Part-16

15.2K 1.4K 106
                                    

"တော်သေးတာပေါ့ ထယ်ထယ်ရယ် မင်းနဲ့ပြန်တွေ့ရလို့ ....ငါအိမ်ထောင်မကျခင်လေး မင်းနဲ့ပျော်သွားချင်‌သေးတာ"

ဂျီမင်းက ထယ်ယောင်းတို့ တည်းခိုရာ အခန်းထိလိုက်လာပီး အလွမ်းသယ်နေသည်မို့ ဂျောင်ကုမှာ နှာကစ်နေရသည်။

ယောင်းရဲ့ကိုယ်လုံးသေးသေး လေးကို ဖက်အိပ်ချင်လှပီ မနက်ဖြန်ဆို ပြန်ရတော့မှာလေ ဒီလိုအခွင့်အရေးမျိုးက ဒီမှာပဲရတာမဟုတ်လား။ကိုယ်က နှာဘူး တယောက် မဟုတ်ပေမဲ့ ယောင်းကိုတော့ အလွန် စွဲလမ်းနေမိသည်။ယောင်းနဲ့ ထိတွေ့နေရတာ အရမ်းသဘောကျတာပဲ....

"မင်းက အိမ်ထောင်ပြုတော့မလို့လား"

"အာ....မပြုသေးပါဘူး"

အဲတာများ ကြီးကြီးကျယ်ကျယ်လျောက်ပြောနေသေးတယ်...

"ဒါပေမဲ့ Crush နေတာတော့ ရှိတယ်။သူကလဲ ဖွင့်ပြောထားတယ် ငါက မူနေတာ ဟီး"

"မင်းကလဲ မိန်းကလေးကတောင် ဖွင့်ပြောတာကို မူနေသေးတယ်"

"ယောက်ကျားကွ...ငါ့ဘဲကြီးက ယောက်ကျား"

"ဘာ...ဂျီမင်း မင်းလဲယောက်ကျားချင်းကြိုက်တတ်တာပဲလား"

"မဟုတ်ရပါဘူးကွာ...အဲ့ဘဲကြီးကိုပဲ ကြိုက်တာ"

"အဲတာဆိုလဲ တွဲကြည့်ပေါ့ကွာ..ဒါနဲ့သူက ဘယ်သူလဲ "

"PD.Sugaလေ... Min Yoongi သီချင်းရေးတာလေ ..သိလားသူ့ကို"

"ဟင့်အင်း...မသိဘူး"

"အေး...ကောင်းပါတယ်...ဒါနဲ့ မင်းကရော အကိုဂျောင်ကုနဲ့ တကုတင်ထဲအိပ်တာလား ငါလာအိပ်လို့ရမလား"

"ဟေ့ဟေ့...မရဘူးနော် ပတ်ဂျီမင်း...လုံးဝဘဲ"

"ဟာဗျာ...အကိုဂျောင်ကုကလဲ"

ဘယ်လိုတောင် အလိုက်မသိတဲ့ကလေးလဲ..အေးလေ သူက ကိုယ်တွေ ပတ်သက်မှုကို ရိုးရိုးသားသားပဲ ထင်နေတာဖြစ်မည်။

"ကိုကိုကလဲ သူတယောက်ထဲ ကြောက်လို့နေမှာပေါ့..ဟုတ်လား ဂျီမင်း"

အကိုဂျောင်ကု ရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းလိုက်တာ... ငယ်ငယ်က ဒေါသထွက်တုန်းကမျက်လုံးနဲ့မတူဘူး ဒါကတမျိုး ...
ထယ်ယောင်းကို သဝန်တိုတာ လွန်လွန်းသည် ညီအကိုတွေလဲ မဟုတ်ဘဲ အတူတူအိပ်ကြပီး သာမန်ထက် ပိုရင်းနှီးနေကြတာ သူတို့လဲ မရိုးလောက်ဘူး။
ဘာပဲဖြစ်ဖြစ် ဘီလူးမျက်စောင်းကိုကြောက်တယ်...နောက်မှ ထယ်ထယ်နဲ့ ၂ယောက်ထဲ တွေ့မှ မေးကြည့်ရမည်။ခုတော့ ပြန်တာပဲကောင်းတယ်.....

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now