Ep31

6.2K 464 17
                                    

အဆိုးလေး ကိုယ့်ကို ရှင်းပြခွင့်ပေးပါ။

လွန်းသုထက် လည်တိုင်ကို ကပ်ကာ
နမ်းရှိုက်နေတယ့်မောင်ရယ့် လက်ကိုအပေါ်ကနေ အသာအုပ်ကိုငိရင်း

"မောင် ကိုယ်ရှင်းပြ"

"ဟင့်အင်း မလိုဘူး ကိုကိုမောင့်အနားရှိရင် လုံလောက်ပြီ"

မျက်လုံးတွေတောင်ရဲနေတယ့်မောင်က ဘာမှမဖြစ်တာတယ့်လား

လွန်းမောင်ပေါ်ကို တစ်ဖန်ပြန်အုပ်မိုးလိုက်ကာ
အဆိုးလေးရယ့် ဆံပင်လေးတွေကို ထိုးဖွကာ

"မောင် ကိုယ့်ကိုကြည့်
မောင် စိတ်ထဲဘာဖြစ်လည်း ကိုယ်ကိုပြော
မောင်ဖုံးကွယ်ထားစရာမလိုဘူး
မောင်သာ တစ်ခုခုကိုမေးမယ်ဆို
ကိုယ် ကိုယ်အကုန်ဖြေပါ့မယ်"

တကယ်လို့ မောင်သာမေးလို့
ကိုကိုအဖြေက မောင်မကြားချင်တာမျိုးဆိုရင်ရော
ဟငိ့အင်း အဲ့ဒါဆို မောင်ထိန်းနိုင်မှာမဟုတ်ဘူး

ရိုင်းအုပ်မိုးခံထားရာကနေ လှမ်းနမ်းကာ
ငုတ်တုပ်ထိုင်လိုက်တော့ ကိုကိုက ဖက်တွယ်ထားသလိုဖြစ်သွားသည်။

"မောင့်နှလုံးသားရယ် မောင်ဘာမှမဖြစ်ပါဘူး လာဒီနေ့ ပိတ်ရက်
အတူတူ နားလို့ရပြီ"

လွန်း မောင်ပြောတော့မှ သတိရသည်။
ဒီနေ့က ပိတ်ရက်တယ့်လား
ဘယ်လိုလုပ်မလဲ ချိန်းထားတာလဲ ရှိတယ်
မောင်တော့ စိတ်ဆိုးတော့မှာဘဲ

ခုလောလောဆယ်တော့ လွန်းဘာမှမပြောကာ

မျက်နှာသစ်သွားတိုက်လုပ်ပြီး မနက်စာပြင်ရန်သာ လုပ်လိုက်သည်၊
မောင်က အလုပ်သမားခေါ်ပေးမယ်ဆိုပေမယ့်
သူက ကိုယ်တိုင်ချက်ပေးခြင်တယ်ဆိုတာကြောင့်
မောင်လည်း ကြာတော့ မတားတော့

မနက်စာပြင်ပြီးလို့ နွားနို့ကြိုနေတယ့် အချိန် နောက်ကနေ ဖက်ထားကာ မေးလေးတင်ပြီး ချွဲနေတယ့်မောင်ပါလေ။

"မောင် အပူလောင်မယ်ကွာ သွား ထိုင်ခုံမှာ ထိုင်နေ"

"ဟင့်အင်း ကိုကို့နားကပ်နေခြင်နေတာ "

လွန်း ပုခုံးပေါ်မှာ ချွဲနေတယ့် မောင်မျက်နှာလေးကို ရွှတ်စ်ခနဲမြည်အောင် နမ်းလိုက်သည်။
မောင်ကတော့ သူအသည်းယားလို့ တစ်ချက်နမ်းတိုင်းပြန်နမ်းပါသည်လေ။

Simple(Complete)Where stories live. Discover now