Part-7

14.3K 1.5K 91
                                    

"ထယ်ထယ်ရယ် မငိုပါနဲ့ တိတ်ပါတော့...."

"ဂျီမင်း..သူတို့ ငါ့ကိုဘာလို့ အဲလိုလုပ်ကြတာလဲ ဟင်....မင်းသိလား?"

"မသိ...မသိဘူးလေကွာ .."

ဆရာမဝင်လာပီးနောက် သူတို့ကို ကြက်ဥများဖြင့် ပစ်ပေါက်နေသော ကျောင်းသားများကို ဆူပီး ထယ်ယောင်းတို့ကို သန့်စင်ခန်းသို့ သွားရန်စေလွှတ်လိုက်သည်မို့ ၂ယောက်သား သန့်စင်ခန်းတွင် မျက်နှာသစ်နေတာဖြစ်သည်။

သူ့ရဲ့ သနားစရာကောင်းသော သူငယ်ချင်းလေး ထယ်ယောင်းအ‌ကြောင်းတွေးမိတော့ အလွန် သနားမိသည်။ထယ်ယောင်းက အကိုဂျောင်ကု ညီအရင်းမဟုတ်ဘဲ ဂျီဟွန်းကညီအရင်းတဲ့..

ထယ်ယောင်း အမေအရင်းက ‌လမ်းဘေးခေါက်ဆွဲဆိုင်က ဂျီဟွန်း အရင်အမေဆိုတာကို ဂျီဟွန်းသည် တခန်းလုံးကို လိုက်ပြောတဲ့နေ့က ဂျီမင်းနဲ့ပါ ရန်ဖြစ်ရသေးသည်။

သူမယုံနိုင်ပါ အကိုဂျောင်ကုကို ထိုနေ့က အပြေးသွားမေးမိတော့ အကိုဂျောင်ကုကပါ ဟုတ်တယ် အမှန်ပဲ ဆိုပီး အကြောင်းစုံ ပြောလာသည့်နေ့ သူပါ ထယ်ယောင်းကို သနားလွန်းလို့ အကိုဂျောင်ကုကို ဖက်ကာ ငိုမိသည်အထိ။ထယ်ယောင်းကိုလဲ ဖုန်းတောင် မဆက်ရက်။ သနားလွန်းလို့ ထယ်ယောင်းနဲ့ စကားပြောရင်း ငိုမိရင် ထယ်ယောင်း သိသွားမည်ဆိုးသောကြောင့်ဖြစ်သည်။

ထယ်ယောင်းကိစ္စ ဘယ်သူမှ မပြောပါနဲ့ဟု ဂျီဟွန်းကို အကိုဂျောင်ကုတို့ အတန်တန်ပြောထားပါရက် လျောက်ပြောပစ်တာမို့ ထယ်ယောင်း အခု အနိုင်ကျင့်ခံရပြန်သည်။ထယ်‌ယောင်းကို ဝမ်းနဲရအောင်လုပ်သော ဂျီဟွန်းကို အသေသတ်ပစ်ချင်မိသည်။

"ကဲပါ ထယ်ထယ်ရေ ...ငါတို့လာနေတာ တချိန်တောင် လွတ်သွားပီ အခန်းထဲပြန်သွားရအောင်နော်"

ဂျီမင်းက ထယ်ထယ်လက်ကိုဆွဲပီး သန့်စင်ခန်းထဲမှ အထွက် ပိတ်ရပ်နေသော ကင်ဂျီဟွန်း တဖြစ် ဂျွန်ဂျီဟွန်း....

"နေဦး ကင်ထယ်ယောင်း မင်းဒီလောက်ထိ ပြောနေတာ မင်းဘဝမင်းမသိသေးဘူးလား....မင်းက ဂျွန်ဂယ်ရီနဲ့ ဂျွန်မီရယ် ရဲ့ သားအရင်းမဟုတ်ဘူး...မင်းအမေအရင်းက ကင်ဟယ်ရာ.."

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now