Part-8

14.5K 1.7K 121
                                    

ထယ်ယောင်း တယောက် ညက တညလုံး ငိုရင်း အိပ်ပျော်သွားတာမို့ ခေါင်းတွေပါကိုက်လို့နေသည်။ ကျောင်းကသွားရမှာမို့ ကုန်းရုန်းထကာ လန်းသွားအောင် ရေမိုးချိုးပီးနောက် ခါးပတ်တဲ့သဘက်လေးပတ်ကာ ရေချိုးခန်းထဲကထွက်အလာ.....

ခြေထောက်ကရေရယ်၊ကြမ်းပြင်မှာ မှောက်ကျနေတဲ့ Lotion တွေရယ် ရောပီး ချော်လဲလေတော့သည်။

"ဟင်..ယောင်းလေး"

ဂျောင်ကုတယောက် ယောင်းလေးကို ကျောင်းသွားဖို့ လာအနှိုး ရေချိုးခန်းထဲက သဘက်လေးပတ်လာပီး ထွက်လာတဲ့ကလေး ချော်လဲမလိုဖြစ်တော့မှာမို့ ဝင်ထိန်းလိုက်တာ လက်ချော်ပီး သဘက်စကို ဆွဲမိသွားသည်။

ဂျောင်ကုရဲ့ ခန္ဓာကိုယ်ထဲမှာ ထယ်ယောင်းသည် ဖင်ပြောင်လေးနှင့်....

"အား....."

လက်ဖဝါး သွယ်သွယ်လေး၂ဖက်ကို မျက်နှာအုပ်ကာ ရှက်ရှက်နှင့်အော်နေသော ထယ်ယောင်းရယ်ပါ။ဂျောင်ကုလဲ ရင်ဘတ်ဆီ ခေါင်းအတင်းတိုးပီး ခြေထောက်၂ချောင်းစုကာ အားရပါးရ အော်ငိုနေသော ကလေးကို ပွေ့ကာ ကုတင်ပေါ်သို့ တင်လိုက်ပီး အောက်ကျနေတဲ့ သဘက်လေး လွှားပေးလိုက်သည်။

"ဆောရီး...ယောင်းလေး..ကိုကို လောသွားလို့"

ဂျောင်ကုလဲ ဂုတ်ပိုးကိုအရှက်ပြေ ပွတ်ကာပြောနေပေမဲ့ ထယ်ယောင်းက ခုထိ မျက်နှာကို လက်ဖြင့်အုပ်ထားဆဲ.....

"ကိုကိုအောက်ဆင်းနှင့်မယ်နော် လိုက်လာခဲ့ ကျောင်းသွားရအောင် လာခေါ်တာ "

"......"

ပြောပီးသည်နှင့် သုတ်သုတ် သုတ်သုတ်နှင့်ထွက်သွားသောဂျောင်ကု.....

ဒီကောင်လေး အရှက်ကြီးလွန်းသည်။ယောက်ကျားလေးချင်းကို ရှက်စရာလား ပီးတော့ ငယ်ငယ်ကလဲ အဲ့‌ဖင်ပြောင်လေးကို ရိုက်နေကြလေ..
‌ဒါပေမဲ့ ငါလဲထူးဆန်းနေတာပဲ ယောင်းကို ငါကရော ဘာလို့ရှက်နေတာလဲ ?

ညီအကိုတွေ မဟုတ်လို့လား? ဟင့်အင်း ယောင်းက ငါ့ညီလေးပဲ တသက်လုံး ငါ့ကလေးလေးပဲ ......

~~~~~~~

ကိုကို့ကို ရှက်လို့ဘယ်လိုလုပ်ရပါ့မလဲ။
Lotionဘူးကဘာလို့မှောက်နေတာလဲ ကြည့်ရတာ ကြောင်မွှေသွားတာ ဖြစ်မည်။အဲတာထက် ကိုကိုက ငါ့ကို ဖင်ပြောင်ကြီးနဲ့ မြင်သွားတာ ...

 Jeon Are Mine (Complete)-Uni+ZawGTempat cerita menjadi hidup. Temukan sekarang