Part-20

14.7K 1.4K 211
                                    

ဒီနေ့ ၂ပိုင်းတောင် Upပေးလိုက်တာမို့ Voteလေး ပေးစေချင်။
~~~~~~~~

"လာခဲ့စမ်း ~ လီယွန်းဆယ်"

ဂျီဟွန်းလဲ ယွန်းဆယ်လက်ကို စောင့်ဆွဲကာ ခြံထဲကို ခေါ်လာခဲ့သည်။ပြောထားပါတယ် ငါ့အမေကို စိတ်မဆင်းရဲစေနဲ့ဆိုတာ....

"နင့်ကိုငါဘာပြောထားလဲ...ငါ့အမေကို မထိစေနဲ့ဆိုတာ အမေ့မှာ နှလုံးရောဂါရှိတာမို့ နင့်ကို ပြောနေတာ"

"ငါ အဲတာတွေ မသိချင်ဘူး...အကိုဂျောင်ကု ကို ပိုင်ဆိုင်ချင်တယ်~ကင်ထယ်ယောင်းကိုမုန်းတယ်။နင်လဲ ထယ်ယောင်းကို မုန်းနေတာပဲလေ အခုမှ နင်ဘာ‌ဖြစ်နေတာလဲ? "

"မုန်းတယ်ဆိုရင်တောင် ငါငယ်ငယ်ကမစဉ်းစားမဆင်ခြင်တတ်ခဲ့လို့၊အခုလဲ မုန်းတာက သပ်သပ်ပဲ~ဒီလို အလုပ်မျိုးတော့ ငါမလုပ်ဘူး..ပီးတော့ ထယ်ယောင်းနဲ့အကိုဂျောင်ကုက နင်အခုလိုလုပ်လဲ ကွဲမှာမဟုတ်ဘူး"

"ဟားဟား ထင်လို့လား...ဂျီဟွန်း။စောင့်ကြည့်လိုက်လေ။နင်သိတယ်မဟုတ်လား?လီယွန်းဆယ်က လိုချင်တာကို မရရအောင်ယူတတ်တယ်လေ"

"နင့်ကို ငါ့သူငယ်ချင်းတ‌စ်ယောက်အနေနဲ့ နောက်ဆုံးပြောမယ် ငါ့မိသားစုကို မထိခိုက်စေနဲ့ ထိခိုက်လာရင် နင့်ကိုငါခွင့်လွှတ်မှာ မဟုတ်ဘူး"

ဟွန်း! သူခွင့်မလွှတ်တော့ ဘာလုပ်ရမှာလဲ။ယွန်းဆယ်ကို ပြောပီး အိမ်ထဲဝင်သွားသော ဂျီဟွန်းက
ပြောင်းလဲသွားခဲ့တာပဲ။အရင်ကတော့ ထယ်ယောင်းကို မုန်းလှပါချည်ရဲ့ ဆိုသူကလဲ အခုကျသူတော်ကောင်းလုပ်နေလိုက်တာ!

အခုအန်တီသိသွားပီဆိုတော့ ထယ်ယောင်းနှင့်အကို့ကို ခွဲမှာကျိမ်းသေပဲ။ပီးရင် အန်တီက
ယွန်းဆယ်နဲ့ လက်ထပ်ပေးမှာ ဆိုတော့ အားနာပါတယ် ကင်ထယ်ယောင်းရယ် .....

အခုတော့ အကိုဂျောင်ကုတို့ရောက်လာခါနီးပီမို့ အိမ်ပြန်ဝာာပေါ့...

~~~~~~~~~~

"မေမေ့ကို အသေသတ်နေကြတာလားဟင်!
မင်းတို့က ညီအကိုတွေမို့ မင်းတို့သံယောဇဉ်ကိုထောက်လို့ အတူတူနေမဲ့ ကိစ္စကို‌တောင် မေမေ ဘာမှ မပြောခဲ့တာ"

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now