Part-2

17.7K 1.6K 57
                                    

"သားကြီး....အိပ်တော့လေ ..ညီလေးကအိပ်နေပီပဲဟာ...မနက်မှ လာကြည့်တော့နော်"

ဝိုင်းစက်သော မျက်လုံးရွဲကြီးများဖြင့် ‌မီရယ်ကိုမော့ကြည့်ပီး...

"ဟုတ် မေမေ ယောင်းလေးနိုးရင် သားကိုအရင်လာနှိုးနော် "

"အေးပါ...သားကြီးရယ်..ညီလေး‌ကို တော်တော်ချစ်နေတယ်ပေါ့"

"ဟုတ်...ဟီးဟီး"

နှာခေါင်းလေးရှုံ့ကာရီတော့ ပေါ်ထွက်လာတဲ့ ယုန်သွားလေးများမှာ Kookie ရဲ့ လက်နက်။

~~~~~~~
ကင်ဟယ်ရာ တယောက် ဆေးရုံမှ ဆင်းပီး တပတ်ပြည့်ပီးသောအခါ ကင်ဂျီဟွန်းလေးကို လက်တဖက်ကချီ၍ ‌သမီးကြီးဖြစ်သူ ကင်ဆူဟွန်းအားလက်ဆွဲကာ ‌ ‌ဈေးရောင်းရန်ထွက်လာခဲ့သည်။

သူမ ဂျွန်အိမ်တော်ရှိရာဆီ မနေ့က စုံစမ်း၍ သွားချောင်းခဲ့သေးသည်။

ကားအကောင်းစားကြီးပေါ်မှ မိန်းမတယောက်က  ကလေးငယ်ကိုချီပီး ဆင်းလာကာ သူ့အမျိုးသားမှ ယုယုယယ တွဲခေါ်သွားသော မြင်ကွင်းကို မြင်လိုက်ရသည်။

ထိုအချိန် မိမိလက်ထဲမှ ကလေးငယ်ကို ငုံ့ကြည့်ပီး နောက်တကြိမ် တောင်းပန်မိပြန်သည်။

ခွင့်မလွှတ်ပါနဲ့ ကလေးရယ်။ငါ့သားလေးကို မိစုံဖစုံနဲ့ ချမ်းချမ်းသာသာ မြင်နေရတာ ငါကျေနပ်တာမို့ မင်းအပေါ် အတ္တဆက်ကြီးပါရစေ။ မင်းကိုလဲ ငါချမ်းချမ်းသာသာ မထားနိုင်ပေမဲ့ ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်။

ကံတရားကြီးက စီမံထားတာမို့ ဒီတိုင်းလေးပဲ အတ္တဆက်ကြီးခွင့်ပြုပါ။နောက်ဆုံးအကြိမ် အိမ်ကြီးအား တချက်ကြည့်ခါ သူမလှည့်ထွက်လာခဲ့သည်။

ရှေ့လျောက် လုံးဝ ‌‌မကြည့်တော့ဘူးမို့ မင်းဘဝနဲ့ မင်းကောင်းကောင်းနေရစ်ခဲ့တော့ သားရေ။

~~~~~~~~~

၃နှစ်ကြာပီးနောက်.....

"တိုတိုရေ....တိုတို ထတော့ ယောင်းလေး မွေးနေ့ လေ မေမေက ကစားကွင်း လိုက်ပို့မယ်တဲ့ ရေ့ရေ့"

"ဟင်..အင်း"

မျက်လုံးဖွင့်ကြည့်ပီးနောက် ပြန်အိပ်ပျော်သွားသော ကိုကိုရယ်ပါ။

 Jeon Are Mine (Complete)-Uni+ZawGحيث تعيش القصص. اكتشف الآن