Part-21(Final)

20.2K 1.4K 81
                                    

ယွန်းဆယ်ထွက်သွားသည်နှင့် ဂျီဟွန်းလဲ လိုက်သွားရန်ပြင်လိုက်သည်။ထယ်‌ယောင်း ဟုတ်မဟုတ် မသေချာတာမို့ အစည်းအဝေးလုပ်နေတဲ့အကိုဂျောင်ကုကို မပြောတော့ဘဲ ယွန်းဆယ်နောက်သာလိုက်လာခဲ့မိသည်။

ယွန်းဆယ်ကိုလဲ မတရားတဲ့ လုပ်ရပ်တွေမလုပ်စေချင်မိတာအမှန်ပါ။ဩစီရောက်ကထဲက ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းလေးမို့ ဘာမှ မဖြစ်စေချင်ပါ။

ယွန်းဆယ်နောက်ကို အနဲငယ် ခပ်လှမ်းလှမ်းကနေ ကားမောင်းကာ ဖြေးဖြေးချင်းသာလိုက်သွားခဲ့သည်။အိမ်တအိမ်ထဲဝင်သွားတာတွေ့တော့ ခနစောင့်ကြည့်နေမိသည်။

၅မိနစ်ခန့်ကြာတော့ ယွန်းဆယ်ပြန်ထွက်လာပီး နောက် ဂျီဟွန်းလဲ ထိုအိမ်ထဲသို့ ဝင်ကြည့်မိတော့သည်။

ထယ်ယောင်းက ကုတင်ပေါ်မှာ အချုပ်ခံထားရပီး အကျီကလဲ အဖြဲခံထားရသေးသည်။ လူတယောက်က ထယ်ယောင်းကို မတော်မတရား ကျင့်ရန်ကျန်နေခဲ့တာပဲ။ထယ်‌ယောင်းက သူ့အကိုရဲ့ အိမ်ထောင်ဖက်လေ။သူကယ်ရမှာပေါ့..

ထိုကောင်ကို ဆွဲထိုးနေမိပီးခါမှ ထယ်ယောင်းကို သတိရလို့ လှည့်အကြည့် သတိလစ်နေလေပီ။ထယ်ယောင်းရှိရာဆီ သွားပီးနောက် ကုတ်အကျီချွတ်ကာ အဝတ်မပါတော့တဲ့ ထယ်ယောင်းကို ခြုံပေးလိုက်မိသည်။

"ထယ်ယောင်း...သတိထားဦး...ကင်ထယ်ယောင်း"

ထယ်ယောင်းကသတိလုံးလုံး မရတော့တာမို့
ဆေးရုံကား ဖုန်းဆက်နေတုန်း ဟိုလူ ထွက်ပြေးသွားတာကို မတားလိုက်နိုင်။ထယ်‌ယောင်းကိုသာ အာရုံရနေတာမို့...

အကိုဂျောင်ကုရုံးကို ဖုန်းဆက်တော့ အခုထိ Meeting မပီးသေးဘူးဆိုလို့ အကျိုးအကြောင်းဝင်ပြောပေးရန် staffကောင်မလေးကို ပြောခိုင်းလိုက်သည်။မေမေတို့ထံလဲ ဖုန်းဆက်ရသေးသည်။

ဆေးရုံကားရောက်လာပီး ထယ်ယောင်းကို ဆေးရုံကို ခေါ်သွားတော့ သူလဲ လိုက်လာခဲ့ရသည်။

~~~~~~~~~

ဂျောင်ကု အစည်းအဝေးခန်းထဲမှာ လုပ်ငန်းရှင်များနှင့် အခြေအတင်စကားပြောနေတုန်း ဝန်ထမ်းကောင်မလေး ‌တယောက် ဝင်လာကာ ဂျောင်ကုနားကို တိုးတိုးကပ်ပြောလိုက်သည်က..

 Jeon Are Mine (Complete)-Uni+ZawGDonde viven las historias. Descúbrelo ahora