ဆောင်းရာသီအကုန် အနည်းငယ်သာ အေးတော့သည့် မနက်ပိုင်းလေး
ကျရောက်လာတယ့် နေရောင်ချည်နွေးနွေးလေးက ကုတင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတယ့် ကောင်လေးနှစ်ဦး၏
မျက်နှာပေါ်သို့ ကျရောက်နေသည်။လွန်းသုထက် စိတ်လှုပ်ရှားစွာနဲ့ နောက်ကျမှ အိပ်ပျော်ခဲ့ပေမယ့်
မနက်ကို အစောကြီးနိုးလာခဲ့သည်။ကုတင်မှထကာ ပြတင်းပေါက်လေးကို သွားကြည့်တော့ တေးသံသာနေတယ့် ငှက်ကလေးတွေကို မှန်ပြတင်းပေါက်အပြင်ကနေ မြင်နေရသည်။
မြင်ကွငိးလေးကို စိတ်လိုလက်ရပြုံးလိုက်ရင်း
အိပ်ပျော်နေတယ့် မောင့်ကို မနိုးဘဲ
သူဗီရိုထဲမှာ ဖွကိထားတယ့် အံဝှက်လေးထဲက သေတ္တာလေးနှစ်ခုကိုထုတ်ရင်း
တစိခုကို မောင်အိပ်နေတယ့်ဘေးနားထားကာ
နောက်တစ်ခုကို သူပိုက်ကာ အောက်ထပ်ဆီသို့မောင်ရယ့် အခန်းတံခါးကို ပိတ်လိုက်ကာ
အောက်ဆင်းလာတော့ ရင်ထဲဖြစ်ပေါ်နေတယ့် ခံစားချက်က ထူးခြားစွာ
ပျော်တယ် ပျော်လွန်းလို့ ငိုချင်နေသလိုပင်ဒီနေ့ကျမှ ခြေလှမ်းတွေက ပေါ့ပါးနေသလို
အောက်ထပ်ကိုဆင်းလာတာနဲ့ ဧည့်ခန်းမှာ စောင့်နေကျတယ့် မောင့်သူငယ်ချင်းတွေနဲ့
ငယ်လေးထိုင်ခုံကနေထကာ အပြေးလာဖက်တယ့် ငယ်လေးက
မျက်ရည်လေးဝိုငိးကာ
"ငယ်လေးရယ် မငိုပါနဲ့ကွာ "
"ပျော်လည်းပျော်တယ် ဝမ်းလည်းနည်းတယ် အင့် ဘယ်လိုကြီးလဲ မသိဘူး ငိုချင်နေတာကို"
ငိုမဲ့မဲ့ဖြစ်နေတယ့် ငယ်လေးရယ့် နှာခေါင်းလေးကို ခပ်ဖွဖွဆွဲလိုက်တယ့်
လွန်းရယ့် မျက်နှာမှာလည်း
မျက်ရည်လေးတွေ ဝဲလျက်ပေါ့
အသည်းမာခြင်ယောင်ဆောင်နေတယ့်
သစ်ကလည်း မျက်ရည်ဝဲလျက်
သွေးကတော့"ကျွန်တော့သူငယ်ချင်းကို သည်းခံပေးပါနော် သူက သူကအင့်
သနားဖို့ကောင်းပါတယ် "
YOU ARE READING
Simple(Complete)
Romanceရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ်ဦး