Part-9

14.1K 1.6K 102
                                    

ထယ်ယောင်း ‌ဂျွန်အိမ်တော်မှ ထွက်သွားရန် ဆုံးဖြတ်ပီးသည်နှင့် နင့်သီးစွာငိုမိသည်။ဖေဖေရယ်မေမေရယ် အတွက် စာ တစ်စောင်၊ကိုကို့အတွက်က စာတစ်စောင်ပေါ့......

"ယောင်းရေ ကိုကို ဝင်လာမယ်နော်"

အခန်းဝက ကိုကို့အသံကြားသည်နှင့် မျက်ရည်များကို လျင်မြန်စွာ သုတ်ကာ စာများကို ခေါင်းအုံးအောက် ထိုးထည့်လိုက်‌သည်။

"ဟုတ်...ဝင်ခဲ့လေ ကိုကို"

ကိုကိုက ယောင်းထိုင်နေတဲ့ စာရေးခုံ နဘေးက ကုတင်ပေါ်မှာပဲ ထိုင်လိုက်ပီးနောက် ယောင်းကိုကြည့်ကာ......

"ယောင်းလေး ငိုထားတာလား...မျက်လုံးတွေလဲနီလို့"

ဟုတ်ပါရဲ့ မျက်ရည်သုတ်ထားပေမဲ့ အငိုမျက်လုံးတွေကို ဘယ်လို ဖုံးနိုင်ပါ့မလဲ.....

"မဟုတ်ပါဘူး ယောင်းမျက်စိထဲ ဖုန်ဝင်ထားလို့"

"အိမ်ထဲမှာ ဘယ်ကဖုန်ရှိရမှာလဲ ညာမနေနဲ့ ကိုကို့ကို အမှန်အတိုင်းပြော....ဘာလို့ငို‌တာလဲ ဘာတွေများ ဝမ်းနည်းစရာတွေ ရှိနေတာလဲ ..."

"တကယ်ပါ ကိုကိုရဲ့ ‌ခုနက စာရေးခုံရှင်းတော့ ဖုန်တွေ ထွက်လာတာ အဲတာကြောင့်ပါ.."

ကိုကိုက မယုံသလို မျက်လုံးများဖြင့် ကြည့်ကာ ယောင်းထိုင်နေတဲ့ ထိုင်ခုံ ဆုံလည်ကို ကိုကို့ဘက်ကို ဆွဲလှည့်လိုက်ပီး မျက်နှာချင်းဆိုင်စေကာ....

"ယောင်း ဘာဖြစ်နေလဲဆိုတာ ကိုကိုက အူမချေးခါး က အစအကုန်သိတာ မမေ့နဲ့ ယောင်းတစုံတခုကြောင့် ဝမ်းနည်းနေရင် ကိုကို
ရှိတယ် ဆိုတာလဲ မမေ့နဲ့ ကိုကိုက ‌ဒီကမ္ဘာမှာ ယောင်းကို အချစ်ဆုံးမို့ ဝမ်းမနည်းနဲ့"

ကိုကို့စကားကြားရတာ လူကိုပိုလို့တောင် ဝမ်းနည်းစေသည်။ကျလာခါနီး မျက်ရည်များကို သိမ်းကာ ကိုကို့ကို ငြင်သာစွာ နှင်လွှတ်မိတော့သည်။

"အင်းပါ.... ကိုကို ‌ယောင်း အိပ်ချင်နေပီ မနက်ကျ ကျောင်းတက်ရဦးမှာ သွားတော့နော်"

"ဟုတ်ပါပီ အိပ်တော့နော်...ကိုကိုသွားတော့မယ်"

ထွက်သွားခါနီး ကိုကို့ကို လက်မှ ပြန်ထိုင်ချစေကာ.....

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now