Ep38

5.7K 429 8
                                    

မနက်ခင်းနေရောင်ခြည်နွေးနွေးကို ခံစားမိပေမယ့် လူကအိပ်ယာက မထချင်သေး ညက အိပ်ယာဝင်တာ နောက်ကျတာမလို့ ဆက်၍သာ အိပ်နေသည်။

ထိုအချိန် အရင်နိုးနေတယ့် သုလေးကတော့
သူ့မမနဲ့ကိုကို ကိုလက်ကလေးလှုပ်ကာ တိုးတိုးလေး သွားနိုးနေသည်။

"ကိုကိုရေ ကိုကို "

အွန်း အဲနဲ့ နိုးလာတယ့် ထက်ရှားပိစိလေးကလည်း မျက်လုံးလေး ပုတ်ခက်ခက်နဲ့

"အဟိ ဒီနေ့ ပါပါးနဲ့ ဒယ်ဒယ်လာအိပ်ကြတယ် တွေ့လား ကိုကို"

သုလေးလက်ညိုးထိုးပြတယ့် အိပ်ပျော်နေတယ့် ပါးပါး
ဒါဆိုနောက်ကဖက်ထားတာ ဒယ်ဒယ်ဘဲ
သူတို့ နှစ်ယောက် ကုတင်ပေါ်မှာ ငိုက်နေသေးကာ ထိုင်နေတော့ အလယ်က
လွန်းလေးကပါ နိုးလာရင်း

"ဝှားးး ပါပါးတို့က အိပ်နေကြတယ် အိပ်ပုတ်တွေ မီးမီးတောင် ထပြီနော်"

"ဟုတ်တယ် မမ သားသားတောင် နိုးနေပြီကို"

ဆူပုတ်ပုတ်လေးတွေဖြစ်နေတယ့် လွန်းလေးနဲ့ သုလေးကြောင့် ထက်ရှားလည်း လေးဘက်ထောက်လေးနဲ့ ဒယ်ဒယ်ခါးပေါ်ကို တက်ခွထားလိုက်ကာ

"ဘွား ဘွား ဒယ်ဒယ်ထတော့လေ ဒယ်ဒယ်"

ထိုအခါမှ သုလေးကလည်း ပါပါးပေါ်တက်ဖိကာ နိုးနေသည်။
လွန်းလေးကတော့ ဆံပင်ဂုတ်ဝဲလေးနဲ့ ငိုက်နေပြန်သည်။

လွန်းသုထက် အိပ်နေတုန်း အသံကြားရာကနေ လှုပ်စိလှုပ်စိနဲ့ ကိုယ်ပေါ်က အကောင်လေးကြောင့်
မောင်ဘဲ ထင်ကာ ပြန်ဖက်ရင်း
ပါးလေးကိုပါ နမ်းလိုက်ကာ

"အ့န်း ၅မိနစ် မောင်"

ထိုအသံကို ကြားတယ့် သုလေးကတော့ ဆူပုတ်ပုတ်နဲ့ ပါပါးရယ့် ရင်ဘက်ကလေးကို လက်နဲ့ပုတ်လိုက်ကာ

"အင့် သားသား ဒယ်ဒယ်ဟုတ်ဘူးလို့ဆို"

သုလေးရယ့် အသံပိစိလေးကြောင့် လွန်း မျက်စိမဖွင့်ဘဲ အိပ်ချင်ယောင်ဆောင်နေတော့

ရင်ခွင်ထဲကို အတင်းတိုးဝင်လာတယ့် ဝက်ပေါက်လေး

သုလေးရယ့် ဆံပင်လေးတွေကို နမ်းလိုက်ကာ

Simple(Complete)Where stories live. Discover now