Part-5

14.3K 1.4K 42
                                    

ဆေးရုံထဲတွင် အရေးပေါ် အချက်ပေးသံများဖြင့် ‌‌ဆူညံနေသည်။တွန်းလှည်း2ခုပေါ်တွင် သွေးသံတရဲရဲဖြင့် ငယ်ရွယ်သော ကလေး2ယောက်.....

ဂျောင်ကုလဲ ဂျီမင်းဖုန်းရရချင်း ငါးပြတိုက်‌ကနေ ပြေးလာတာ ဆရာမတောင် ခွင့်မတောင်းနိုင်။
ဂျီမင်းထံမှ ထယ်‌ထယ် ကားတိုက်ခံရတယ်
ဟူသည့် အသံသာကြီးစိုးလျက်.....

ဆေးရုံရောက်တော့ ကလေးငယ်က အရေးပေါ်ခန်းထဲမှာရောက်နေချေပီ။ဂျီဟွန်းဆိုတဲ့ကောင် သေရင်တောင် ခွင့်မလွှတ်နိုင်ဘူး။
ရန်ဖြစ်နေတုန်း ဘရိတ်ပေါက်နေသော ကားဝင်အလာ ထယ်ယောင်းကို ထပ်ပြေးထိုးဖို့လုပ်နေ စဥ် ကားက ၂ယောက်လုံးကို တိုက်မိသွားတာတဲ့....

ငါ့ညီ တခုခုဖြစ်လို့ကတော့ အရှင်မထားနိုင်ဘူး။မေမေနှင့်ဖေဖေလဲ ရေးကြီးသုတ်ပြာဝင်လာကြသည်။ မေမေ့ကြည့်ရတာလဲ ဆောက်တည်ရာ မရတဲ့ပုံ။ငိုကြီးချက်မှဖြင့်သာ။ဖေဖေ့လို မာတဲ့လူမျိုးတောင် မျက်လုံးတွေ နီနေသည်။တင်းခံထားပုံရသည်။

သူကရော.....ခုချိန်မှာ ယောင်းလေးသာ တခုခုဖြစ်သွားရင် သူ့ကိုသူ ခွင့်လွှတ်မည်မဟုတ်။ကလေးကို လွှတ်ထားမိတာ သူ့အမှား...သူလေ့လာရေး မလိုက်သွားသင့်တာ......

နောက်တော့ ဂျီဟွန်းရဲ့ အမေ လိုက်လာသည်။
မေမေနှင့်ဖေဖေကို အောက်ကျို့စွာ တောင်းပန်နေတာ ကြားရသည်။

~~~~~~~~~~

ကင်ဟယ်ရာ......သူမကို မွေးကထဲက ဒုက္ခပေးခဲ့တဲ့ ဂျွန်အိမ်တော်ကသား.... ကင် ဂျီဟွန်း။

ခုထိဒုက္ခပေးတုန်း ရန်လဲခနခနဖြစ်သည်။ပိုက်ဆံအရမ်း သုံးချင်ပီး အိမ်အလုပ်ကို ကူမလုပ်ချင်။အခုလဲ ရန်ဖြစ်ပီး ကားတိုက်လို့ ဆေးရုံရောက်နေတယ် ဖုန်းရရချင်း သူမ ခေါက်ဆွဲဆိုင်လေးကို သမီးကြီးနဲ့ပစ်ပီး လာခဲ့ရသည်။

ဆေးရုံရောက်တော့ ရန်ဖြစ်တာ ဂျွန်အိမ်တော်က သားတဲ့လား......

ကံကြမ္မာကြီးကို ရက်စက်လိုက်တာဟုသာ ဟစ်ကြွေးလိုက်ချင်တော့သည်။သူမရဲ့အမှားတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်ရသည်။

ဂျွန်မောင်နှံကို အမှန်တကယ်ပင်အားနာမိသည်။သူမသည်‌တောင်းပန်ဖို့တောင် မထိုက်တန်ပါ။သို့သော် ကင်ဂျီဟွန်းအတွက် တောင်းပန်ရမည်။သူမ မမွေးထားသော်ငြား သူမနို့ချိုကိုသာ တိုက်ကျွေး၍ မွေးလာရသော သားမို့ သူမချစ်ပါသည်။

 Jeon Are Mine (Complete)-Uni+ZawGTempat cerita menjadi hidup. Temukan sekarang