Ep4

10.3K 855 28
                                    

"ရိုင်းလေး စားရတာ အဆင်ပြေရဲ့လား"

"အွန်း ပြေတယ် ကိုကို
  အရမ်းစားကောင်းတာ "

စားကောင်းတယ် ဆိုပြီး
အားရပါးရစားပြနေပေမယ့် နဖူးကနေ ချွေးတွေ ကျနေတယ့် ရိုင်းဧကရာဇ်ကြောင့်
လွန်းသုထက်လည်း ကိုယ်တိုင်တောင်
ထမင်းဆက်မစားနိုင်ဘဲ
ရေသာ ငှဲ့ပေးနေမိသည်။

"ရိုင်းလေး အရမ်းစပ်ရင် မစားနဲ့တော့လေ
ဗိုက်အောင့်မယ်တော်တော့"

"ဟင့်အင်း စားကောင်းတယ် "

အတင်းဆက်စားနေတယ့်သူကြောင့်
ထမင်းပန်းကန်ကိုဆွဲယူလိုက်ကာ
မတ်တပ်ရပ်လိုက်ပြီး 

"တော်ပြီ မစားနဲ့တော့ ရိုင်း
ကိုယ်တစ်ခုခုလုပ်ပေးမယ်"

အလျင်အမြန်မတ်တပ်ရပ်ပြီး
မီးဖိုချောင်ကို ထသွားတယ့် 
ကိုကိုကြောင့် ရိုင်းလည်း စိတ်ဆိုးသွားပြီလို့ ထင်လိုက်သည်။

*စပ်ပေမယ့် ကိုကိုချက်တာ စားချင်တာကို သွန်ပစ်ရင် နှမြောစရာကြီး*

ရိုင်းလည်း ကိုကို စကားမပြောတော့ဘဲ
ထသွားတာကြောင့် စိတ်ဆိုးသွားပြီထင်ကာ နောက်ကနေ လိုက်လာတော့

ထမင်းပန်းကန် အသစ်ပြင်ကာ
ငါးဖယ်လေးတွေပါ ညှပ်ထည့်ပြီး
ထမင်းဆုပ်လုပ်ပေးနေတယ့်
ကိုကိုကြောင့် အရမ်းပျော်သွားရသည်။
ပြီးတော့ မနေနိုင်စွာဘဲ ကိုကို့နားကို
သွားလိုက်ကာ နောက်ကနေခါးကို
ဖက်မိသွားသည်။

"ရိုင်းလေး ဘာ..ဘာဖြစ်လို့လဲ "

"ဟင့်အင်း ကိုကို့ကို ကြည့်ရင်း
ကျွန်တော် ဖက်ချင်လာလို့"

"ဟိုလေ နည်းနည်းလောက်ဖယ်ပေးပါလား"

"ကျွန်တော်ဒီလိုဖက်ထားတာ ကိုကို့ကို
နေရခက်စေမိလို့လား"

ရုတ်တရက် မနက်ကလိုမျိုး ထပ်၍ မျက်နှာငယ်ကာ ပြောနေတယ့်သူကြောင့်
လူက ပြာပြာသလဲ 

တကယ်ပါလေ ဒီကောင်လေးနဲ့တွေ့ရင်
အရာရာ အလျော့ပေးခြင်လာတယ်
နေရခက်လားတယ့် လုပ်နေပုံကို မကြည့်ဘူး သူ့နှုတ်ခမ်းက ဂုတ်ကိုလာနမ်းတော့မယ်၊

Simple(Complete)Where stories live. Discover now