယ်ယောင်းမပြန်ခဲ့ပါ။

ထယ်ယောင်းတို့ လမ်းထိပ်ကပန်းခြံလေးမှာ ကိုကိုကစောင့်နေခဲ့တာမို့ အမေ့ကိုခွင့်တောင်းပီးထွက်လာခဲ့သည်။ကျောင်းမှာက မလွတ်လပ်ဘူးမဟုတ်လား.....

ခုံတန်းလေးပေါ်မှာ ထိုင်နေသော ကိုကိုက ထယ်ယောင်းလာတာမြင်သည်နှင့် မတ်တပ်ထရပ်ကာ လက်၂ဖက်ကားကာ ရင်ခွင်ထဲသို့ ဝင်စေရန် ဆီးကြိုလေသည်။

ကိုကို့ရင်ခွင်က ထယ်ယောင်းအတွက်တော့ အနွေးထွေးဆုံးပဲ။ညီအကိုကနေ ချက်ချင်းကြီး ပြောင်းလဲသွားတာ ထယ်ယောင်းလဲ အံ့ဩသည်။သေချာစဉ်းစားကြည့်တော့လဲ အံ့ဩစရာမရှိဘူးမဟုတ်လား....

ထယ်ယောင်းက အရင်ထဲက ကိုကို့ကို အမြဲ ပိုင်ချင်နေခဲ့မိတာပဲ၊အရင်တုန်းကတော့ ညီအကိုဆိုသည့်စိတ်ကြောင့် အချစ်ကို မခံစားမိတာ...

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now