Part-18 🚨

19.3K 1.3K 59
                                    

"ရပါတယ် မောင်လေးရယ်~ မမနားလည်ပါတယ်
မမလဲ လီဝူးကို သတ်ချင်လောက်အောင်ကို မုန်းနေပေမဲ့ မောင့်မျက်နှာရှိနေသေးတာမို့ နားလည်ပေးပါ ထယ်ယောင်းရယ်"

အိမ်ကနေ ပြောင်းပီး ကိုကိုနဲ့ သွားနေတော့မှာ မို့ မမကို ခွင့်တောင်းနေခြင်းဖြစ်သည်။

"မဟုတ်တာမမရယ် ကျွန်တော် အဆင်ပြေတာမို့ မမလဲ စိတ်မကောင်းမဖြစ်နဲ့တော့နော်"

"အမဆူဟွန်း~ထယ်ယောင်းကို စိတ်ချပါ ကျွန်တော် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးမှာပါ"

"ဂျောင်ကုကို အမယုံပါတယ်ကွယ်.. ထယ်ယောင်းလေးကို မင်းနဲ့ပဲ စိတ်ချတာပါ"

မမက သူတို့အကြောင်းကို သိနေခဲ့တာလား...

"တူမလေး...‌ဦးဦး ခနခနလာလည်မယ်နော် လိမ်လိမ်မာမာနေခဲ့ ကြားလား"

"ဟုတ်ကဲ့ဦးဦး"

"ဒါဆို..သွားတော့မယ်နော်မမ"

"အေးအေး..မကြာမကြာဖုန်းဆက်နော် မောင်လေး"

"ဟုတ်ကဲ့"

~~~~~~~~~

ဟားးးး ကင်ထယ်ယောင်း ရုပ်‌လေးလဲ လှသလို ကိုယ်လုံးလေးကလဲ စွဲမက်စရာကောင်းလိုက်တာ။
ပထမတော့ ရိုးရိုး video ရိုက်ထားပီး သူ‌ဆေးသုံးရန် ငွေလိုနေတာမို့ ခြိမ်းခြောက် ငွေတောင်းရုံပဲ။

အခုတလော သူ့အကိုဂျောင်ဝူးကလဲ ‌သူ‌ဆေးသုံးတာသိပီး ပိုက်ဆံအရင်လို မပေးတော့တာမို့ သူငွေလိုနေတာကြောင့် ကြံမိကြံရာကြံလိုက်တာ။

ဒါပေမဲ့ ကင်ထယ်ယောင်းကို ရိုက်နေရင်းနဲ့ ကြည့်နေမိတာ ရေချိုးနေတဲ့ ကိုယ်လုံးလေးကို တစစီ လုပ်ပစ်ချင်စိတ်တွေ တိုးပွားလာတာမို့ မိမိကာမဆန္ဒပိုးတွေ မထိန်းနိုင်ခဲ့။

ထယ်ယောင်း‌ ရေချိုးပီးချိန် အပြင်ထွက်လာတာနဲ့ သူတခုခုလုပ်ပစ်ဖို့တွေးထားပီးသား။
ထယ်ယောင်းဘေးမှာအမြဲတွေ့နေရတဲ့ ကောင်က လူစွမ်းကောင်းဝင်လုပ်သွားခဲ့လို့သာ သူစားရမဲ့ အမဲလွတ်သွားခဲ့တာ။

သူ့ကို မသေရုံတမယ်ထိုးသွားတဲ့ ကောင်ကိုလဲ
မကျေနပ်။ထယ်ယောင်းကိုလဲ မြည်းစမ်းကြည့်ချင်စိတ်ကရှိနေသေးသည်။

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now