Part-4

14.5K 1.5K 89
                                    

ကိုယ်ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့် နေလာရတဲ့ ယောင်းလေးဟာ ကိုယ့်အတွက် ဒီလောကမှာ သံယောဇဉ်အရှိဆုံးလူသား။

ထိုလူသားကို အမှန်တကယ်ပင် အထိခိုက်မခံနိုင်ပါ။အများအမြင်မှာတော့ ညီလေးတယောက်ကို ညီမလဲမဟုတ်ပါဘဲ သဝန်တို သဲသဲလှုပ်နေတော့ ထူးဆန်းနေပါလိမ့်မည်။

အခုတလော အရွယ်ရောက်လာပီး လှပ‌တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသော ယောင်းလေးကို ရည်းစားထားမှာ နှမျောမိသည်။

ကိုကို အတ္တကြီးပါရစေ ယောင်းလေးရေ။မင်းကို ကိုကို့နားမှာပဲ ကလေးလေးလို အမြဲနေစေချင်တာ။

~~~~~~~~

"ယောင်းလေး...ထတော့လေ ဒီနေ့ကျောင်းပိတ်လို့ ယောင်းလေးပဲ ကစားကွင်းသွားချင်တယ်ဆို"

ခုထိ ကလေးစိတ်မကုန်ဘဲ ပိတ်ရက်တိုင်း ကစားကွင်း သွားချင်နေတဲ့ အဆိုးလေးကို နှိုးနေရသည်။

"ဟင်...အင်း..ထမယ် ...ထမယ် ...ခနလေး"

မျက်စိမပွင့်တပွင့်ဖြင့် အိပ်ချင်မူးတူးထပြောပီးနောက် ပြန်အိပ်သွားပြန်လေတော့ ဂျောင်ကုလဲ ကုတင်ပေါ်ကို တက်ခါ ယောင်းလေးကို နောက်ကနေ ခွပီး ဝင်ဖက်အိပ်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် မြုပ်နေသော ကိုယ်ငယ်လေးကိုကြည့်ရင်း အသည်းယားမိသည်။
ဒီကလေး အရပ်သာရှည်လာတာ ခန္ဒာကိုယ်ကျ ထွားမလာဘူးပဲ။

နောက်တော့ ဖက်ထားတာ အသက်ရှုကျပ်တယ်ထင်ပါရဲ့၊ တလှုပ်လှုပ်နဲ့ လုပ်ပီး......

"ဟာဗျာ...ကိုကိုရာ...ကျပ်တယ်..လွှတ်ဦး"

"လွှတ်ပါဘူး....ကိုကို့ညီလေးက ဖက်လို့ကောင်းတယ်"

ပြောလဲပြော ပိုလို့ပင် တင်းကျပ်စွာဖက်ထားလိုက်သည်။

"အား..နာတယ်လို့......

"ကိုကို...လွှတ်မှာလားမလွှတ်ဘူးလား...."

"No way...."

ထိုအချိန် လက်ကို ‌ငုံ့ကာ ကုန်းကိုက်လာသော အဆိုးလေး....

"အ...အား...ယောင်းလေး...လွှတ်..လွှတ်နာတယ်...ကိုကို မဖက်တော့ဘူး"

 Jeon Are Mine (Complete)-Uni+ZawGWhere stories live. Discover now