Part-13

16.9K 1.5K 68
                                    

"ဂွန်ဝမ်...‌နောက်ထပ်ကျန်တဲ့ 2ယောက်ကို ကြည့်ပြောပီး ပြန်လွှတ်လိုက်တော့...ပီးတော့ ကင်ထယ်ယောင်းကို အလုပ်ခန့်ဖို့ ပြင်ဆင်လိုက်တော့"

ဂွန်ဝမ်လဲ CEO က ဘဲတီးပီး လှမ်းခေါ်သံကြောင့် အခန်းထဲ ဝင်လာ‌တော့ ကင်ထယ်ယောင်းဆိုသည့် ကောင်လေးက ဧည့်သည်ထိုင်တဲ့ ဆိုဖာပေါ်မှာ ထိုင်နေခဲ့ပီး CEOက ထိုကောင်လေးဘေးမှာ...

ဘာတွေ ဘယ်လိုဖြစ်သွားလဲပင် မသိတော့ အလွန် ဂျီးများတဲ့ CEOအကြောင်းသိလို့ အင်တာဗျူးကို ၅ယောက် တမင် ချိန်းပေးထားခဲ့တာ၊ဒီကောင်လေးကို တန်းသဘောကျသွားတာ ထူးဆန်းနေသည်ပဲ။

"ဟုတ်ကဲ့ပါ CEO,သွားခွင့်ပြုပါဦး"

ဂွန်ဝမ် ထွက်သွားပီးသည်နှင့် ထယ်ယောင်း ဘက်ကို တဖြေးဖြေး တိုးလာသော ‌ဂျောင်ကု..
မတွေ့ရတာ ကြာပီဖြစ်လို့ ထယ်ယောင်းလဲ ရှိန်နေသလို ဂျောင်ကုလဲ မဝံ့မရဲဖြစ်နေမိသည်။စောနက ရုတ်တရက် ဆွဲဖက်ပီး ငိုခဲ့ကြတာ သူတို့ ၂ယောက် မဟုတ်သည့်အလား....

"ယောင်း....ယောင်းလေး ဟုတ်ပါတယ်နော်...ကိုကို ရှာလိုက်ရတာကွာ ဘယ်တွေသွားပီး ဘာတွေလုပ်နေလဲ ကိုကို့ကိုပြောပါဦး"

"နောက်မှ ဖြေးဖြေးချင်း ပြောပြပါ့မယ်ကိုကိုရယ်... ကိုကို...ကိုကိုက ယောင်းကို မမုန်းဘူးလားဟင်"

‌ထယ်ယောင်းရဲ့ လက်ကလေးနှစ်ဘက်ကို ဖြေးဖြေးချင်း ဆုတ်ကိုင်ကာ....

"မုန်းစရာလား ယောင်းလေးရယ်..ကိုကို က‌ ယောင်းကို မုန်းနိုင်ပါ့မလား..အမြဲ လွမ်းနေခဲ့ရတဲ့သူကလေ....မေမေတို့သာ ယောင်းနဲ့ ပြန်တွေ့တာသိရင် ဝမ်းသာမှာ...အိမ်လိုက်ခဲ့ဦးနော်"

"ဟုတ်ကိုကို...လိုက်ခဲ့ပါ့မယ်"

"ယောင်းအခု ဘယ်မှာ ဘယ်သူနဲ့ နေနေတာလဲ"

"မမတို့နဲ့ နေနေတာ မမကအိမ်ထောင်ကျသွားပီလေ....‌companyနဲ့တော့နဲနဲ ဝေးတယ် ကိုကို"

"အော်...ယောင်းလေး အဆင်ပြေရဲ့လား...ကိုကို့ကလေးလေးက တသွေးတမွေးလေးကို လှလာတာပဲ"

"ပြေပါတယ် ကိုကို..."

"ဒါနဲ့ ....ယောင်း...ယောင်းလေး ရော ကိုကို့ကို ချစ်သေးရဲ့လားဟင်"

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now