Part-6

14.3K 1.5K 72
                                    

"ဘယ်လိုတောင် လုပ်ရက်တာလဲ ခင်ဗျား သား ကောင်းစားဖို့အတွက် ကျွန်တော့်ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ခဲ့တယ် ကျွန်တော်မစားချင်တဲ့ ထမင်းကြမ်းခဲအေးစက်စက်တွေ၊သူများ ကလေးတွေ သုံးစွဲသလို မသုံးခဲ့ရတာတွေ...ကျောင်းတက်နေရင်း ခေါက်ဆွဲဆိုင်မှာ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေခဲ့ရတာတွေ အားလုံး...ခင်ဗျားကြောင့်"

မျက်ရည်များ ကျကာ ဒေါသစကားများဆိုနေသော ကင်ဂျီဟွန်းကို သူမ ဘယ်လို တောင်းပန်ရပါ့မလဲ။

"သားရယ် ....အမေ အီးဟီး.....
အမေတောင်းပန်ပါတယ်....အမေ့ အတ္တတွေပါကွယ် သားကို အမေတကယ်ချစ်ခဲ့တာတော့ သားယုံပါ အမေ့နို့ချိုသားကို တိုက်ကျွေးခဲ့တာပါကွယ် အီးဟီး....."

"မခေါ်နဲ့ သား လို့ ခင်ဗျားက ကျွန်တော့်အမေလဲ မဟုတ်ဘူး...ကိုယ့်အတ္တပဲ ကိုယ်ကြည့်တဲ့ ခင်ဗျား ကိုလဲ မုန်းတယ် ခင်ဗျားသား ထယ်ယောင်းကိုလဲ မုန်းတယ်"

ပြောပီး ဆေးရုံကုတင်ပေါ်မှ ပြေးဆင်းကာ ထွက်ပြေးသွားသော သူမရဲ့ နို့ချိုတိုက်ကျွေးကာ ကျွေးမွေးခဲ့ရတဲ့ သား.... မုန်းသင့်ပါတယ်လေ သူမ လုပ်ရပ်တွေက သေသင့်လောက်အောင် ထိုက်တန်နေတာမို့......
.
.
.
.
ဂျွန်ထယ်ယောင်းသည် သူ့အတွက်တော့ အမုန်းဆုံးလူသား။

ငယ်စဉ်ကတည်းက သူ့ကိုသနားကြည့်တွေနဲ့ ဆက်ဆံတဲ့ ထယ်ယောင်းကို မုန်းသည်။သူမစားဖူးတဲ့ အစားအသောက် တွေ၊သူမဝတ်ခဲ့ဖူး‌တဲ့ ဝတ်ကောင်းစားလှတွေဖြင့် တောက်ပနေသော ထယ်ယောင်းကို သူမနာလိုပါ။

သူ့ကို သနားစရာ သတ္တဝါတကောင်လို လာဆက်ဆံတဲ့ ထယ်ယောင်းကို မုန်းရာက စပီး အနိုင်ကျင့်မိသည်။ထယ်ယောင်း နာကျင်လျင်သူပျော်သည်။ထယ်ယောင်းဘေးမှာ အမြဲ သဲသဲလှုပ် စောင့်ရှောက်နေတဲ့ ထယ်ယောင်းအကို ကြောင့်ပိုမုန်းသည်။

သူ့ကိုလူချမ်းသာ တယောက်မှ အပေါင်းအသင်းမလုပ်သော်လည်း ထယ်ယောင်းက လာရောသည်။သို့သော် ထယ်ယောင်းကို ဘယ်ဘဝ ရေစက်မှန်းမသိ မြင်တာနဲ့ သတ်ပစ်ချင်အောင်ကို မုန်းမိသည်။

အခု ထယ်ယောင်းကို သဲသဲလှုပ် အလိုလိုက်ပီး ထယ်ယောင်းကြောင့် သူ့ကို ရက်ရက်စက်စက် ထိုးနှက်ခဲ့တာ သူ့အကိုအရင်းတဲ့လား..
အကိုဂျောင်ကုလိုလူက သူ့အကိုအရင်းဖြစ်ပီး
ဂျွန် အိမ်တော်က သူဌေးနဲ့ သူဌေးကတော်က သူ့မိဘအရင်းတွေတဲ့လား.....

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now