Part-3

15.1K 1.5K 59
                                    

ယောင်းလေး ကျောင်းတက်တာ တပတ်ပြည့်ပီ ဖြစ်ပေမဲ့ ခုထိယောင်းလေးဘေးက ကင်ဂျီဟွန်း ဆိုတဲ့ သူငယ်ချင်းက စကားမပြောဘူး။ဆရာမ စာမေးရင်လဲ ဖြေချင်မှဖြေသည်။အရမ်းမာနကြီးလွန်းသည်။

တနေ့ ‌ယောင်းလေးက ကိုကို့ဆီ ထမင်းစားဖို့ကန်တင်းအသွား ဂျီဟွန်းကို လှေကားထောင့်လေးမှာ ထမင်းဘူးဖွင့်စားနေတာ တွေ့လို့ လှမ်းကြည့်အလိုက် ထမင်းဘူးထဲမှာ အရွက်ကြော်တမျိုးထဲနဲ့ ထမင်းကြမ်းကြမ်းများကို စားသောက်နေတာ တွေ့လိုက်ရသည်။

ယောင်းလေး နေထိုင်ရာပတ်ဝန်းကျင်တွင် အိမ်ရှိ အလုပ်သမားများပင် ထိုသို့စားတာ မတွေ့ခဲ့ဖူး‌တော့ အထူးအဆန်းဖြစ်လို့နေသည်။

ထိုနေ့က ကိုကို့ကို ပြောပြတော့ ကိုကိုက....

"ယောင်းလေးရယ် သူတို့က ယောင်းလေးလို မပြည့်စုံရှာဘူးလေ....အဲတော့ယောင်းလေးစားသလို ဘယ်စားနိုင်ပါ့မလဲ....သူ့ဘဝနဲ့သူ့ကံပေါ့...ကဲစားတော့ ကလေးလေး သူများအကြောင်းပဲ စိတ်ဝင်စားနေတယ် ...ပီးတော့ အဲ့ကလေးက ယောင်းလေးကိုတောင် စကားမပြောဘူးမလား....‌ထားလိုက်ကြားလား"

ပါးစပ်က ဟုတ်သာ ပြောလိုက်ရပေမဲ့ ယောင်းလေးကတော့ ဂျီဟွန်းကို သနားတာပဲသိသည်။

~~~~~~~~

"လုပ်ပါ မေမေရယ် ...နော်နော်...အဲ့သူငယ်ချင်းက သနားဖို့ကောင်းလွန်းလို့ပါ...သားကို ထမင်းဟင်းလျော့ထည့်ပေးလို့ရပါတယ်.. သူ့ကို ဂျီမင်းလိုပဲ ထမင်းတဘူးထည့်ပေးပါနော်..နော်"

"ဟုတ်ပါပီ သားငယ်ရယ် မေမေ အဒေါ်ကြီးကိုထည့်ခိုင်းလိုက်ပါ့မယ် ...မေမေ့ ကလေးလေးက စိတ်ထားကောင်းလိုက်တာ"

"ဟီး...."

ယောင်းရဲ့ လေးထောင့်အပြုံးလေးကြောင့် အိမ်တော်ထိန်း နှင့် အဒေါ်ကြီးပါ ချစ်လွန်းလို့ ပြုံးမိကြသည်အထိ.....

မေမေက ယောင်းရဲ့ ပါးဖောင်းဖောင်းလေးများကိုဖွဖွ‌ လေးဆွဲကာဖြင့်.....

"‌ပေါင်းတာလဲ ပေါင်း... လူကြည့်ပေါင်းနော် သား"

"ဟုတ်မေမေ သားက ဆရာကြီးပါဗျ"

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now