Ep2

14.6K 1.1K 16
                                    

"ခင်ဗျားက အရမ်းချစ်ဖို့ကောင်းတယ်"

ရိုင်းဧကရာဇ် အိပ်ပျော်နေတယ့်
ထိုလူအား
တစိမ့်စိမ့်ကြည့်နေမိသည်။

အိပ်ပျော်နေတာတောင်
အရမ်းချောနေသလိုပင်။
နီထွေးထွေးနှုတ်ခမ်းတစ်စုံ
ထင်ပေါ်နေတယ့် နှာခေါင်းနဲ့
မျက်တောင်ရှည်တွေ
မျက်ခုံးတွေကလည်း
မည်းနက်နေတာမဟုတ်ဘဲ အညိုရောင်ဘက်လေးကို သမ်းနေသည်။

ရိုင်းမသိလိုက်ခင်ပါဘဲ
ဖက်ထားတယ့် လက်တွေကို အသာလေး
ဖယ်လိုက်ကာ
အိပ်ပျော်နေတယ့် လူရဲ့ မျက်နှာကို
သူရဲ့ လက်ချောင်းရှည်တွေနဲ့
ထိတွေ့နေမိသည်။

*အာ ပါးလေးက အိနေတာ ပေါက်စီလေးလိုဘဲ ကိုက်ခြင်လိုက်တာ*

အိပ်ပျော်နေတယ့် ထိုသူကတော့
မျက်နှာကို ထိနေတယ့် လက်ကြောင့်
ယားလို့ထင်ပါရဲ့ တစ်ဖက်ကိုမျက်နှာလှည့်လိုက်တော့
အဲ့တော့မှ ပိုဆိုး ဖြူဖွေးနေတယ့်လည်တိုင်က နက်ပြာရောင် ညဝတ်အင်္ကျီလေးနဲ့ လိုက်ဖက်နေတယ်။

*ဂလု*

တဖြည်းဖြည်းနဲ့ ကိုယ်တိုင်ပင်မသိလိုက်ခင်
ရှေ့ကိုတဖြည်းဖြည်းတိုးမိသွားကာ
အပေါ်ကနေ အုပ်မိုးမိသွားပြီ
နှုတ်ခမ်းလေးကို စိုက်ကြည့်ကာ
ရှေ့တိုးသွားမိချိန်

"ဒေါက် ဒေါက် !!!
အကိုလွန်း
အကို အိပ်နေတုန်းလား "

ရုတ်တရက် ထွက်ပေါ်လာကာ
တံခါးခေါက်နေတယ့်သူကို ရိုင်းကျိန်ဆဲမိပါသည်။

အိပ်ပျော်နေတယ့် လူသားလေး နိုးသွားမှာကို သူမလိုချင်ဘူးမလား
ဒါပေမယ့် သူပြန်ဖြေရအောင်လည်း
အခုအနေနဲ့ သူ့ကိုယ်ပေါ်မှာ အဝတ်မရှိ
တစ်အိပ်ရာထဲ အိပ်နေသည့် ပုံစံကြောင့်
မကောင်းတယ့် စိတ်ရှိသူသာမြင်ရင်
ကိုကို အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့်
ငြိမ်နေလိုက်သည်။

ကိုကိုတယ့် အဟွန်း အခုမှ တွေ့ဖူးတယ့် ချစ်ဖို့ကောင်းတယ့် လူသားလေးကိုခေါ်လိုက်မိတာက ကိုကိုဆိုတယ့် နာမ်စားလေး

"ဟေ့ကောင့်ရာ အကိုလွန်း အိပ်ရင်လည်း အိပ်ပါစေ ညကနေမကောင်းဘူးထင်တယ် ထားလိုက် လာအလုပ်သွားမယ်"

Simple(Complete)Where stories live. Discover now