Part-14

17.5K 1.5K 132
                                    

"ယောင်းလေး...ဒါ ဩစီ မှာတုန်းက ဂျီဟွန်းနဲ့ ခင်ခဲ့တဲ့ ဂျီဟွန်းသူငယ်ချင်း လီယွန်းဆယ်တဲ့....ဖေဖေ့မိတ်ဆွေရဲ့ သမီးလေ"

ကိုကိုက ယောင်းမျက်နှာ ကိုကြည့်ပီး နားလည်သည်ထင်ပါရဲ့ ယောင်းအထင်မလွဲရအောင် မိတ်ဆက်ပေးလေသည်။ထို့နောက် ယွန်းဆယ် ဘက်လှည့်ကြည့်ကာ...

"ယွန်းဆယ်....ဒါအကို့ကောင်လေး...ကင်ထယ်ယောင်းတဲ့"

"အော်...ဂျီဟွန်းပြောပြဖူးတဲ့ ကင်ထယ်ယောင်းလား"

ဂျီဟွန်းက ယောင်းကို အဲလောက်ထိတောင် မုန်းနေတာတဲ့လား တစိမ်းမိန်းက‌လေးကိုတောင် ယောင်းအကြောင်း ပြောပြဖူးတယ်ဆိုတော့လေ..
ကိုကိုက ယောင်းလက်လေးကို ပြန်လည်ဆုတ်ကိုင်လာပီး....

"ယောင်းလေး... အိမ်လိုက်ခဲ့ဦးနော် ...ဒီနေ့ မေမေက ဟော့ပေါ့ချက်စားမှာမို့ ယောင်းကိုပါ ခေါ်ခဲ့ခိုင်းထားတာ"

"မလိုက် တော့ပါဘူး ကိုကိုရယ်"

"ဘာဖြစ်လို့လဲ...ယောင်းရဲ့ မေမေစိတ်မကောင်းဖြစ်နေမှာပေါ့...လိုက်ခဲ့လေနော်....ကိုကိုရှိတယ်"

ပထမတော့ ဂျီဟွန်းပါ ရှိနေမှာမို့ ငြင်းမလို့ပါပဲ။ကိုကိုရှိတယ် ဆိုတဲ့ စကားနဲ့တင် ထယ်ယောင်း ရင်ဆိုင်နိုင်ပါတယ်။

"ဟုတ် ယောင်းလိုက်ခဲ့ပါ့မယ်"

"ကဲ....ယွန်းဆယ် နင်ရော မပြန်သေးဘူးလား"

ထိုကောင်မလေးက ကိုကို့လက်မောင်းကိုပြန်ချိတ်လိုက်ပီး....

"ယွန်းဆယ်ကိုပါ အန်တီကခေါ်ထားတာ အကိုနဲ့လိုက်မှာ"

အခုပုံစံက ကိုကိုက ထယ်ယောင်းလက်ကို တွဲထားပေမဲ့ ယွန်းဆယ်က ကိုကို့လက်မောင်းကို ချိတ်ထားရက်သား...

ထယ်ယောင်းရှက်လာတာမို့ ကိုကို့လက်ထဲကနေ ထယ်ယောင်းရဲ့ လက်လေးကို ဆွဲထုတ်လိုက်သည်။

ကိုကိုက ယောင်းကို တချက်လှည့်ကြည့်လိုက်တဲ့အခါ အားနာတဲ့ မျက်ဝန်းများကို တွေ့လိုက်ရတယ်။ဟင့်အင်း! အားမနာနဲ့ကိုကို ...ဘယ်သူ့ကိုမှ အားမနာနဲ့ ဟိုကောင်မလေးကိုလဲ အားမနာသင့်ဘူးနော်....

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now